မြန်မာပညာရေးမှာ ဘွဲ့ရခဲ့သူများနှင့် နိုင်ငံခြားက ဆယ်တန်းအဆင့်ကို နှိုင်းယှဉ်ကြည့်ခြင်း ( အမှန်တရားတွေမို့ဖတ်ရတာ နည်းနည်းတော့ခါးမယ်… )

News

မြန်မာပညာရေးမှာ ဘွဲ့ရခဲ့သူများနှင့် နိုင်ငံခြားက ဆယ်တန်းအဆင့်ကို နှိုင်းယှဉ်ကြည့်ခြင်း ( အမှန်တရားတွေမို့ဖတ်ရတာ နည်းနည်းတော့ခါးမယ်… )

မြန်မာပညာရေးမှာ ဘွဲ့ရခဲ့သူများနှင့် နိုင်ငံခြားက ဆယ်တန်းအဆင့်ကို ယှဉ်လိုက်မိတဲ့အခါ ( အမှန်တရားတွေမို့ဖတ်ရတာ နည်းနည်းတော့ခါးမယ်… ) (ရေးသားသူ – ဒေါက်တာ သူရိန်လှိုင်ဝင်း)

ဒီနေ့ တူမရဲ့ IGCSE ဖတ်စာအုပ်တွေယူဖတ်ကြည့်မိတယ်။ IGCSE ဆိုတာက International General Certificate of Secondary Education ပါ။ အသက် ၁၄နှစ်ကနေ ၁၆ နှစ်အတွင်းကလေးတွေအတွက်ပေါ့။

အဲဒီအမှတ်ရလဒ်ပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်ဆုံးဖြတ်တာဆိုတော့ ဒီမှာနဲ့ချိန်ကြည့်ရင်တက္ကသိုလ်ဝင်တန်းပေါ့။ သူတို့ဆီက ပညာရေးက ကောင်းမှန်းတော့သိတယ်ဗျာ။ ပိုတော်မယ်ဆိုတာလည်းသိပါတယ်။

ဒါပေမယ့်ဗျာ အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေအနေကိုထားဦး၊ အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းလောက်ရဲ့ ဖတ်စာက ကျနော်ပြောရဲတယ်၊ သာမန်ဗဟုသုတအဆင့်အတန်းလောက်ပဲရှိတဲ့ ဒီကဘွဲ့ရတစ်ယောက်လိုက်မမီနိုင်လောက်အောင် မြင့်တယ်ဆိုတာကို။

သူတို့ရဲ့ ရူပပေဒဖတ်စာက Definition တွေ အလွတ်ကျက်တာမပါဘူး၊ စကြာဝဠာအကြောင်းတွေ၊ ကြယ်စင်စုတွေအကြောင်းတွေ၊ ကြယ်နဲ့ဂြိုလ်အကြောင်းတွေ၊ လျှပ်စစ်နဲ့ရေဒီယိုသတ္တိကြွအကြောင်း၊ ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံနဲ့ ရူပဗေဒသဘောတရားနဲ့ ဆက်စပ်မှုတွေကို ရှင်းပြတယ်။

ဇီဝဗေဒဘာသာရပ်ကဒီက ဆေးကျောင်းရောက်မှသင်တဲ့စာတွေဖြစ်တဲ့ လူ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံတွေ၊ ဆင့်ကဲဖြစ်စဉ်နဲ့ ပြောင်းလဲလာမှုတွေ၊ ချားလ်စ်ဒါဝင်သီအိုရီတွေ၊ ရွေးချယ်မျိုးပွားခြင်း (Selective breeding) တွေအကြောင်းတွေရှင်းပြတယ်၊ ဓာတုဗေဒဆိုလည်း အသုံးချလေ့လာချက်တွေအကြောင်းတွေသင်တယ်။

သင်္ချာကိုတော့ ဖတ်ကြည့်လည်း နားမလည်နိုင်လောက်ဘူးထင်လို့မဖတ်ကြည့်မိဘူး။ သူ့ဖတ်စာအုပ်တွေဖတ်ကြည့်ရင်း ဘာကိုဝမ်းနည်းမှန်းမသိ ဝမ်းနည်းမိတယ်။ ကျနော်တို့သာ နိုင်ငံခြားသားတွေနဲ့လည် ငါတို့ယှဉ်နိုင်ပါတယ်ဘာညာလုပ်နေတာ၊ ငယ်ငယ်ကတည်းက သင်ကြားကြီးပြင်းလာတဲ့အသိပညာအတတ်ပညာတွေက တအားကိုကွာသွားပြီ။

