စစ်ကောင်စီလက်အောက်ကျောင်း ၅ လတက်ပြီး ဆယ်တန်းအောင်မြင်လာသည့်ကျောင်းသူများကို အမျိုးသမီးစစ်ဆရာဝန်ဗိုလ်လောင်း(DSMA) စတင်ခေါ်ယူ
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇွန်လ ၂၃ ရက်
စစ်ကောင်စီလက်အောက် ၂၀၂၁- ၂၂ တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်လာသည့်ကျောင်းသူများကို ဇွန်လ ၂၂ ရက် ယမန်နေ့မှစ၍ စစ်ဆေးတက္ကသိုလ် -DSMA (အမျိုးသမီး)အပတ်စဥ် ၁ အတွက် ဝင်ခွင့်များစတင်ခေါ်ယူလာကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။




၄င်းတို့စစ်ကောင်စီလက်အောက်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသူများကိုအဓိကထားခေါ်ယူခြင်းဖြစ်ကာ အသက်ကန့်သတ်ချက်အရ ၁၆ နှစ်အထက်၊ ၁၈ နှစ်အောက်ဟုကန့်သတ်ထားကြောင်း သိရသည်။
အဆိုပါ DSMA အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ယခင်ကဖွင့်လှစ်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှစတင်ခေါ်ယူကာ အမှတ်စဥ် ၁ အဖြစ်ခေါ်ယူခြင်းကာ ၆ နှစ်ကြာတက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။




” ဒီနှစ်အောင်တဲ့သူတွေကိုအဓိကထားခေါ်တာပေါ့။ လျှောက်ကြဖို့လည်း ပြောတာတွေရှိတယ်။ အပြင်ဆေးကျောင်းတွေမှာလည်းဝင်ခွင့်အမှတ်တွေကပြန်ပြင်ထားတာဆိုတော့ အဲ့ဒီအမှတ်လောက်မီတဲ့သူတွေဆိုအကုန်ခေါ်မယ်ထင်တယ်” ဟု မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်မိသားစုဝင်တဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ယခင်က အပြင်ဆေးတက္ကသိုလ်များမှ သက်ဆိုင်ရာဆေးပညာဘွဲ့ရရှိထားသူများကိုသာ ခေါ်ယူ၍ ကာလတိုစစ်သင်တန်းပေးကာ အမျိုးသမီးစစ်ဆရာဝန်များခန့်အပ်ထားပြီး စစ်ဆေးတက္ကသိုလ် ( DSMA) ကို ဆယ်တန်းအောင်အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား အမျိုးသားဗိုလ်လောင်းများကိုသာခေါ်ယူခဲ့ခြင်းဖြစ်သည်။




” အခုက CDM ဆရာဝန်တွေအရမ်းများနေတော့ နယ် ဘက်ဆေးရုံတွေမှာစစ်ဆရာဝန်တွေပြောင်းပို့ထားရတဲ့အခြေအနေကို အစားထိုးနိုင်ဖို့ပြင်ဆင်လာတာရယ်။ စစ်ဆရာဝန် အမျိုးသမီး DSMA ကို သူတို့ (စစ်ကောင်စီ)က အင်အားလိုလို့ခေါ်ယူတာ” လို့ CDM တပ်မတော်သား ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်လက် အောက်က စစ်ဆေးတက္ကသိုလ် ကို ဝင်ရောက်လျှောက် ထားသူ ဗိုလ်လောင်းအမျိုးသားနည်းပါးလာသဖြင့် အမျိုးသမီးများကိုလှည့်၍ ခေါ်ယူခြင်းဖြစ်ကြောင်း တပ်မတော်သားဟောင်းတဦးက ပြောဆိုသည်။




ယခုနှစ် တက္ကသိုလ်ဝင်တန်းကို စစ်ကောင်စီက စာ သင်ချိန် ၅ လဖြင့် ကျင်းပခဲ့တာဖြစ်ပြီး အောင်မြင်လာသည့်ကျောင်းသားများ၏ အရည်အချင်းအပေါ် သံသယဖြစ်စရာရှိတယ်ဆိုပြီး ဝေဖန်မှုများလည်း မြင့်တက်နေခြင်းဖြစ်သည်။
ဓာတ်ပုံ – စစ်ခေါင်းဆောင် မင်းအောင်လှိုင် မှော်ဘီမျိုးသမီးဗိုလ်သင်တန်းကျောင်းသို့သွားရောက်စဥ်။
Crd
Unicode
စစ္ေကာင္စီလက္ေအာက္ေက်ာင္း ၅ လတက္ၿပီး ဆယ္တန္းေအာင္ျမင္လာသည့္ေက်ာင္းသူမ်ားကို အမ်ိဳးသမီးစစ္ဆရာဝန္ဗိုလ္ေလာင္း(DSMA) စတင္ေခၚယူ
ဟိန္းစံ/ဧရာဝတီတိုင္းမ္
ဇြန္လ ၂၃ ရက္
စစ္ေကာင္စီလက္ေအာက္ ၂၀၂၁- ၂၂ တကၠသိုလ္ဝင္စာ ေမးပြဲေအာင္ျမင္လာသည့္ေက်ာင္းသူမ်ားကို ဇြန္လ ၂၂ ရက္ ယမန္ေန႔မွစ၍ စစ္ေဆးတကၠသိုလ္ -DSMA (အမ်ိဳးသမီး)အပတ္စဥ္ ၁ အတြက္ ဝင္ခြင့္မ်ားစတင္ေခၚယူလာေၾကာင္း စစ္ေကာင္စီတပ္အသိုင္းအဝိုင္းထံကသိရသည္။




