စစ်တပ်တွင် အင်အားပြုန်းတီးမှု နှုန်း မြင့်တက် နေဟု မအလ ၀န်ခံ

News

စစ္တပ္တြင္ စစ္သားမ်ား က်ဆုံး၊ တပ္ေျပး၊ ေထာင္က်၊ ထြက္ခြင့္ေပး အပါ အဝင္ အင္အားျပဳန္းတီးမႈႏႈန္းစစ္တပ္တြင္ း ၂ ရာခိုင္ႏႈန္းအထက္ရွိေန၍ အင္အား မျပဳန္း တီးေရး ေဆာင္ရြက္ရန္ တပ္တြင္း သတိေပးခ်က္ ထုတ္ျပန္

ရန္ကုန္၊ ဇြန္ ၂၁

မင္းေအာင္လွိုင္ ဦးေဆာင္ေသာ အၾကမ္းဖက္စစ္တပ္တြင္ စစ္သားမ်ား က်ဆုံး ျခင္း၊ တပ္ေျပးျခင္း၊ ေထာင္က်ျခင္း၊ ထြက္ခြင့္ေပးျခင္း အပါအဝင္ အင္အားျပဳန္း တီးမႈ ႏႈန္း ၂ ရာခိုင္ႏႈန္းအထက္ရွိေန၍ ယင္းသို႔ကဲ့သို႔ အင္အားျပဳန္းတီးမႈ ရာခိုင္ ႏႈန္း ျမင့္တက္လာျခင္းမရွိေစေရး ေဆာင္ရြက္ရန္ တပ္အတြင္း သတိေပးခ်က္ ထုတ္ျပန္လိုက္ေၾကာင္း သိရွိရသည္။

၂၀၂၂ ခုႏွစ္ မတ္လအတြင္း ကရင္နီျပည္နယ္တြင္ ထိုးစစ္ဆင္ေနေသာ အမွတ္ ၆၆ ေျချမန္တပ္မဌာနခ်ဳပ္သည္ မတ္လအတြင္း ျပဳန္းတီးအင္အား ၅၈ ဦး၊ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္တြင္ ထိုးစစ္ဆင္ေနေသာ အမွတ္ ၁၀ စစ္ဆင္ ေရး ကြပ္ကြဲမႈဌာနခ်ဳပ္၏ ျပဳန္းတီးအင္အားသည္ မတ္လအတြင္း ၁၀၂ ဦးႏွင့္ ကခ်င္ျပည္နယ္တြင္ ထိုးစစ္ဆင္ေနေသာ အမွတ္ ၂၁ စစ္ဆင္ေရး ကြပ္ကဲမႈ ဌာနခ်ဳပ္၏ မတ္လအတြင္း ျပဳန္းတီးအင္အား ၅၁ ဦး ရွိေၾကာင္းသိရွိရသည္။

စစ္တပ္၏ ျပဳန္းတီးအင္အားသည္ ရာခိုင္ႏႈန္းအားျဖင့္ ကရင္နီျပည္နယ္တြင္ အမွတ္ ၆၆ တပ္မဌာနခ်ဳပ္၏ မတ္လ ျပဳန္းတီးအင္အား ရာခိုင္ႏႈန္းသည္ ၃ ဒသမ ၀၁ ရာခိုင္ႏႈန္း၊ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္တြင္ အမွတ္ ၁၀ စစ္ဆင္ ေရး ကြပ္ကဲမႈဌာနခ်ဳပ္၏ မတ္လ ျပဳန္းတီးအင္အား ရာခိုင္ႏႈန္းသည္ ၆ ဒသမ ၈၆ ရာခိုင္ႏႈန္း၊ ကခ်င္ျပည္နယ္တြင္ အမွတ္ ၂၁ စစ္ဆင္ေရးကြပ္ကဲမႈ ဌာန ခ်ဳပ္၏ ျပဳန္းတီးအင္အား ရာခိုင္ႏႈန္းသည္ ၂ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊

ထို႔ေၾကာင့္ ျပဳန္းတီးမႈ အင္အား ၂ ရာခိုင္ႏႈန္း ေက်ာ္လြန္သျဖင့္ ေနာင္ အလားတူ ရာခိုင္ႏႈန္း ေက်ာ္လြန္မႈ မရွိေစေရး တာဝန္ရွိသူမ်ားက အေလးထား ၾကပ္မတ္သြားရန္ ရည္ညြန္းပါစာျဖင့္ သတိေပးလာခဲ့ေၾကာင္း သိရွိရသည္။

