အဆင်မပြေဖြစ်နေတဲ့ တစ်ဦးတည်းသောသားလေး အကြောင်းကိုရင်ဖွင့်ပြောပြလာ

News

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ထွန်းအိန္ဒြာဗိုလ်ဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ပါ။

ရုပ်ရှင်လောကမှာရော အဆိုတော်လောကမှာပါ အောင်မြင်မှုတွေရရှိခဲ့တာပါ။ ဒါကြောင့်လည်းယနေ့

ထိအောင်မြင်မှုတွေများစွာနဲ့ ပရိသတ်တွေအားပေးနေရတာပါ။ သူမဟာအခုမှာတော့ ချစ်စရာကောင

တဲ့သားလေးနဲ့အတူ ပျော်ရွှင်စအချိန်လေးတွေဖြတ်သန်းနေတာပါ။ သားလေးကလည်းအရွယ်ရောက်လ

ာချိန်ဖြစ်တာကြောင့် သားနဲ့အမေကြားမှာရှိတဲ့ခံစားချက်လေးတွေ ထိန်းကြောင်းမှုလေးတွေ

ကိုခုလိုပြောပြခဲ့တာပါ။ သားနဲ့ကျွန်မကြားမှာ ကွာဟမှုလေးတွေရှိနေပါတယ် အဖြေရှာတော့

အသက်အရွယ် အတွေ့အကြုံ မတူညီခြင်းက အဓိက ပါ…..

သားက ၁၆ နှစ်ကျမက ၅၆ နှစ်လေမိဘ နေရာရောက်လာတော့ သားသမီးအပေါ်သူမှားနေ မှန်နေတ

ာလေးတွေ အတွက်စကားစမြည် မကြာခဏပြောဖြစ်ရပါတယ်။ သားလက်ခံ အဆင်ပြေတာရှိသလို

သားနားလည်နိုင်စွမ်းမရှိပဲ ငြင်းပယ်ခံရတာလည်းရှိပါတယ်… သားတို့သင်ကြားမှုအတွေ့အကြုံအရယု

တ္တိမတန်ရင် လက်ခံလေ့မရှိပါဘူးသားက နူးညံ့ပျော့ပျောင်း ပေမယ့်သူလက်မခံနိုင်တဲ့ကိစ္စအတွက် အလွ

န်ခေါင်းမာပါတယ်ကျမက ဘာသာတရားရဲ့အဆုံးအမနဲ့ ကျမ တတ်စွမ်းသလောက်လေးသားကို သင်ကြားလေ့ရှိ

ပါတယ်သားကငယ်ငယ်ကလိုမိဘ ပြောသမျှ မျက်လုံးအဝိုင်းသားနဲ့ နားထောင်လေ့ မရှိတော့ပဲသူ သင်ကြားသြိ

မင်သမျှနဲ့ ကျမ ကိုပြန်မေးခွန်းထုတ်လေ့ရှိတယ်သူ့စိတ်ဝင်စားမှုအတွက် ကျမ ကျေနပ်ရပါတယ်တခါတရံလည်းသူ

့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ကျမရဲ့ ဆုံးမစကားတချို့အပေါ်ရန်လိုတာမျိုးအထိ ကြုံရတတ်ပါတယ်.( သူ ခံစားနေရတာလေးကို

ထည့်တွက်ပေးဖိုလိုတယ် လို့ ကျမ သင်ကြား မိပါတယ် )..။

ကျမတွေးတယ် ကျမနဲ့သားအကြား ကွာဟမှုကအသိအမြင် level မတူကြဘူး level တူတဲ့ ကိစ္စလေးတွေမှာ

လည်းခံစားမှု degree မတူကြပြန်ဘူးလက်ခံပါတယ်လေ အခြေခံအကြောင်းတရားတွေမှ မတူကြတာကိုး

သဘာဝလက္ခဏာ နဲ့ သာမညလက္ခဏာ အဖြစ် ကျမတို့ ကွဲလွဲနေကြပါတယ်။ သဘာဝလက္ခဏာဆိုတာရုပ်နာမ်တို့

ရဲ့ ကိုယ်ပိုင်လက္ခဏာမျိုးပါ ဥပမာအမျိုးသမီးနဲ့အမျိုးသား ဆိုပါတော့။ အမျိုးသမီးတွေရဲ့ သဘာဝလက္ခဏာအားဖြင့်လှချင်တယ်

စိတ်နုတယ် ၊ချက်ပြုတ်ချင်တယ်အားငယ်တတ်တယ် မျက်ရည်ကျလွယ်တယ်စသဖြင့် အမျိုးသမီးတို့ရဲ့ ပင်ကိုယ်သဘာဝတွေဟာ

အမျိုးသမီးတို့ရဲ့ သဘာဝလက္ခဏာတွေပါပဲ အမျိုးသားတွေကတော့အကြမ်းခံတယ် ခွန်အားကြီးတယ်

ရှာဖွေကျွေးမွေးလိုတယ် ရင်ဆိုင်ဖြေရှင်းလိုတယ် စသဖြင့် အမျိုးသားတို့ရဲ့ အခြေခံသဘောသတ္တိေ

တွဟာလည်း အမျိုးသားတို့ရဲ့သဘာဝလက္ခဏာတွေဖြစ်ပါတယ်..

သာမညလက္ခဏာဆိုတာကတော့ အမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေ အရာရာမမြဲခြင်းအားဖြင့်

ခရီးဆက်နေကြရတယ်ဆိုတဲ့ ဘုံတူညီတဲ့ သဘောလက္ခဏာဖြစ်ပါတယ်. သားမှာ သားအသက်အရွယ်အရ လိုချင်တဲ့ အ

ဝတ်အစား အသုံးအဆောင်သွားချင်တဲ့နေရာ လုပ်ချင်တဲ့ကိစ္စသူ့အရွယ်အရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုသူလုပ်ရမယ့်အလုပ်ေ

လးတွေရဲ့ ဖိအားစသည်ဖြင့် သားရဲ့ပတ်ဝန်းကျင်က သားအတွက် အကြီးကြီးဖြစ်နေတယ်. ကျမလည်

း ကျမအရွယ်နဲ့ လိုက်ရောညီထွေတဲ့ ဖိအားမျိုးစုံရှိပါတယ်သို့သော် ကျမက မမြဲတဲ့သဘာဝကို နှလုံးသွင်းနိုင်တဲ့

အရွယ်မို့သားလို အကြီးကြီး ဖြစ်မနေပါဘူး..

သားက သဘာဝလက္ခဏာတွေမှာရွာလည်ရင်း သင်ယူနေရတဲ့အရွယ်ကျမက သာမညလက္ခဏာနဲ့သားဖြ

စ်နေတာကို မြင်နိုင်တဲ့ အရွယ်ပေါ့အချိန်ဆိုတာ အဖြေတွေအများကြီးထုတ်ပေးနိုင်ပါတယ် အဲ့ဒီအဖြေတွေထဲမှာသာ

းဇောကပ်နေတဲ့ ကျမစိတ်တွေကိုမမြဲကြောင်းဆင်ခြင်ရင်း သားလေးကို ကြီးပျင်းဖို့ အချိန်ပေးရမယ်

ဆိုတဲ့ အဖြေလည်းပါဝင်ပါတယ်…..မိသားစုတိုင်း ပျော်ရွှင်အောင်မြင်နိုင်ကြပါစေဆိုပြီးပြောပြခဲ့တာပါနော်။

ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

credit ; Cele thadin

Leave a Reply

Your email address will not be published.