ဝမ်းရေးအ တွက် ရုန်းကန် နေ ရတဲ့ သဘင်သည် မနှင်းဆီကို ကူညီ ထောက်ပံ့ခဲ့တဲ့မင်း သား ကြီး ဝေဠုကျော် ရဲ့ ချစ်ဇနီး ချောလေး ရေကြည်ချမ်းမြ ရေကြည် ချမ်းမြ
မင်းသားကြီး ဝေဠုကျော် ရဲ့ ချစ်ဇနီးချောလေး ရေကြည်ချမ်းမြကို ချစ်ပရိသတ်တွေ သိကြမယ်လို့ ထင်ပါတယ်။
ရေကြည်ချမ်းမြဟာ စင်မြင့်ဇာတ်ခုံပေါ်မှာ ကပြအသုံးတော်ခံတဲ့ အငြိမ့်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။




ဒါအပြင် ဗီဒီယိုဇာတ်ကားတွေနဲ့ သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ကပါတယ်။
မကြာသေးမီကတော့ ပရဟိတ မင်းသားကြီး ဝေဠုကျော်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားခဲ့ပြီဖြစ်ပါတယ်။
လက်ရှိမှာ မင်းသမီးချောလေး ရေကြည်ချမ်းမြဟာ Live Sale တွေမှာလည်း တွေ့ရသလို ခင်ပွန်းသည်နဲ့ ပရဟိ
တအလုပ်ငန်းတွေမှာ အများအကျိုးအတွက် သယ်ပိုးထမ်းရွက်နေတာလည်း တွေ့ရပါတယ်။ ဒီကနေ့မှာတော့




စိတ်သဘောထားပြည့်ဝတဲ့ ရေကြည်ချမ်းမြဟာ ချစ်တဲ့ ပရိသတ်တွေ ထပ်တူ ကြည်နူးပီတိဖြစ်အောင် ကူညီထောက်ပံ့ခဲ့တဲ့
လှူဒါန်းမှုလေးတစ်ခု ပြုလုပ်ခဲ့တာကို သူမရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။
ဒါကတော့ မင်းသမီး ရေကြည်ချမ်းမြဟာ ယခုတလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ သဘင်သည် မလေး မနှင်းဆီအိမ်ကို
သွားရောက်ပြီး တတ်နိုင်သလောက် ကူညီထောက်ပံ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ တစ်ချိန်က သဘင်သည် ဖြစ်ခဲ့ဖူးတဲ့ မနှင်းဆီဟာ




ယခုမှာ ဘဝဘေးကံကြောင့် လောကရဲ့ အလယ်မှာ ဆင်းရဲဒုက္ခတွေနဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ သူပါ။ တစ်နေ့တာ
ဝမ်းရေးအတွက်ကို စက်ဘီးတစ်စီးဖြင့် လမ်းမပေါ်တွေမှာလှည့်ပတ်ကာ ကပြဖျော်ဖြေရင်း ရုန်းကန်နေရတဲ့ သူပဲ ဖြစ်ပါတယ်။
Crd