TS အဖွဲ့ ရပ်နားတော့မယ်
တောင်ကိုရီးယားက ကမ္ဘာကျော် လူငယ် ကေ-ပေါ့ပ်အဖွဲ့ BTS ဟာ အဖွဲ့လိုက် ဖြေဖျော်မှုတွေကို အချိန်အကန့်အသတ်မရှိ ရပ်နားတော့မယ်လို့ ကြေညာခဲ့ပါတယ်။
သူတို့တစ်ဦးချင်းစီ သီးသန့် ဂီတလမ်းကို ဆက်လျှောက်ကြဦးမယ်လို့ ဆိုပါတယ်။




BTS ဟာ ကေ-ပေါ့ပ်သမိုင်းမှာ အအောင်မြင်ဆုံးအဖွဲ့ဖြစ်ခဲ့ပြီး အိမ်ဖြူတော်မှာ အမေရိကန်သမ္မတနဲ့တွေ့တာ၊
ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ စကားပြောခဲ့တာမျိုး အသိအမှတ်ပြုခံရတဲ့ ဂီတအဖွဲ့လည်း ဖြစ်ပါတယ်။
BTS ARMY လို့ခေါ်တဲ့ သူတို့ရဲ့ အခိုင်အမာပရိသတ်တွေ သန်းပေါင်းများစွာ ရှိနေပြီး မြန်မာမှာလည်း လူငယ်ပရိသတ်အခိုင်အမာရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။
BTS အဖွဲ့ နားတော့မယ်ဆိုတဲ့အပေါ် ကိုယ့်ရဲ့သဘောထားမှတ်ချက်လေးတွေလည်း မျှဝေပေးပါဦး၊




BTS ထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ၊ ဘယ်သီချင်းကို အစွဲမက်ဆုံးဖြစ်ခဲ့လဲ၊ တစ်ဦးချင်းစီ အယ်လ်ဘမ်ထုတ်ကြ၊
ဖျော်ဖြေကြရင်ရော အောင်မြင်နိုင်မလား၊ အဖွဲ့ဝင်အားလုံး စုံညီမဟုတ်တောင် တချို့နဲ့ အဖွဲ့လိုက်ဖျော်ဖြေတာတွေ၊ သီးခြားအဖွဲ့ထောင်တာမျိုးတွေရော တွေ့ချင်သလား၊ ပြောပြကြပါဦး။
credit#BBC
unicode
BTS အဖှဲ့ ရပျနားတော့မယျ








credit#BBC