ဒီရက်ပိုင်း အကြာကြီးပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းကို ပြောပြလိုက်တဲ့ ဦးကျော်သက်လင်း
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ မြန်မာပြည်မှာ အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး
၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။




ဦးကျော်သက်လင်း ဟာ ရက်အတော်ကြာတဲ့ထိ လူမှု့ကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေတာကြောင့် ချစ်တဲ့ ပရိသတ်တွေက စိတ်ပူနေကြရပါတယ်။
ဒါပေမယ့်လဲ အမေစုမွေးနေ့ကို မမှီလိုက်ပေမယ့် မွေးနေ့ဆုတောင်းလေးကို သူ့ရဲ့လူမှု့ကွန်ယက်မှတစ်ဆင့် ရေးသားထားပါတယ်။




“Happy Belated Birthdayပါအမေ စိတ်ပူနေကြတဲ့ကျနော့်မိတ်ဆွေတွေအားလုံး ကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါရစေ။
တကယ့်ကိုခက်ခဲတဲ့ကာလရှည်များကိုဖြတ်ကျော်ဆဲမို့ အားလုံးနားလည်ပေးကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ ချစ်ခြင်းများစွာဖြင့်….” လို့ရေးသားထားတာကို တွေ့ရပါတယ်။












Crd