မဟာတန္းေက်ာင္းသူေလးအသုဘမီးသၿဂႋဳလ္ခါနီးမိခင္မွေနာက္ဆုံးအေနနဲ႔နမ္းလိုက္တဲ့အခ်ိန္မွာ..

Knowledge

မဟာတန်းကျောင်းသူလေးအသုဘမီးသင်္ဂြိုလ်ခါနီးမိခင်မှနောက်ဆုံးအနေနဲ့နမ်းလိုက်တဲ့အချိန်မှာ..see more

တိုးတက် ခေတ်မီ ချင်တဲ့နေရာမှာလိုသလိုဆွဲယူ ခေတ်မီ နေကြပြီး ရှေးဟောင်း အယူသည်းမှုတွေ ကိုတော့မပစ်ပယ်နိုင်ကြသေးဘူး။သေရွာပြန် လူတစ်ယောက်ကို လူနေရပ်ကွက်ထဲ ပြန်ဝင်ခွင့် မပြုနိုင်ဘူးဆိုရင် အသုဘလိုက်ပို့တဲ့ လူတွေပါ ရပ်ကွက်ထဲ ပြန်မ ဝင်ခိုင်းပါနဲ့။

သူတို့တွေလည်း သင်္ချိုင်းကုန်းကို ရောက်ခဲ့ကြတာပဲလေ။လူကို လူလို့ပဲမြင်ပြီး လူ အဖြစ် ပြန်အသိမှတ်ပြုပေးရမှာပေါ့။ကံကောင်း လို့ မသေပဲ အသက်ရှင်လျက် ပြန်ရရှိလိုက်တဲ့လူတစ်ယောက်ကို ဝမ်းမြောက်ဝမ်းသာ ဘာလို့ မကြိုဆိုနိုင်ကြတာလဲ။ ဘာလို့များ လူ့ အသိုင်းအဝိုင်း ကို ပြန်ဝင်ခွင့် မပြုချင်ရတာလဲ။

ကဲ ~ မလိုတဲ့ အယူအဆတွေ ပယ်ကြရအောင်ဗျာ။ မွန်းလွဲ ၁၂ နာရီ၁၅ မိနစ်ခန့် မန္တလေး ကြာနီကန် သုဿန်မှာ ဖြစ်ပွါးခဲ့သည့် ကုန်ထုတ် ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘ မီးသင်္ဂြိုလ် ခါနီးအချိန်တွင် ….

မိခင်ဖြစ်သူမှ နောက်ဆုံးအနေနှင့် နမ်းလိုက်စဉ် နှလုံးခုန်သံကြားရ၍ ဆရာဝန် ပင့်စမ်းသပ်ရာ အသက်ရှင်နေကြောင်း သိရှိရပါတယ်။ မိခင်ဖြစ်သူမှာ ဝမ်းသာလွန်း၍ ထ ကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာ စိုးလို့ဟုဆိုကာ မြို့ထဲသို့ အဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင် ငိုပါတော့တယ်။

အခြား အသုဘတစ်ခုလာပို့သူ မန္တလေး သိန်းဇော် ကိုယ်တိုင်ဝင်ခွင့်ပြုရန် ….တောင်းပန်ပြောဆိုသော်လည်း မြို့လူထုက လက်မခံသဖြင့်မိဘများမှမြို့ပြင်တွင် အိမ်ဆောက် ပေး၍ နေစေမည်ဟု သိရပါသည်။

ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်း ကျောင်းသူတစ်ယောက် လူထဲမတိုးတော့မည့်အဖြစ်မျိုးကား ထိုမိန်းကလေး ဘဝအတွက် နစ်နာလွန်းလှပါတယ်။

အဆိုပါ မိန်းကလေး အပြင် နောက်နောင် ၎င်းကဲ့သို့သော ဖြစ်ရပ်မျိုး ကိုယ်တိုင်ကြုံတွေ့ရစဉ်သော် လည်းကောင်း၊ကိုယ့်မိသားစု အသိုင်းအဝန်းများထံမှ ကြုံတွေ့ရလျှင်သော် လည်းကောင်းရှေးရိုးစွဲ အယူအဆကြောင့် ထိခိုက်သူများ မရှိရစေစရန်အတွက် တာဝန်ရှိသူများနှင့် အများပြည်သူများအပြင် ဘာသာရေး ဆိုင်ရာအယူများဖြစ်သည့်အတွက် ရဟန်းရှင်များလည်း ပါဝင်ပြီး ဝိုင်းဝန်းအဖြေရှာ စဉ်းစား ကူညီကြပါရန် တိုက် တွန်းအပ် ပါတယ် ခင်ဗျာ။