၄င္းတို႔စစ္ေကာင္စီလက္ေအာက္တြင္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ခဲ့သည့္ ေက်ာင္းသူမ်ားကိုအဓိကထားေခၚယူျခင္းျဖစ္ကာ အသက္ကန္႔သတ္ခ်က္အရ ၁၆ ႏွစ္အထက္၊ ၁၈ ႏွစ္ေအာက္ဟုကန္႔သတ္ထားေၾကာင္း သိရသည္။
အဆိုပါ DSMA အမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္းကို ယခင္ကဖြင့္လွစ္ျခင္းမရွိခဲ့ဘဲ ယခုႏွစ္မွစတင္ေခၚယူကာ အမွတ္စဥ္ ၁ အျဖစ္ေခၚယူျခင္းကာ ၆ ႏွစ္ၾကာတက္ေရာက္ရမည္ ျဖစ္ေၾကာင္းသိရသည္။




” ဒီႏွစ္ေအာင္တဲ့သူေတြကိုအဓိကထားေခၚတာေပါ့။ ေလၽွာက္ၾကဖို႔လည္း ေျပာတာေတြရွိတယ္။ အျပင္ေဆးေက်ာင္းေတြမွာလည္းဝင္ခြင့္အမွတ္ေတြကျပန္ျပင္ထားတာဆိုေတာ့ အဲ့ဒီအမွတ္ေလာက္မီတဲ့သူေတြဆိုအကုန္ေခၚမယ္ထင္တယ္” ဟု မေကြးတိုင္းအတြင္းက စစ္ေကာင္စီတပ္မိသားစုဝင္တဦးကဧရာဝတီတိုင္းမ္ကိုေျပာသည္။
စစ္ေကာင္စီတပ္သည္ ယခင္က အျပင္ေဆးတကၠသိုလ္မ်ားမွ သက္ဆိုင္ရာေဆးပညာဘြဲ႕ရရွိထားသူမ်ားကိုသာ ေခၚယူ၍ ကာလတိုစစ္သင္တန္းေပးကာ အမ်ိဳးသမီးစစ္ဆရာဝန္မ်ားခန္႔အပ္ထားၿပီး စစ္ေဆးတကၠသိုလ္ ( DSMA) ကို ဆယ္တန္းေအာင္အသက္ ၁၆ ႏွစ္ႏွင့္ ၁၈ ႏွစ္အၾကား အမ်ိဳးသားဗိုလ္ေလာင္းမ်ားကိုသာေခၚယူခဲ့ျခင္းျဖစ္သည္။




” အခုက CDM ဆရာဝန္ေတြအရမ္းမ်ားေနေတာ့ နယ္ ဘက္ေဆး႐ုံေတြမွာစစ္ဆရာဝန္ေတြေျပာင္းပို႔ထားရတဲ့အေျခအေနကို အစားထိုးနိုင္ဖို႔ျပင္ဆင္လာတာရယ္။ စစ္ဆရာဝန္ အမ်ိဳးသမီး DSMA ကို သူတို႔ (စစ္ေကာင္စီ)က အင္အားလိုလို႔ေခၚယူတာ” လို႔ CDM တပ္မေတာ္သား ခြဲစိတ္ပါရဂူ ဗိုလ္ႀကီး မင္းေမာင္ေမာင္က ေျပာသည္။
စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္လက္ ေအာက္က စစ္ေဆးတကၠသိုလ္ ကို ဝင္ေရာက္ေလၽွာက္ ထားသူ ဗိုလ္ေလာင္းအမ်ိဳးသားနည္းပါးလာသျဖင့္ အမ်ိဳးသမီးမ်ားကိုလွည့္၍ ေခၚယူျခင္းျဖစ္ေၾကာင္း တပ္မေတာ္သားေဟာင္းတဦးက ေျပာဆိုသည္။




ယခုႏွစ္ တကၠသိုလ္ဝင္တန္းကို စစ္ေကာင္စီက စာ သင္ခ်ိန္ ၅ လျဖင့္ က်င္းပခဲ့တာျဖစ္ၿပီး ေအာင္ျမင္လာသည့္ေက်ာင္းသားမ်ား၏ အရည္အခ်င္းအေပၚ သံသယျဖစ္စရာရွိတယ္ဆိုၿပီး ေဝဖန္မႈမ်ားလည္း ျမင့္တက္ေနျခင္းျဖစ္သည္။
ဓာတ္ပုံ – စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ ေမွာ္ဘီမ်ိဳးသမီးဗိုလ္သင္တန္းေက်ာင္းသို႔သြားေရာက္စဥ္။
Crd