သူတို့လေးတွေ ကျဆုံးတာ တဆက်ဆက်နာတယ် နာလို့ဆက်တော်လှန်နေမယ်

News

သူတို့လေးတွေ ကျဆုံးတာ တဆက်ဆက်နာတယ် နာလို့ဆက်တော်လှန်နေမယ်

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ အခုချိန်ထိအားပေး နှစ်သက်နေတဲ့ ပရိသတ်တွေ အများကြီးပါပဲ။အဆိုတော် မူးလာ ကတော့ လက်ရှိမှာ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပါ။

မူးလာ ဟာ အမြဲတမ်းလိုလို ပြည်သူတွေ သွေးမအေးသွားကြစေဖို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။သွေးမအေးဖို့ သတိပေးနေတဲ့အပြင် ချစ်တဲ့ပြည်သူတွေကို ကျန်းမာရေးဂရုစိုက်ဖို့ အမြဲတမ်းသတိပေးနေတာလဲ ဖြစ်ပါတယ်။

” တွန်းတိုက်ဖို့ တွန်းတိုက်ဖို့ ရသည့်နည်းဖြင့် တော်လှန်မည် အားမလျော့ကြနဲ့ ဆက်လက်ရင်ဆိုင်ကြရမယ်ပွဲ ဘာပွဲလဲ ပွဲ မဟုတ်တဲ့ ပွဲပဲတော်လှန်ရေးပွဲနာတယ် တဆက်ဆက်နာတယ် နာလို့ဆက်တော်လှန်နေမယ်

လာ ဒီပွဲ တော်လှန်ရေးအငွေ့အသက်တွေကိုထင်ဟပ်စေမယ့်ပွဲလာ တွေဝေမနေနဲ့ အသစ်အသစ်နဲ့ ဖျော်ဖြေပေးရင်း မိမိနိုင်ငံကို ပြန်လည်အလှဆင်မယ်…..လာခဲ့…..စောင့်နေတယ်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ အဆိုတော် မူးလာ အတွက် အားပေးစကားလေးတွေ ကောမန့်မှတစ်ဆင့်ပြောပေးခဲ့အုန်းနော်။

Credit

သူတို့လေးတွေ ကျဆုံးတာ တဆက်ဆက်နာတယ် နာလို့ဆက်တော်လှန်နေမယ်






Credit

Leave a Reply

Your email address will not be published.