ကွယ်လွန်သွားတာ(၁)နှစ်ပြည်သွားပြီဖြစ်တဲ့ အဆိုတော်ရေမွန်ကို တစ်ရက်မှမေ့မရကြောင်း ရင်ဖွင့်လာတဲ့ မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်

News

ကွယ်လွန်သွားတာ(၁)နှစ်ပြည်သွားပြီဖြစ်တဲ့ အဆိုတော်ရေမွန်ကို တစ်ရက်မှမေ့မရကြောင်း ရင်ဖွင့်လာတဲ့ မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်အဆိုတော်ရေမွန်ရဲ့မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်ကကွယ်လွန်သွားတာ(၁)နှစ်ပြည်သွားပြီဖြစ်တဲ့ အဆိုတော်ရေမွန်ကို တစ်ရက်မှမေ့မရကြောင်း အခုလိုရင်ဖွင့်လာခဲ့ပါတယ်နော်။

မိခင်ဖြစ်သူခင်မြတ်မွန်ကတွတ်ပီ အားလုံးကို ချန်ခဲ့ တာ June 23ဆိုရင်တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ၊ေ* သောသူကြာရင်မေ့ဆိုတဲ့ စကားဟာသူ့မိသားစု၊ သူ့ပရိတ်သတ်တွေ၊ Fan တွေနဲ့​ချစ်ခင်ကြသူ အပေါင်းအသင်းတွေအတွက်မမှန်ပါဘူး၊ခုချိန်ထိ သတိရလွမ်းဆွတ်နေကြရဆဲပါ၊အမေ ကတော့ ထိခိုက်ခံစားရဆုံးပါဘဲတစ်နေ့တစ်ရက်မှ မမေ့နိုင်၊ တွေးမိတိုင်း နှမြောလွန်း၊နာကျင်လွန်းလို့မျက်ရည်ကျခဲ့ရတာမုသားမပါတဲ့သစ်စာစကားပါ။

ဒါဟာ အမေနဲ့ မိသားစုမို့ နာကျင်ခံစားရတာ မထူးဆန်းပေမဲ့သူ့ရဲ့ပရိတ်သတ်များက သူ့ကို မိသားစုနဲ့ ထပ်တူထပ်မျှသတိရ လွမ်းဆွတ်ကြတာ၊ ကောင်းမှုကုသိုလ် ပြုပေးကြတာတွေ သိရမြင်ရတော့ အံ့ဩ၊ဝမ်းသာရသလိုကျေးဇူးလဲ အခါခါတင်မိပါတယ်။

သူထွက်ခွာသွားချိန်မှစပီးယနေ့ထိ ကူညီလှူဒါန်းပေးခဲ့သူ၊စိတ်ဓါတ်ခွန်အားပေးခဲ့သူ၊အခက်အခဲပြသနာကြုံတိုင်းဝိုင်းဝန်း‌ဖြေရှင်းစောင့်ရှောက်ပေးကြသူအားလုံးကိုရင်ထဲမှာ ထာဝရ မှတ်မှတ်ရရ ရှိနေမှာပါ၊ကိုယ့် ရင်ထဲမှာ၀မ်းသာပီတီဖြစ်သလိုတွတ်ပီလေးလဲ ကျေးဇူးတင်၊ဝမ်းသာပီတိ ဖြစ်‌နေမှာပါ။

အခု တွတ်ပီလေး ခွဲခွာသွားတာတစ်နှစ်ပြည့်ခဲ့ပီ၊တနှစ်ဆိုတဲ့ ကာလတလျောက်လုံးမှာတွတ်ပီလေးကို ချစ်တဲ့ခင်တဲ့သူတွေကနေအန်တီ့ကို တွတ်ပီနဲ့ပတ်သက်တဲ့အမှတ်တရ ပစ္စည်းတွေလိုချင်တယ်ဆိုတဲ့ Message တွေအများကြီးတွေ့ရပါတယ်၊အဲ့ဒီတော့သူ့ကို အားပေးခဲ့၊ချစ်ခင်လွမ်းဆွတ်ခဲ့တဲ့ပရိတ်သတ်နဲ့ fan တွေအတွက် သူဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးတစ်ထည် မဲဖေါက်ပြီး လက်ဆောင်ပါးဖို့အန်တီစဉ်းစားမိတယ်၊ဖြစ်နိုင်ရင်တော့ သူ့ပရိတ်သတ် အယောက်စီတိုင်းကို တစ်ယောက်မကျန် ပေးချင်ပေမဲ့အဲ့လိုမဖြစ်နိုင်၊မတတ်နိုင်တာလဲ သိကြမှာပါ။

အဲ့ဒါကြောင့်အားလုံးထဲက ကံထူးရှင်တစ်ဦးကိုမဲစနစ်နဲ့ ရွေးချယ် လက်ဆောင်ပေးဖို့ဘဲစီစဉ်လိုက်ပါတယ်၊တွတ်ပီ ချန်ထားခဲ့တဲ့ အရာရာတိုင်းဟာသူ့ကိုယ်စား အလွမ်းပြေလေးတွေပါ၊

သူ့မိသားစုအတွက်အတွက်တော့ခွေးကိုက်ခံခဲ့ရတဲ့ဖေါ့ဖိနပ်စုတ်လေးကအစ တန်ဖိုးမဖြတ်နိုင်ပါဘူး၊ဒါကြောင့် ကံထူးရှင်လေးကလည်း ရရှိလာမယ့်လက်ဆောင်‌ လေးကို သူ့မိသားစုလိုဘဲ တန်ဖိုးထားသိမ်းဆည်းပေးပါလို့ မေတ္တာရပ်ခံပါရစေ။

ကံစမ်းမဲကတော့ တွတ်ပီနဲ့ပတ်သက်တဲ့အမှတ်တရဖြစ်ဖြစ်၊တွတ်ပီသီချင်းထဲကအကြိုက်ဆုံးစာသားဖြစ်ဖြစ်၊ဒီ Post အောက်မှာရေးခဲ့ပေးပါ၊ဒီ Post အောက်က Comment တွေကိုComment Picker နဲ့ရွေးပီး တယောက်ကိုတွတ်ပီလေးဆုံးတဲ့ ၂၃ ရက်နေ့ ညနေခင်းလေးမှာအန်တီက မဲဖောက်ရွေးပေးပါမယ်နော်၊ With Love Raymond Family ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd

Leave a Reply

Your email address will not be published.