အဲဒီလိုပညာရေးနဲ့ကြီးပြင်းလာကြသူတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ သူတို့ထက်အဆပေါင်းများစွာသာလွန်တဲ့ကြိုးစားအားထုတ်မှုနဲ့ ဉာဏ်ရည်မရှိနိုင်ဘဲ မရနိုင်တော့ဘူး။ သူတို့ရဲ့သာမန်အဆင့်ဆိုတာ ဒီက တော်ပါတယ်ဆိုတဲ့သူလောက်ဖြစ်နေပြီ။ ငါသာဒီလိုပညာရေးမျိုးတွေနဲ့ ကြီးပြင်းခွင့်ရခဲ့ရင်ဆိုတဲ့အတွေးကတော်တော်နှိပ်စက်တယ်။

ငါတို့တုန်းက အခွင့်ရေးမရှိခဲ့ဘူး။ နောက်ထပ်မျိုးဆက်ကိုတော့ ပိုကောင်းတဲ့အခွင့်အရေးမျိုးနဲ့ ကြုံတွေ့ရစေချင်တယ်။ အခုတောင် ကမ္ဘာက လုံးတယ်၊ စကြာဝဠာ တကယ်ရှိပါတယ်ဆိုတာကိုမယုံနိုင်ကြသေးတဲ့လူကြီးတွေအများကြီးရှိသေးတယ်။ အာကာသပြိုင်ပွဲခေတ်မှာ ကျောက်ခတ်မှာကျန်ခဲ့တဲ့မျိုးဆက် ထပ်မဖြစ်စေချင်တော့ဘူး။ အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ ဗဟုသုတတွေ အကုန်လုံးပဲ။

crd-

ျမန္မာပညာေရးမွာ ဘြဲ႕ရခဲ့သူမ်ားႏွင့္ နိုင္ငံျခားက ဆယ္တန္းအဆင့္ကို ႏွိုင္းယွဥ္ၾကည့္ျခင္း ( အမွန္တရားေတြမို႔ဖတ္ရတာ နည္းနည္းေတာ့ခါးမယ္… )

ျမန္မာပညာေရးမွာ ဘြဲ႕ရခဲ့သူမ်ားႏွင့္ နိုင္ငံျခားက ဆယ္တန္းအဆင့္ကို ယွဥ္လိုက္မိတဲ့အခါ ( အမွန္တရားေတြမို႔ဖတ္ရတာ နည္းနည္းေတာ့ခါးမယ္… ) (ေရးသားသူ – ေဒါက္တာ သူရိန္လွိုင္ဝင္း)

ဒီေန႔ တူမရဲ့ IGCSE ဖတ္စာအုပ္ေတြယူဖတ္ၾကည့္မိတယ္။ IGCSE ဆိုတာက International General Certificate of Secondary Education ပါ။ အသက္ ၁၄ႏွစ္ကေန ၁၆ ႏွစ္အတြင္းကေလးေတြအတြက္ေပါ့။

အဲဒီအမွတ္ရလဒ္ေပၚမူတည္ၿပီး တကၠသိုလ္ဝင္ခြင့္ဆုံးျဖတ္တာဆိုေတာ့ ဒီမွာနဲ႔ခ်ိန္ၾကည့္ရင္တကၠသိုလ္ဝင္တန္းေပါ့။ သူတို႔ဆီက ပညာေရးက ေကာင္းမွန္းေတာ့သိတယ္ဗ်ာ။ ပိုေတာ္မယ္ဆိုတာလည္းသိပါတယ္။

ဒါေပမယ့္ဗ်ာ အဂၤလိပ္စာကၽြမ္းက်င္မႈအေျခအေနကိုထားဦး၊ အေျခခံပညာအဆင့္ တကၠသိုလ္ဝင္တန္းေလာက္ရဲ့ ဖတ္စာက က်ေနာ္ေျပာရဲတယ္၊ သာမန္ဗဟုသုတအဆင့္အတန္းေလာက္ပဲရွိတဲ့ ဒီကဘြဲ႕ရတစ္ေယာက္လိုက္မမီနိုင္ေလာက္ေအာင္ ျမင့္တယ္ဆိုတာကို။