မှတ်ချက်။လွန်ခဲ့တဲ့ အနှစ်(၃၀) ဝန်းကျင်ခန့် မှလည်း လူမျိုးခြားတစ်ဦးဖြစ်သည့် အမျိုးသမီး တစ်ဦး ၎င်းကဲ့သို့ ဖြစ်စဉ် မျိုးကြုံတွေ့ခဲ့ရသဖြင့် သုသာန် တွင် ဈေးရောင်း ရင်း ဘဝကိုဖြတ်သန်းနေရကြောင်း ကျွန်တော်သိမြင်ခဲ့ဖူးပါတယ်။

ရှေးအယူအဆများဖြစ် ဖြစ်သည့်အပေါ် မည်သို့သောဆိုးကျိုးများ ရှိနိုင်သဖြင့် ယခုကဲ့သို့ သတ်မှတ်ထားကြောင်းကိုလည်းမသိနားမလည်သဖြင့်နားလည် တတ်ကျွမ်းသူများ အနေဖြင့် ဗဟုသုတဝေငှပေးပါရန်နှင့် ယခုကဲသို့သော ဖြစ်ရပ်မျိုး မကြုံ ရလေအောင် မည်ကဲ့သို့ ဖြေရှင်းနိုင်မည် စသဖြင့် ရှေးရိုးစွဲများကို လည်း ပြန်လည်ပြင်ဆင်သုံး သပ်သင့် ပါကြောင်း။ ထပ်လောင်း သတိပေးလိုက် ရပါသည်…။

ရှေးထုံးဆိုပေမယ့် ပယ်သင့် တာတွေလဲ ပယ်သင့်တယ် မဟုတ်ပါလားဗျာ…။

Credit

Zawgyi

မဟာတန္းေက်ာင္းသူေလးအသုဘမီးသၿဂႋဳလ္ခါနီးမိခင္မွေနာက္ဆုံးအေနနဲ႔နမ္းလိုက္တဲ့အခ်ိန္မွာ..see more

တိုးတက္ ေခတ္မီ ခ်င္တဲ့ေနရာမွာလိုသလိုဆြဲယူ ေခတ္မီ ေနၾကၿပီး ေရွးေဟာင္း အယူသည္းမႈေတြ ကိုေတာ့မပစ္ပယ္ႏိုင္ၾကေသးဘူး။ေသ႐ြာျပန္ လူတစ္ေယာက္ကို လူေနရပ္ကြက္ထဲ ျပန္ဝင္ခြင့္ မျပဳႏိုင္ဘူးဆိုရင္ အသုဘလိုက္ပို႔တဲ့ လူေတြပါ ရပ္ကြက္ထဲ ျပန္မ ဝင္ခိုင္းပါနဲ႔။

သူတို႔ေတြလည္း သခ်ႋဳင္းကုန္းကို ေရာက္ခဲ့ၾကတာပဲေလ။လူကို လူလို႔ပဲျမင္ၿပီး လူ အျဖစ္ ျပန္အသိမွတ္ျပဳေပးရမွာေပါ့။ကံေကာင္း လို႔ မေသပဲ အသက္ရွင္လ်က္ ျပန္ရရွိလိုက္တဲ့လူတစ္ေယာက္ကို ဝမ္းေျမာက္ဝမ္းသာ ဘာလို႔ မႀကိဳဆိုႏိုင္ၾကတာလဲ။ ဘာလို႔မ်ား လူ႔ အသိုင္းအဝိုင္း ကို ျပန္ဝင္ခြင့္ မျပဳခ်င္ရတာလဲ။

ကဲ ~ မလိုတဲ့ အယူအဆေတြ ပယ္ၾကရေအာင္ဗ်ာ။ မြန္းလြဲ ၁၂ နာရီ၁၅ မိနစ္ခန႔္ မႏၲေလး ၾကာနီကန္ သုႆန္မွာ ျဖစ္ပြါးခဲ့သည့္ ကုန္ထုတ္ ဓါတုေဗဒ မဟာတန္းေက်ာင္းသူေလး အသုဘ မီးသၿဂႋဳလ္ ခါနီးအခ်ိန္တြင္ ….

