PDF များကို ဖမ်းဆီးထည့်မည့် ဆောက်လုပ်နေဆဲ အကျဉ်းထောင် အဆောက်အဦးကို ဖြိုချဖျက်ဆီး

News

PDF များကို ဖမ်းဆီးထည့်မည့် ဆောက်လုပ်နေဆဲ အကျဉ်းထောင် အဆောက်အဦးကို ဖြိုချဖျက်ဆီး

PDF များကို ဖမ်းဆီးပြီး ထားရှိမည်ဟု သတင်းထွက်နေသည့် မုံရွာမြို့နယ်အတွင်း ဆောက်လုပ်နေဆဲ အကျဉ်းထောင် အဆောက်အဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည့်အနေဖြင့် ဖြိုချဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးထိန်းသိမ်းမည့် ထောင်အဆောက်အဦးကို ဒေသကာကွယ်ရေးတပ်များက ဖြိုချဖျက်ဆီးခဲ့ကြောင်း ဇွန်လ(၂၂)ရက်တွင် Chindwin Attack Force က သတင်းထုတ်ပြန်လာသည်။

မုံရွာမြို့နယ် သာစည်ရွာတွင် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးထားမည့် အကျည်းထောင်ဆောက်လုပ်နေသော အဆောက်အဦးများကို ပထမအကြိမ်သတိပေးအနေဖြင့် ဖြိုချဖျက်စီးခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ယင်းအဆောက်အဦးအတွက် အလုပ် လုပ်ပေးနေသော ပြည်သူများကိုလည်း ပထမဆုံးနှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကာ ဆက်လက်တည်ဆောက်နေလျှင် အသက်အတွက် အာမခံပေးနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

ပထမဆုံးဖြိုချမှုတွင် (၄)ထပ်အဆောင် တစ်ဆောင်နှင့် ဘတ်ဖိုးတစ်စီးပျက်စီးခဲ့ပြီး အလုပ် လုပ်နေသည့် ပြည်သူများကို ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အထူးကွန်မန်ဒိုအဖွဲ့ Monywa The Boys၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂၊ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ – ၁ သပြေညိုပြောက်ကျားအဖွဲ့

၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ ၃ ခွေးသတ်မုဆိုးအဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Crd

Unicode

PDF များကို ဖမ်းဆီးထည့်မည့် ဆောက်လုပ်နေဆဲ အကျဉ်းထောင် အဆောက်အဦးကို ဖြိုချဖျက်ဆီး

PDF မ်ားကို ဖမ္းဆီးၿပီး ထားရွိမည္ဟု သတင္းထြက္ေနသည့္ မုံရြာၿမိဳ႕နယ္အတြင္း ေဆာက္လုပ္ေနဆဲ အက်ဥ္းေထာင္ အေဆာက္အဦးကို ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက သတိေပးသည့္အေနျဖင့္ ၿဖိဳခ်ဖ်က္ဆီး

စစ္ကိုင္းတိုင္း၊ မုံရြာၿမိဳ႕တြင္ ေတာ္လွန္ေရးရဲေဘာ္မ်ားအား ဖမ္းဆီးထိန္းသိမ္းမည့္ ေထာင္အေဆာက္အဦးကို ေဒသကာကြယ္ေရးတပ္မ်ားက ၿဖိဳခ်ဖ်က္ဆီးခဲ့ေၾကာင္း ဇြန္လ(၂၂)ရက္တြင္ Chindwin Attack Force က သတင္းထုတ္ျပန္လာသည္။

မုံရြာၿမိဳ႕နယ္ သာစည္ရြာတြင္ ေတာ္လွန္ေရးရဲေဘာ္မ်ားအား ဖမ္းဆီးထားမည့္ အက်ည္းေထာင္ေဆာက္လုပ္ေနေသာ အေဆာက္အဦးမ်ားကို ပထမအႀကိမ္သတိေပးအေနျဖင့္ ၿဖိဳခ်ဖ်က္စီးခဲ့ေၾကာင္း သိရသည္။

ဒါ့အျပင္ ယင္းအေဆာက္အဦးအတြက္ အလုပ္ လုပ္ေပးေနေသာ ျပည္သူမ်ားကိုလည္း ပထမဆုံးႏွင့္ ေနာက္ဆုံးအႀကိမ္ သတိေပးလိုက္ကာ ဆက္လက္တည္ေဆာက္ေနလၽွင္ အသက္အတြက္ အာမခံေပးနိုင္မည္မဟုတ္ေၾကာင္း သတိေပးခဲ့သည္ဟု ဆိုသည္။

ပထမဆုံးၿဖိဳခ်မႈတြင္ (၄)ထပ္အေဆာင္ တစ္ေဆာင္ႏွင့္ ဘတ္ဖိုးတစ္စီးပ်က္စီးခဲ့ၿပီး အလုပ္ လုပ္ေနသည့္ ျပည္သူမ်ားကို ျပန္လႊတ္ ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ လုပ္ေဆာင္မႈကို မုံရြာခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (Chindwin Attack Force) အထူးကြန္မန္ဒိုအဖြဲ႕ Monywa The Boys၊ မုံရြာခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (Chindwin Attack Force) တပ္ရင္း – ၂ တပ္ခြဲ – ၂၊ Monywa Special ဒိတ္ဒိတ္ၾကဲအဖြဲ႕၊ မုံရြာခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (Chindwin Attack Force) တပ္ရင္း – ၄ တပ္ခြဲ – ၁ သေျပညိဳေျပာက္က်ားအဖြဲ႕

၊ မုံရြာခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (Chindwin Attack Force) တပ္ရင္း – ၄ တပ္ခြဲ ၃ ေခြးသတ္မုဆိုးအဖြဲ႕တို႔က လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Crd

Leave a Reply

Your email address will not be published.