ရဲဘော်တစ်ဦးလျှင် ၇၇၀၀ ကျပ်နှုန်းဖြင့် အယောက် ၄၀၀၀ အတွက် ငှက်ဖျားရောဂါကာကွယ်ရေး ကမ်ပိန်း

News

ေတာ္လွန္ေရးရဲေဘာ္တစ္ဦးလွ်င္ ၇၇၀၀ က်ပ္ႏႈန္းျဖင့္ အေယာက္ ၄၀၀၀ အတြက္ ငွက္ဖ်ားေရာဂါကာကြယ္ေရးကမ္ပိန္းစတင္

လြတ္ေျမာက္နယ္ေျမမ်ားတြင္တိုက္ပြဲဝင္ ေန သည့္ ေတာ္လွန္ေရးရဲေဘာ္ အေယာက္ ၄၀၀၀ အတြက္ ငွက္ဖ်ားေရာဂါကာကြယ္ေရးကမ္ပိန္းကို ဇြန္လတတိယပတ္အတြင္းကစတင္လိုက္ ေၾကာင္း CDM Medical Network က ျပန္ ၾကားေရးတာဝန္ခံက လူငယ့္ေခတ္သို႔ေျပာသည္။

“ကြၽန္ေတာ္တို႔ ရဲေဘာ္ေတြဟာ အရင္ကၿမိဳ႕ေပၚေတြမွာေနၾကတဲ့သူေတြျဖစ္တယ္။ သူတို႔ေတြက ေတာ္လွန္ေရးကာလမွာ ဒီေတာထဲကိုေရာက္လာၾကတယ္။ ၿမိဳ႕ေပၚ ကလူေတြက ဒီငွက္ဖ်ားနဲ႔ပတ္သက္ၿပီး ေတာေတြ၊ ေတာင္ေတြထဲမွာေနထိုင္ၾကတဲ့လူေတြလိုခုခံအားကလည္း မရွိေတာ့ ျဖစ္လာရင္ပိုၿပီးဆိုးႏိုင္တယ္”ဟု ၎ကဆိုသည္။

လက္ရွိ လြတ္ေျမာက္နယ္ေျမမ်ားတြင္ ငွက္ဖ်ားေၾကာင့္ ဖ်ားနာေနၾကသူမ်ားရွိၿပီး လြန္ခဲ့သည့္တစ္လခန႔္က စတင္ကာ ငွက္ဖ်ားေရာဂါျဖစ္ပြားလာၾကျခင္းေၾကာင့္ အခ်ိန္မွီစစ္ေဆးရန္၊ ကုသႏိုင္ရန္အတြက္ “ငွက္ဖ်ားေၾကာင့္ေတာ့ အရႈံးမေပးနဲ႔”ကမ္ပိန္းကို ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

“ေႏြဦးေတာ္လွန္ေရးမွာ ရဲေဘာ္ေတြအတြက္ စစ္ေကာင္စီရဲ႕တိုက္ခိုက္မႈေတြအျပင္ ငွက္ဖ်ားဟာလည္း အႏၲရာယ္တစ္ခုျဖစ္ေနဆဲမို႔ ငွက္ဖ်ားေၾကာင့္ ေတာ္လွန္ေရးကိုနည္းနည္းေလးမွ အထိခိုက္မခံႏိုင္ပါဘူး။

ငွက္ဖ်ားေၾကာင့္ က်ေနာ္တို႔အင္အားေတြ ထပ္အဆုံးရႈံးမခံႏိုင္ပါဘူးဗ်”ဟု CDM Medical Network က တာဝန္ရွိသူတစ္ဦးကဆို သည္။

“ငွက္ဖ်ားေၾကာင့္ေတာ့ အရႈံးမေပးနဲ႔”ကမ္ပိန္းကို ဇြန္လ ၂၀ ရက္မွစတင္ကာအခ်ိန္ႏွစ္ပတ္ သတ္မွတ္ထားၿပီး ပုံမွန္ငွက္ဖ်ားေရာဂါအတြက္ ေဆးဝါးကုန္က်စရိတ္မွာ ရဲေဘာ္တစ္ဦးလွ်င္ က်ပ္ ၇၀၀၀ ခန႔္ရွိေသာ္လည္း ေဒသအသီးသီးသို႔ ျဖန႔္ေဝစရိတ္ႏွင့္ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ ၇၇ ႏွစ္ျပည့္ေမြးေန႔ကို ရည္ၫႊန္းကာ ရဲေဘာ္တစ္ဦးလွ်င္က်ပ္ ၇၇၀၀ က်ပ္သတ္မွတ္ထားေၾကာင္း ၎ကဆိုသည္။

“ရဲေဘာ္ေတြနဲ႔အတူတူရွိေနတဲ့ စစ္ေဘးဒုကၡသည္ေတြမွာလည္း ငွက္ဖ်ားေဆးေတြလိုအပ္ပါတယ္။ အခုရဲေဘာ္ေတြအတြက္စီစဥ္ထားသလို စစ္ေဘးဒုကၡသည္ျပည္သူေတြအတြက္လည္း ေနာက္ထပ္စီစဥ္ထားတာေတြလည္းရွိပါတယ္။ အခုေတာ့လူ ၄၀၀၀ စာေပါ့။ ဒီဟာျပည့္သြားရင္လည္း ေနာက္ထပ္ရရင္ရသလို ပံ့ပိုးေပးသြားဖို႔ရွိပါတယ္”ဟု CDM Medical Network က ျပန္ၾကားေရးတာဝန္ခံကဆိုသည္။