သူတို႔ရဲ့ ႐ူပေပဒဖတ္စာက Definition ေတြ အလြတ္က်က္တာမပါဘူး၊ စၾကာဝဠာအေၾကာင္းေတြ၊ ၾကယ္စင္စုေတြအေၾကာင္းေတြ၊ ၾကယ္နဲ႔ၿဂိဳလ္အေၾကာင္းေတြ၊ လၽွပ္စစ္နဲ႔ေရဒီယိုသတၱိႂကြအေၾကာင္း၊ ကမၻာႀကီးရဲ့ဖြဲ႕စည္းပုံနဲ႔ ႐ူပေဗဒသေဘာတရားနဲ႔ ဆက္စပ္မႈေတြကို ရွင္းျပတယ္။

ဇီဝေဗဒဘာသာရပ္ကဒီက ေဆးေက်ာင္းေရာက္မွသင္တဲ့စာေတြျဖစ္တဲ့ လူ႔ခႏၶာကိုယ္ရဲ့ဖြဲ႕စည္းပုံေတြ၊ ဆင့္ကဲျဖစ္စဥ္နဲ႔ ေျပာင္းလဲလာမႈေတြ၊ ခ်ားလ္စ္ဒါဝင္သီအိုရီေတြ၊ ေရြးခ်ယ္မ်ိဳးပြားျခင္း (Selective breeding) ေတြအေၾကာင္းေတြရွင္းျပတယ္၊ ဓာတုေဗဒဆိုလည္း အသုံးခ်ေလ့လာခ်က္ေတြအေၾကာင္းေတြသင္တယ္။

သခၤ်ာကိုေတာ့ ဖတ္ၾကည့္လည္း နားမလည္နိုင္ေလာက္ဘူးထင္လို႔မဖတ္ၾကည့္မိဘူး။ သူ႔ဖတ္စာအုပ္ေတြဖတ္ၾကည့္ရင္း ဘာကိုဝမ္းနည္းမွန္းမသိ ဝမ္းနည္းမိတယ္။ က်ေနာ္တို႔သာ နိုင္ငံျခားသားေတြနဲ႔လည္ ငါတို႔ယွဥ္နိုင္ပါတယ္ဘာညာလုပ္ေနတာ၊ ငယ္ငယ္ကတည္းက သင္ၾကားႀကီးျပင္းလာတဲ့အသိပညာအတတ္ပညာေတြက တအားကိုကြာသြားၿပီ။

အဲဒီလိုပညာေရးနဲ႔ႀကီးျပင္းလာၾကသူေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ဆိုတာ သူတို႔ထက္အဆေပါင္းမ်ားစြာသာလြန္တဲ့ႀကိဳးစားအားထုတ္မႈနဲ႔ ဉာဏ္ရည္မရွိနိုင္ဘဲ မရနိုင္ေတာ့ဘူး။ သူတို႔ရဲ့သာမန္အဆင့္ဆိုတာ ဒီက ေတာ္ပါတယ္ဆိုတဲ့သူေလာက္ျဖစ္ေနၿပီ။ ငါသာဒီလိုပညာေရးမ်ိဳးေတြနဲ႔ ႀကီးျပင္းခြင့္ရခဲ့ရင္ဆိုတဲ့အေတြးကေတာ္ေတာ္ႏွိပ္စက္တယ္။

ငါတို႔တုန္းက အခြင့္ေရးမရွိခဲ့ဘူး။ ေနာက္ထပ္မ်ိဳးဆက္ကိုေတာ့ ပိုေကာင္းတဲ့အခြင့္အေရးမ်ိဳးနဲ႔ ၾကဳံေတြ႕ရေစခ်င္တယ္။ အခုေတာင္ ကမၻာက လုံးတယ္၊ စၾကာဝဠာ တကယ္ရွိပါတယ္ဆိုတာကိုမယုံနိုင္ၾကေသးတဲ့လူႀကီးေတြအမ်ားႀကီးရွိေသးတယ္။ အာကာသၿပိဳင္ပြဲေခတ္မွာ ေက်ာက္ခတ္မွာက်န္ခဲ့တဲ့မ်ိဳးဆက္ ထပ္မျဖစ္ေစခ်င္ေတာ့ဘူး။ အေတြးအေခၚေတြ၊ ခံယူခ်က္ေတြ၊ ဗဟုသုတေတြ အကုန္လုံးပဲ။

crd-

Leave a Reply

Your email address will not be published.