မိခင္ျဖစ္သူမွ ေနာက္ဆုံးအေနႏွင့္ နမ္းလိုက္စဥ္ ႏွလုံးခုန္သံၾကားရ၍ ဆရာဝန္ ပင့္စမ္းသပ္ရာ အသက္ရွင္ေနေၾကာင္း သိရွိရပါတယ္။ မိခင္ျဖစ္သူမွာ ဝမ္းသာလြန္း၍ ထ ကေသာ္လည္း ရပ္ကြက္လူထုက ၿမိဳ႕နာမွာ စိုးလို႔ဟုဆိုကာ ၿမိဳ႕ထဲသို႔ အဝင္မခံ၍ မိန္းကေလးခမ်ာ ၾကဴၾကဴပါေအာင္ ငိုပါေတာ့တယ္။

အျခား အသုဘတစ္ခုလာပို႔သူ မႏၲေလး သိန္းေဇာ္ ကိုယ္တိုင္ဝင္ခြင့္ျပဳရန္ ….ေတာင္းပန္ေျပာဆိုေသာ္လည္း ၿမိဳ႕လူထုက လက္မခံသျဖင့္မိဘမ်ားမွၿမိဳ႕ျပင္တြင္ အိမ္ေဆာက္ ေပး၍ ေနေစမည္ဟု သိရပါသည္။

ယေန႔လိုေခတ္တြင္ ေရွး႐ိုးအယူအဆမ်ားေၾကာင့္ မဟာတန္း ေက်ာင္းသူတစ္ေယာက္ လူထဲမတိုးေတာ့မည့္အျဖစ္မ်ိဳးကား ထိုမိန္းကေလး ဘဝအတြက္ နစ္နာလြန္းလွပါတယ္။

အဆိုပါ မိန္းကေလး အျပင္ ေနာက္ေနာင္ ၎ကဲ့သို႔ေသာ ျဖစ္ရပ္မ်ိဳး ကိုယ္တိုင္ႀကဳံေတြ႕ရစဥ္ေသာ္ လည္းေကာင္း၊ကိုယ့္မိသားစု အသိုင္းအဝန္းမ်ားထံမွ ႀကဳံေတြ႕ရလွ်င္ေသာ္ လည္းေကာင္းေရွး႐ိုးစြဲ အယူအဆေၾကာင့္ ထိခိုက္သူမ်ား မရွိရေစစရန္အတြက္ တာဝန္ရွိသူမ်ားႏွင့္ အမ်ားျပည္သူမ်ားအျပင္ ဘာသာေရး ဆိုင္ရာအယူမ်ားျဖစ္သည့္အတြက္ ရဟန္းရွင္မ်ားလည္း ပါဝင္ၿပီး ဝိုင္းဝန္းအေျဖရွာ စဥ္းစား ကူညီၾကပါရန္ တိုက္ တြန္းအပ္ ပါတယ္ ခင္ဗ်ာ။

မွတ္ခ်က္။လြန္ခဲ့တဲ့ အႏွစ္(၃၀) ဝန္းက်င္ခန႔္ မွလည္း လူမ်ိဳးျခားတစ္ဦးျဖစ္သည့္ အမ်ိဳးသမီး တစ္ဦး ၎ကဲ့သို႔ ျဖစ္စဥ္ မ်ိဳးႀကဳံေတြ႕ခဲ့ရသျဖင့္ သုသာန္ တြင္ ေဈးေရာင္း ရင္း ဘဝကိုျဖတ္သန္းေနရေၾကာင္း ကြၽန္ေတာ္သိျမင္ခဲ့ဖူးပါတယ္။

ေရွးအယူအဆမ်ားျဖစ္ ျဖစ္သည့္အေပၚ မည္သို႔ေသာဆိုးက်ိဳးမ်ား ရွိႏိုင္သျဖင့္ ယခုကဲ့သို႔ သတ္မွတ္ထားေၾကာင္းကိုလည္းမသိနားမလည္သျဖင့္နားလည္ တတ္ကြၽမ္းသူမ်ား အေနျဖင့္ ဗဟုသုတေဝငွေပးပါရန္ႏွင့္ ယခုကဲသို႔ေသာ ျဖစ္ရပ္မ်ိဳး မႀကဳံ ရေလေအာင္ မည္ကဲ့သို႔ ေျဖရွင္းႏိုင္မည္ စသျဖင့္ ေရွး႐ိုးစြဲမ်ားကို လည္း ျပန္လည္ျပင္ဆင္သုံး သပ္သင့္ ပါေၾကာင္း။ ထပ္ေလာင္း သတိေပးလိုက္ ရပါသည္…။

ေရွးထုံးဆိုေပမယ့္ ပယ္သင့္ တာေတြလဲ ပယ္သင့္တယ္ မဟုတ္ပါလားဗ်ာ…။

Credit

Leave a Reply

Your email address will not be published.