NUG နောက် လိုက်နေသော ဒေါ်လာများ
အမျိုးသား ညီညွတ်ရေး အစိုးရ-NUG သည် ယခုလကုန်မှ စ၍ ကိုယ်ပိုင် ဒီဂျစ်တယ် ငွေကြေး ကို စတင် မိုဘိုင်းမှ တဆင့် အသုံးပြု၍ ရပြီဟု ကြေညာထားပြီး ဖြစ်သည်။Currency Digital Myanmar Kyat (DMKK) အား NUGpay app ဖြင့် ပြည်တွင်း ပြည်ပတွင် အသုံးပြု နိုင်ပြီ ဖြစ်သည်။
DMKK အား blockchain နည်းပညာသုံး စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး လက်ရှိ မြန်မာကျပ်ငွေဖြင့် တန်ဖိုးတူ ချိတ်ဆက်ထားပြီး NUG ၏ ဗဟိုဘဏ်မှ ကျောထောက်နောက်ခံပြု သွားမည် ဖြစ်သည်။လောလောဆယ်တွင် မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီယား၊ ဩစတေးသျှ၊ ဗြိတိန် နှင့် အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုနိုင်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့သွားဖို့ရှိနေသည်ဟု သိရသည်။




ဤသို့ဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် တဖြေးဖြေး နှင့် နိုင်ငံတွင် ရှိသင့်သည့် အင်္ဂါရပ်များကို ရုပ်လုံး ဖေါ်လာနေပြီ ဖြစ်သည်။NUG အသက်သွင်းပေးမှ ရှင်သန်ရမည့် ဒေါ်လာများဟာ NUG နောက်ကို လိုက်နေကြပါသည်။ ဒီအကွက်ကို ကောင်းကောင်းသိထားသည့် NUGက အလိုလိုနေရင် ဒေါ်လာပေါင်းများစွာ ပိုင်ဆိုင်တော့မည်ဖြစ်ပါသည်။
NUG Pay ဟာ အစုအလိုက်အပြုံလိုက်ဝင်လာမည့် ဒေါ်လာတွေကို အခြေခံပြီး တည်ဆောက်ထားမှာဖြစ်သည်။ ဒေါ်လာက်ို အခြေခံထားသော ငွေးကြေးဝန်ဆောင်မူဖြစ်သောကြောင့် အာမခံချက်အပြည့်ရှိနိုင်ပါသည်။ နောက်ဆုံး စကစ မှတရားမဝင်ငွေကြေး ကြေငြာသည့်တိုင် NUG Pay တွင်ရှိသော ငွေများ နိုင်ငံခြားငွေများဖြင့် ပြန်ထုတ်နိုင်မည်ဟု မျှော်လင့်ပါသည်။




NUGဟာ ၎င်းနောက်လိုက်သောနေသည့် ဒေါ်လာများကို အခြေခံပြီး နိုင်ငံရပ်ခြားငွေကြေးစနစ်ကို အဓိကထား လက်လည်ပတ်သွားမှာဖြစ်သည်။မြန်မာကျပ်ငွေကိုတော့ လှည့်လည် အသုံးပြုနိုင်ရန် ဝန်ဆောင်မူပြုပေးခြင်းဖြစ်ပါသည်။
NUGနောက်ကို မည့်သို့သော ဒေါ်လာများ လိုက်နေသနည်း။ NUG bond မှာ ဒေါ်လာတွေ အစုလိုက်အပုံ ဝင်ရောက်လာတာကို ကြည့်ရင် သိနိုင်ပါသည်။ NUG bond ဘဏ်အကောင့်ကို USကတာဝန်ယူဖွင့်ပေးလိုက်တော့ ဒေါ်လာတွေ အစုလိုက်အပုံလိုက်ဝင်လာခြင်းဖြစ်ပါသည်။




မြန်မာနိုင်ငံ သူဌေးကြီးများသည် နိုင်ငံခြားဘဏ်များတွင် တိတ်တဆိတ် အပ်နှံထားကြသည်။ ထိုဒေါ်လာများကို လူသိရှင်ကြား ဖြစ်စေသော နည်းသည် NUG အသုံးပြုသော USဘဏ်တွင် အပ်လိုက်ခြင်းအားဖြင့် ငွေရှင်ဖြစ်သွားသည်။
ထိုငွေရှင်များကို အကြောင်းပြုပြီး စိးပွါးရေး လုပ်နိုင်တော့မည်ဖြစ်သည်။NUGထံအတိုးမယူ အစုလိုက်အပြုံလိုက်အပ်နှံကြမည်။ NUG Pay ကိုသာ အသုံးပြုပြီး ပြည်တွင်း ပြည်ပများတွင် စီပွါးရေးပြန်လုပ်ကြမည်ဖြစ်သည်။
စကစ ဒေါ်လာထိန်းချုပ်ခြင်းကို NUGက ထွက်ပေါက်ပေးလိုက်သည်။ ဒေါ်လာဈေးကွက်နှင့်အလားတူ ငွေပေးချေမူများသည် NUG Pay ဖြင့်သာ လည်ပတ်လာမည်ဖြစ်သည်။မြန်မာပြည်တွင်း အတွက် ဒေါ်လာသူဌေးကြီးမှ တာဝန်ယူ စီးပွါးရေးလုပ်သွားမှာဖြစ်သည်။




