မြန်မာပြည်သူတွေကို မမေ့ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်တဲ့ ပုပ်ရဟန်းမင်းကြီး

News

Unicode

မြန်မာပြည်သူတွေကို မမေ့ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်တဲ့ ပုပ်ရဟန်းမင်းကြီး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာရမှု ကြုံ တွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် အရေးယူမှု ဆောင် ရွက်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇွန်လ ၁၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာ၊ အခွင့်အ ရေးကို မမေ့ကြဖို့၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ မတိုက်ခိုက်ဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းကို တောင်းဆိုမယ့် ဘုန်းတော်ကြီးတွေ နဲ့အတူ ဆုတောင်းခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒီသတင်းပတ်အတွင်း မြန်မာကက်သလစ်ဘုန်းတော်ကြီးတွေက အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ပြည် တွင်းစစ်ဒဏ်ခံစားနေရတဲ့ အရပ်သားတွေရဲ့ဒုက္ခကို စိုးရိမ်ပူပန်တယ်လို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

“လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ဘယ်တော့မှ ချိုးဖောက်လို့ရမှာမဟုတ်ပါဘူး။ လူ့အသက်တွေ၊ မြင့် မြတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေးစာသမှုရှိဖို့ တောင်းဆိုပါ တယ်” လို့ မြန်မာကက်သလစ်ဘုန်းတော်ကြီးတွေက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၁၉၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ ၈၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာစစ်တပ်က ခရစ်ယာန်ဘုရှားရှိခိုးကျောင်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကို ပစ်မှတ် ထား တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။ကိုးကား – ဗာတီကန်နယူးစ်

Crd

Zawgyi

မြန်မာပြည်သူတွေကို မမေ့ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်တဲ့ ပုပ်ရဟန်းမင်းကြီး

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းမႈေနာက္ပိုင္း အၾကမ္းဖက္မႈနဲ႔ ေနရပ္စြန႔္ခြာရမႈ ႀကဳံ ေတြ႕ေနရတဲ့ ျမန္မာျပည္သူေတြအတြက္ အေရးယူမႈ ေဆာင္ ႐ြက္ေပးဖို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဇြန္လ ၁၉ ရက္မွာ ေတာင္းဆိုခဲ့ပါတယ္။

ျမန္မာျပည္သူေတြနဲ႔ သူတို႔ရဲ႕ လူ႔ဂုဏ္သိကၡာ၊ အခြင့္အ ေရးကို မေမ့ၾကဖို႔၊ ဘာသာေရးအေဆာက္အအုံေတြ၊ ေဆး႐ုံေတြ၊ စာသင္ေက်ာင္းေတြ မတိုက္ခိုက္ဖို႔ ႏိုင္ငံ တကာအသိုင္းအဝိုင္းကို ေတာင္းဆိုမယ့္ ဘုန္းေတာ္ႀကီးေတြ နဲ႔အတူ ဆုေတာင္းခဲ့တယ္လို႔ ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

ဒီသတင္းပတ္အတြင္း ျမန္မာကက္သလစ္ဘုန္းေတာ္ႀကီးေတြက အစည္းအေဝးတစ္ရပ္ ျပဳလုပ္ခဲ့ၿပီး ျပည္ တြင္းစစ္ဒဏ္ခံစားေနရတဲ့ အရပ္သားေတြရဲ႕ဒုကၡကို စိုးရိမ္ပူပန္တယ္လို႔ ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။

“လူ႔ဂုဏ္သိကၡာနဲ႔ လူ႔အခြင့္အေရးကို ဘယ္ေတာ့မွ ခ်ိဳးေဖာက္လို႔ရမွာမဟုတ္ပါဘူး။ လူ႔အသက္ေတြ၊ ျမင့္ ျမတ္တဲ့ ဘာသာေရးအေဆာက္အအုံေတြ၊ ေဆး႐ုံေတြနဲ႔ စာသင္ေက်ာင္းေတြကို ေလးစာသမႈရွိဖို႔ ေတာင္းဆိုပါ တယ္” လို႔ ျမန္မာကက္သလစ္ဘုန္းေတာ္ႀကီးေတြက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈရွိတယ္ဆိုၿပီး စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သား ၁၉၀၀ ေက်ာ္ သတ္ျဖတ္ခံခဲ့ရၿပီး ၁၁၀၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရတယ္လို႔ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြက ဆိုပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္သူ ၈၀၀၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာခဲ့ရတယ္လို႔ ကုလ သမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္နာမင္းႀကီးက ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာစစ္တပ္က ခရစ္ယာန္ဘုရွားရွိခိုးေက်ာင္းေတြ၊ ဘာသာေရးအဖြဲ႕အစည္းေတြကို ပစ္မွတ္ ထား တိုက္ခိုက္တာေတြ ဆက္လုပ္ေနတယ္လို႔ ဆိုပါတယ္။ကိုးကား – ဗာတီကန္နယူးစ္

Crd

Leave a Reply

Your email address will not be published.