“CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂနဲ့ လွှတ်တော်တွေကို ဦးကျော်မိုးထွန်း တိုက်တွန်း”

News

“CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂနဲ့ လွှတ်တော်တွေကို ဦးကျော်မိုးထွန်း တိုက်တွန်း”

ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်တွေနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နဲ့ လက်ဆက် ထိတွေ့ဆက်ဆံဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မ‌နေ့ ဇွန်လ ၂၁ ရက်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ၊ အမျိုးသားလွှတ်တော်တွေနဲ့ IPU ကြား အပြန်အလှန် အထောက်အကူပြုမှုဆိုင်ရာ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားချိန် ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းလိုက်တာပါ။

မဲစာရင်း မသမာမှုနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ၊ အာ ဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ရွေး‌ကောက်ပွဲအနိုင်ရလွှတ် တော်အမတ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုဖွဲ့စည်းတာ၊ အဲဒီကော်မတီဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ထိတွေ့ဆက်ဆံနေတာ၊

နောက် ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးကို ပြီးခဲ့တဲ့ ဧပြီလမှာ ကျင်းပချိန် စစ်တပ်ရဲ့အသက် အန္တရာယ်ခြိမ်းခြောက် ဖမ်းဆီးမှုကြားကနေ လွှတ်တော်အမတ် ၃၀၀ နီးပါးတက်ရောက်ခဲ့တာတွေကိုလည်း သံအမတ်ကြီးက သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။

ဒ့ါကြောင့် မြန်မာ့ ဒီမိုကရေစီနဲ့ တရားမျှတမှုရှိရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ IPU တို့အနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ CRPH၊ NUG တို့နဲ့ ထိတွေ့ဆက်ဆံမှုလုပ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းကို မြှင့်တင်ဖို့ တိုက်တွန်းတဲ့အကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။

Crd

Unicode

“CRPH၊ NUG တို႔နဲ႔ ထိေတြ႕ဆက္ဆံဖို႔ ကုလသမဂၢနဲ႔ လႊတ္ေတာ္ေတြကို ဦးေက်ာ္မိုးထြန္း တိုက္တြန္း”

ကုလသမဂၢ၊ အမ်ိဳးသားလႊတ္ေတာ္ေတြနဲ႔ နိုင္ငံတကာပါလီမန္မ်ားအဖြဲ႕ (Inter-Parliamentary Union – IPU) တို႔အေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ(CRPH)၊ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)တို႔နဲ႔ လက္ဆက္ ထိေတြ႕ဆက္ဆံဖို႔ ကုလသမဂၢဆိုင္ရာျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕မွာ မ‌ေန႔ ဇြန္လ ၂၁ ရက္မွာျပဳလုပ္တဲ့ ကုလသမဂၢ၊ အမ်ိဳးသားလႊတ္ေတာ္ေတြနဲ႔ IPU ၾကား အျပန္အလွန္ အေထာက္အကူျပဳမႈဆိုင္ရာ ေဆြးေႏြးပြဲမွာ မိန႔္ခြန္းေျပာၾကားခ်ိန္ ဦးေက်ာ္မိုးထြန္းက အခုလို တိုက္တြန္းလိုက္တာပါ။

မဲစာရင္း မသမာမႈနဲ႔ စစ္တပ္က အာဏာသိမ္းခဲ့တာ၊ အာ ဏာသိမ္းၿပီးတဲ့ေနာက္ ၂၀၂၀ ေရြး‌ေကာက္ပြဲအနိုင္ရလႊတ္ ေတာ္အမတ္ေတြနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ(CRPH) ကိုဖြဲ႕စည္းတာ၊ အဲဒီေကာ္မတီဟာ နိုင္ငံတကာအသိုက္အဝန္းနဲ႔ ထိေတြ႕ဆက္ဆံေနတာ၊

ေနာက္ ျပည္ေထာင္စုလႊတ္ေတာ္ စတုတၳအႀကိမ္ အစည္းအေဝးကို ၿပီးခဲ့တဲ့ ဧၿပီလမွာ က်င္းပခ်ိန္ စစ္တပ္ရဲ့အသက္ အႏၲရာယ္ၿခိမ္းေျခာက္ ဖမ္းဆီးမႈၾကားကေန လႊတ္ေတာ္အမတ္ ၃၀၀ နီးပါးတက္ေရာက္ခဲ့တာေတြကိုလည္း သံအမတ္ႀကီးက သူ႔မိန႔္ခြန္းထဲ ထည့္ေျပာပါတယ္။

ဒ့ါေၾကာင့္ ျမန္မာ့ ဒီမိုကေရစီနဲ႔ တရားမၽွတမႈရွိေရး ႀကိဳးပမ္းရာမွာ နိုင္ငံတကာအသိုက္အဝန္း၊ ကုလသမဂၢကိုယ္စားလွယ္ေတြနဲ႔ IPU တို႔အေနနဲ႔ ျမန္မာျပည္သူေတြကို ကိုယ္စားျပဳတဲ့ CRPH၊ NUG တို႔နဲ႔ ထိေတြ႕ဆက္ဆံမႈလုပ္ၿပီး ပူးေပါင္းေဆာင္ရြက္တဲ့အပိုင္းကို ျမႇင့္တင္ဖို႔ တိုက္တြန္းတဲ့အေၾကာင္း ဦးေက်ာ္မိုးထြန္းက တိုက္တြန္းထားပါတယ္။

Crd

Leave a Reply

Your email address will not be published.