ရဲေဘာ္တစ္ဦးလွ်င္ ျမန္မာက်ပ္ေငြ ၇၇၀၀ ႏႈန္းျဖင့္ ရဲေဘာ္ဦးေရမည္မွ်၏ အသက္ကိုကယ္တိုင္ႏိုင္ၾကမည္လဲဆိုသည့္ challenge ျပဳလုပ္ခ်င္ပါက CDM Medical Network ၏ Page Messenger ကိုဆက္သြယ္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။ေ

တာ္လွန္ေရးကာလအတြင္း လြတ္ေျမာက္ နယ္ေျမသို႔ေရာက္ရွိသြားခဲ့သည့္ႏိုင္ငံေက်ာ္ အဆိုေတာ္ ေရမြန္အပါအဝင္ ငွက္ဖ်ားေရာဂါေၾကာင့္ က်ဆုံးသြားသည့္ ရဲေဘာ္မ်ားလည္းရွိေၾကာင္း သိရသည္။

Unicode

တော်လှန်ရေးရဲဘော်တစ်ဦးလျှင် ၇၇၀၀ ကျပ်နှုန်းဖြင့် အယောက် ၄၀၀၀ အတွက် ငှက်ဖျားရောဂါကာကွယ်ရေးကမ်ပိန်းစတင်

လွတ်မြောက်နယ်မြေများတွင်တိုက်ပွဲဝင် နေ သည့် တော်လှန်ရေးရဲဘော် အယောက် ၄၀၀၀ အတွက် ငှက်ဖျားရောဂါကာကွယ်ရေးကမ်ပိန်းကို ဇွန်လတတိယပတ်အတွင်းကစတင်လိုက် ကြောင်း CDM Medical Network က ပြန် ကြားရေးတာဝန်ခံက လူငယ့်ခေတ်သို့ပြောသည်။

“ကျွန်တော်တို့ ရဲဘော်တွေဟာ အရင်ကမြို့ပေါ်တွေမှာနေကြတဲ့သူတွေဖြစ်တယ်။ သူတို့တွေက တော်လှန်ရေးကာလမှာ ဒီတောထဲကိုရောက်လာကြတယ်။ မြို့ပေါ် ကလူတွေက ဒီငှက်ဖျားနဲ့ပတ်သက်ပြီး တောတွေ၊ တောင်တွေထဲမှာနေထိုင်ကြတဲ့လူတွေလိုခုခံအားကလည်း မရှိတော့ ဖြစ်လာရင်ပိုပြီးဆိုးနိုင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ လွတ်မြောက်နယ်မြေများတွင် ငှက်ဖျားကြောင့် ဖျားနာနေကြသူများရှိပြီး လွန်ခဲ့သည့်တစ်လခန့်က စတင်ကာ ငှက်ဖျားရောဂါဖြစ်ပွားလာကြခြင်းကြောင့် အချိန်မှီစစ်ဆေးရန်၊ ကုသနိုင်ရန်အတွက် “ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့”ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“နွေဦးတော်လှန်ရေးမှာ ရဲဘော်တွေအတွက် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေအပြင် ငှက်ဖျားဟာလည်း အန္တရာယ်တစ်ခုဖြစ်နေဆဲမို့ ငှက်ဖျားကြောင့် တော်လှန်ရေးကိုနည်းနည်းလေးမှ အထိခိုက်မခံနိုင်ပါဘူး။

ငှက်ဖျားကြောင့် ကျနော်တို့အင်အားတွေ ထပ်အဆုံးရှုံးမခံနိုင်ပါဘူးဗျ”ဟု CDM Medical Network က တာဝန်ရှိသူတစ်ဦးကဆို သည်။

“ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့”ကမ်ပိန်းကို ဇွန်လ ၂၀ ရက်မှစတင်ကာအချိန်နှစ်ပတ် သတ်မှတ်ထားပြီး ပုံမှန်ငှက်ဖျားရောဂါအတွက် ဆေးဝါးကုန်ကျစရိတ်မှာ ရဲဘော်တစ်ဦးလျှင် ကျပ် ၇၀၀၀ ခန့်ရှိသော်လည်း ဒေသအသီးသီးသို့ ဖြန့်ဝေစရိတ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ကို ရည်ညွှန်းကာ ရဲဘော်တစ်ဦးလျှင်ကျပ် ၇၇၀၀ ကျပ်သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

“ရဲဘော်တွေနဲ့အတူတူရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေမှာလည်း ငှက်ဖျားဆေးတွေလိုအပ်ပါတယ်။ အခုရဲဘော်တွေအတွက်စီစဉ်ထားသလို စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက်လည်း နောက်ထပ်စီစဉ်ထားတာတွေလည်းရှိပါတယ်။ အခုတော့လူ ၄၀၀၀ စာပေါ့။ ဒီဟာပြည့်သွားရင်လည်း နောက်ထပ်ရရင်ရသလို ပံ့ပိုးပေးသွားဖို့ရှိပါတယ်”ဟု CDM Medical Network က ပြန်ကြားရေးတာဝန်ခံကဆိုသည်။

ရဲဘော်တစ်ဦးလျှင် မြန်မာကျပ်ငွေ ၇၇၀၀ နှုန်းဖြင့် ရဲဘော်ဦးရေမည်မျှ၏ အသက်ကိုကယ်တိုင်နိုင်ကြမည်လဲဆိုသည့် challenge ပြုလုပ်ချင်ပါက CDM Medical Network ၏ Page Messenger ကိုဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ေ

တာ်လှန်ရေးကာလအတွင်း လွတ်မြောက် နယ်မြေသို့ရောက်ရှိသွားခဲ့သည့်နိုင်ငံကျော် အဆိုတော် ရေမွန်အပါအဝင် ငှက်ဖျားရောဂါကြောင့် ကျဆုံးသွားသည့် ရဲဘော်များလည်းရှိကြောင်း သိရသည်။

Crd

Leave a Reply

Your email address will not be published.