သူ့နာမည်က တိုက်ချီဒို တဲ့

News

သူ့နာမည်က တိုက်ချီဒို တဲ့

ဟိုးးးးးအရင် သူ့အကြောင်းကို သေချာမသိခင်တုန်းက ဒီခွေးက ဘာလဲကွာဆိုပြီး တော်တော် အမြင်ကပ်ခဲ့တာ

ဒေါ်အောင်ဆန်းစုကြည် ကလည်း သွားလေရာအမြဲခေါ်တယ် ( အလုပ်ကိစ္စနှင့်သွားရတဲ့ နေရာများမှာတော့ မခေါ်ပါဘူး ) ။

အန်တီစု လွှတ်တော်တတ်ဖို့ နေပြည်တော် ကိုသွားရင် သူအမြဲပါတတ်တယ် ။

အန်တီ ပြည်ပခရီးရက်ရှည်ထွက်ပြီးလို့ အိမ်ပြန်ရောက်ပြီဆိုရင် အန်တီ့အနားကနေ တဖဝါးမှ မခွာတော့ဘူး ။

ညရောက်ရင် အန်တီ့ခြေထောက်ကို ဖတ်ပြီးအိပ်တယ် လို့ အန်တီကတော့ ပြောဖူးတယ် ။

အန်တီက ဆတ်ပြောသေးတယ် ” ကျမထင်တယ် သူ့က ဒီခြေထောက်တွေကိုဖတ်ထားတာဟာ သူ့ကိုဒီခြေထောက်တွေက ဘဲ သူ့ကို ထားထားသွားတတ်လွန်းလို့ ကျမကို ဘယ်မှ သွားမရအောင် ဖတ်ထားတာလို့ ထင်တယ် ” လို့ ဆောင်းပါထဲ မှာ ရေးဖူးတယ် ။

နောက်တခါ အန်တီ ထမင်းစားနေပြီဆိုရင် ရစ်သီရစ်သီ လာလုပ်ပြန်ပြီ … အဲ့ဒီအချိန်ကျရင် အန်တီက ထမင်းစားတာ ခဏရပ်ပြီး သူ့ကို ထမင်းကျွေးဖို့ လုပ်ရပြန်ပြီ
အန်တီ့ခမျာ ထမင်းကိုကောင်းကောင်းမစားရရှာပါဘူး …. ။

ဘာကြောင့်အန်တီက ဒီခွေးလေးကို ခုလို ဂရုစိုက်နေရတာတုန်း ဆိုတာသိလိုက်ရတော့ တိုက်ချီဒိုကို အမြင်ကပ်တတ်တဲ့စိတ်တွေ လုံးဝမရှိတော့တဲ့ အပြင် ချစ်ပါချစ်သွာမိတော့တယ် ။

တိုက်ချီဒိုဆိုတာ အန်တီ့ရဲ့ သားအငယ်လေးက မြန်မာပြည်ကို အလည်ခဏလာပြီး နိုင်ငံခြားကို ပြန်ရတော့မယ့် အချိန်မှာ သူ့အမေ နားမှာ သက်တော်စောင့်ထားခဲ့မယ်ဆိုပြီး လသားအရွယ်ဘဲရှိသေးတဲ့ ဒီခွေးလေးတိုက်ချီဒိုကို ဝယ်လာပြီး သူ့အမေ ကို လက်ဆောင်ပေးခဲတာတဲ့။

ဒီလိုသိလိုက်ရတော့ မှ အားလုံးကို သဘောပေါက်နားလည်သွားတော့တယ်

ဒေါ်စု တယောက်ဘယ်လိုခံစားချတ်နဲ့ တိုက်ချီဒိုလေးကို ဆတ်ဆံနေတာလဲဆိုတာ တွေးရင်း တွေးရင်းနဲ့ စိတ်မကောင်ဘူးဗျာ …….. ။

Credit & Shwe Man Thu

Unicode

တိုက်ချီဒို (Taichito)

NLD Stiker ကပ် အလှပြကားတွေကို အန်တီက လမ်းမထွက်ပြီး ကြည့်ရှုအားပေး နှုတ်ဆက်ခဲ့ပါတယ်။ အန်တီနဲ့အတူ သူ့ရဲ့အချစ်တော်လေး တိုက်ချီဒိုကပါ ဘေးကနေ နှုတ်ဆက်နေတဲ့ ချစ်စရာပုံလေးတွေ၊ Video တွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီး လူအများ သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒါကြောင့် တိုက်ချီဒိုလေးနဲ့ ပတ်သက်ပြီး သိသလောက်ကို မျှဝေချင်ပါတယ်။