ငွေ အသေကနေ ငွေအရှင်အဖြစ်သွားလို့ ၎င်းတို့လည်းကိုက်သည် NUG လည်း ဒေါ်လာအစုအလိုက်အပြုံလိုက် လာအပ်ကြလို့ ကိုက်သည်။ NUGသည် ဒေါ်လာစနစ်ကို အသုံးပြုပြီး ငွေကြေးအာမခံချက်ပေးပြီး ငွေရှင်ကစားသူများသည် မြန်မာကျပ်ငွေကို တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။ဥပမာ မြန်မာကျပ်ငွေ တရားမဝင်လျှင် ငွေရှင်သဌေးကြီးများသာ ပိုက်ဘောမိမည်ဖြစ်သည်။
NUG Pay သည်လုံခြုံမူရှိသောကြောင့် စကစ ခြေရာခံ၍ မရနိုင်ပါ။ Facebookအကောင့်တခုလို မည်သူမည်ဝါမှန်း မသိသောကြောင့်ဖြစ်သည်။ Gamil passwords ကဲ့သို့ ဘဏ်အကောင့်မျိုးဖြစ်နိုင်သည်။ ဘဏ်တခုမှ တခုသို လွှဲပြောင်းရာတွင် သင်္ကေတ တခုကို screenရိုက်ပြီး ပေးပို့နိုင်သောကြောင့်ဖြစ်သည်။




ပေးပို့သောစနစ်ကို လက်ခံရရှိမူ ပေးပို့မူဖြတ်ပိုင်းလွှာများမှ သက်သေခံပေးသွားမည်ဟု မျှော်လင့်ပါသည်။ ပထမအစတွင် NUG-pay ဝယ်ယူသုံးစွဲမူအဆင့်သာရှိပါမည်။ ပြည်ပနိုင်ငံများတွင် ငွေပေးချေမူ ထုတ်ယူမူရှိလာနိုင်သည်။ထို့နောက် လွှတ်မြှောက်နယ်မြေများတွင် ငွေသား ထုတ်ယူနိုင်သည့်အဆင့် ဖြစ်ပါလိမ့်မည်။
NUG Pay ကို စိတ်ဝင်စားသူများသည် ငွေသေများ ငွေရှင်လုပ်မည်။ စကစ ငွေကြေးစနစ်ကို အယုံအကြည်မရှိသောသူများ အသုံးပြုမည်။ တော်လှန်ရေးကို အလှူငွေပေးအပ်ချင်သော သူများအသုံးပြုမည်။




ထိုမှတဆင့် ငွေလွှဲ ငွေထုတ်အဆင့်ကို သွားမည်ဖြစ်ပါသည်။ NUG-payဟာ ရွက်ပုံးသီးတွေကို ထွက်ပေါက်ပေးသော စနစ်ဖြစ်ပါသည်။ငွေသေ သူဌေးကြီးတွေ ဒေါ်လာအစုအလိုက်အပြုံလိုက် အသုံးပြုပြီး ငွေရှင်အဖြစ် ကစားခွင့်ရမယ်။ ဒေါ်လာဈေးကွက်နှင့် စီးပွါးရေးလုပ်ငန်းရှင်များ ငွေကစားကြမည်။စကစ ငွေကြေးစနစ်ကို မယုံကြည်သူများ အသုံးပြုလာကြမည်။
တော်လှန်ရေးကယ်ဆယ်ရေးအတွက် အလှူရှင်များ လုံခြုံစိတ်ချစွာ အသုံးပြုလာကြမည်ဖြစ်သည်။NUG Payသည် bondကဲ့သို့ ဒေါ်လာအစုလိုက်အပြုံလိုက်ဝင်လာမည်ဖြစ်သည်။ Bondတွင် အစိတ်အပိုင်တခုကိုသာ အသုံးပြုကြသည်။




ငွေသေဖြစ်ပေမယ့် လူသိရှင်ကြား ဖြစ်သောကြောင့်ဖြစ်သည်။ ယခု NUG-pay သည် လူသိရှင်ကြား တရားဝင်ဖြစ်ရုံမက ငွေရှင်အဖြစ်ပြန်လည်အသုံးပြုနိုင်သော အခွင့်အရေးပိုရသည်။ ထို့ကြောင့် Bondထက်ပိုမိုအောင်မြင်လိမ့်မည်ဖြစ်သည်။
NUG Pay သည် ပထမအစတွင် အသွင်းသာပိုများပြီး အထုတ်နည်းမည်။စကစ ဘဏ်စနစ်သည် အသွင်းနည်းပြီး အထုတ်များမည်ဖြစ်သည်။NUG သည် ဒေါ်လာဘီလျှံချမ်းသာပြီး စကစ သည် ဒေဝါလီ ခံရသော အခြေအနေသို့ ရောက်သွားနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Crd