၂၀၁၀ နိုဝင်ဘာလောက်က အန်တီ့ရဲ့ သားငယ် ကိုထိန်လင်း(Kim) မြန်မာပြည်ကို ခဏအလည်လာတဲ့အချိန်မှာ လသားအရွယ်သာရှိတဲ့ တိုက်ချီဒိုကို ဝယ်လာပြီး အန်တီ့ကို လက်ဆောင်ပေးခဲ့တာပါ။ သူ မရှိတဲ့အချိန် သူ့အစား သူ့အမေကို စောင့်ရှောက်ဖို့ မှာခဲ့တယ်လို့လည်း သိရပါတယ်။

အလုပ်ကိစ္စနဲ့သွားရတဲ့ နေရာမျိုးကလွဲရင် အန်တီ သွားလေရာအမြဲ ပါ,ပါတယ်။ အစိုးရမဖြစ်ခင် အန်တီ လွှတ်တော်အမတ်အနေနဲ့ လွှတ်တော်တတ်ဖို့ နေပြည်တော်သွားရင်လည်း သူအမြဲ ပါတတ်ပါတယ်။

ပုဂံဘက်ကို အပန်းဖြေခရီးထွက်ကြတော့လည်း အန်တီရယ်၊ Kim ရယ်၊ တိုက်ချီဒိုကိုပါ ခေါ်သွားခဲ့ပါတယ်။ မိသားစုအပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူးလို့ အပန်းဖြေနားရက်များ ဆောင်းပါးမှာ အန်တီ ရေးခဲ့ပါတယ်။

အန်တီ ပြည်ပခရီးရှည်ထွက်ပြီးလို့ ပြန်လာပြီဆို အန်တီနားက တစ်ဖဝါးမှ မခွါတော့ဘူး။ ညရောက်ရင် အန်တီခြေထောက်ကိုဖတ်ပြီးအိပ်တယ်လို့ အန်တီ ပြောဖူးပါတယ်။ “ကျမထင်တယ် သူက ဒီခြေထောက်တွေကို ဖက်ထားတာဟာ ဒီခြေထောက်တွေကပဲ သူ့ကို ထားထားသွားလွန်းလို့ ကျမ ဘယ်မှ သွားမရအောင် ဖတ်ထားတာထင်တယ်” လို့ ဆောင်ပါးတစ်ပုဒ်မှာလည်း အန်တီ ရေးဖူးပါတယ်။

ဂျပန်လို ခွေးကို inu (အီနု) လို့ ခေါ်ပါတယ်။ တချို့ကတော့ တိုက်ချီဒို (Taichito) ဆိုတာ မြန်မာလို “သားကြီး ဩရသ” လို့ အဓိပ္ပာယ်ပြန်ပြီး အန်တီဟာ သူ့သားကြီး ကိုမြင့်ဆန်းအောင် (Alexander)ကို အလွမ်းဖြေတဲ့သဘောနဲ့ ဂျပန်ခွေးလေး တိုက်ချီဒို (Taichito)လို့ အမည် ပေးခဲ့ပုံရတယ်လို့ ထင်ကြပါတယ်။ တိုက်ချီဒို(Taichito)ဟာ Retriever မျိုးလေးပါ။ Beef နဲ့ Chopped Lettuce ကို သူအရမ်းကြိုက်တယ်လို့ သိရပါတယ်။

ကျမရဲ့ အိမ်ထောင်စုစာရင်းမှာ ကျမ တစ်ယောက်တည်း ရှိပါတယ်ဆိုတဲ့ အန်တီ့အတွက်တော့ တိုက်ချီဒိုဟာ တစ်ဦးတည်းသော အတူနေမိသားစုဝင်လေးပါ။

အန်တီ့ရဲ့ အထီးကျန်အချိန်တွေအတွက် တစ်ဦးတည်းသော အဖော်မွန်ပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခု ရွှေ့ပြောင်းလိုက်တဲ့ ထောင်မှာ သူနဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်သူတွေ အတူလိုက်ပါခွင့်မရဘူးလို့နားလည်ရပြီး ဒေါ်အောင်ဆန်းစုကြည် မွေးမြူထားတဲ့ ထိုက်ချီဒိုကိုတော့ ထောင်ထဲကိုမခေါ်ချင်တဲ့အတွက် အပြင်မှာပဲထားဖို့ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Crd

Leave a Reply

Your email address will not be published.