“မတ္လတုန္းက စာရင္းေတာင္ အဲဒီေလာက္ဆိုရင္ တစ္လတည္းေတာင္ အဲဒီေလာက္ဆိုရင္ နည္းနည္းေနာေနာမဟုတ္ဘူး။ တကယ့္ကို တိုက္ပြဲျဖစ္တဲ့ေနရာေတြမွာအက်အဆုံးေတြ နည္းနည္းေနာေနာမဟုတ္ဘူး။ အဲဒီေလာက္အထိ မ်ားေနတာ။ ဒါေတာင္ ၃ လပိုင္း တစ္လပဲရွိေသးတယ္။ ၄ လပိုင္း၊ ၅ လပိုင္းေတြပါ ထည့္တြက္ရင္ အဲဒီထက္မ်ား ဖို႔ပဲရွိတယ္” ဟု CDM ဗိုလ္ႀကီး လင္းထက္ေအာင္က ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္၏ ေန႔စဥ္ ထုတ္ျပန္ေသာ တိုက္ပြဲမ်ားတြင္ ေသဆုံးေသာ စစ္သား ေသဆုံးမႈ စာရင္းမ်ားအရ တစ္ေန႔လၽွင္ စစ္သား ေသဆုံးမႈသည္ ပၽွမ္းမၽွ ၅၀ နီးပါးဝန္းက်င္တြင္ရွိေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ – ခ်င္းျပည္နယ္တြင္ CDF-Matupi, CNA ပူးေပါင္းအဖြဲ႕ႏွင့္ အၾကမ္း ဖက္ စစ္ေကာင္စီတပ္အၾကား ၂၀၂၁ခုႏွစ္ ဇူလိုင္ ၃၀ ရက္​ေန႔ မတူပီ-မင္းတပ္ လမ္းမႀကီး မိုင္တိုင္ ၇၃ တြင္ တိုက္ပြဲျဖစ္ရာ အၾကမ္းဖက္စစ္တပ္မွ တပ္ ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေဇာ္ေဇာ္စိုး ေသဆုံးၿပီး အေလာင္းျမႇုပ္ႏွံထားစဥ္။

Zawgyi

စစ်တပ်တွင် စစ်သားများ ကျဆုံး၊ တပ်ပြေး၊ ထောင်ကျ၊ ထွက်ခွင့်ပေး အပါ အဝင် အင်အားပြုန်းတီးမှုနှုန်းစစ်တပ်တွင် း ၂ ရာခိုင်နှုန်းအထက်ရှိနေ၍ အင်အား မပြုန်း တီးရေး ဆောင်ရွက်ရန် တပ်တွင်း သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၁

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်တွင် စစ်သားများ ကျဆုံး ခြင်း၊ တပ်ပြေးခြင်း၊ ထောင်ကျခြင်း၊ ထွက်ခွင့်ပေးခြင်း အပါအဝင် အင်အားပြုန်း တီးမှု နှုန်း ၂ ရာခိုင်နှုန်းအထက်ရှိနေ၍ ယင်းသို့ကဲ့သို့ အင်အားပြုန်းတီးမှု ရာခိုင် နှုန်း မြင့်တက်လာခြင်းမရှိစေရေး ဆောင်ရွက်ရန် တပ်အတွင်း သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်နေသော အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်သည် မတ်လအတွင်း ပြုန်းတီးအင်အား ၅၈ ဦး၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ထိုးစစ်ဆင်နေသော အမှတ် ၁၀ စစ်ဆင် ရေး ကွပ်ကွဲမှုဌာနချုပ်၏ ပြုန်းတီးအင်အားသည် မတ်လအတွင်း ၁၀၂ ဦးနှင့် ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသော အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ မတ်လအတွင်း ပြုန်းတီးအင်အား ၅၁ ဦး ရှိကြောင်းသိရှိရသည်။

စစ်တပ်၏ ပြုန်းတီးအင်အားသည် ရာခိုင်နှုန်းအားဖြင့် ကရင်နီပြည်နယ်တွင် အမှတ် ၆၆ တပ်မဌာနချုပ်၏ မတ်လ ပြုန်းတီးအင်အား ရာခိုင်နှုန်းသည် ၃ ဒသမ ၀၁ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အမှတ် ၁၀ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်၏ မတ်လ ပြုန်းတီးအင်အား ရာခိုင်နှုန်းသည် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊

ကချင်ပြည်နယ်တွင် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်၏ ပြုန်းတီးအင်အား ရာခိုင်နှုန်းသည် ၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်း ကျော်လွန်သဖြင့် နောင် အလားတူ ရာခိုင်နှုန်း ကျော်လွန်မှု မရှိစေရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်သွားရန် ရည်ညွန်းပါစာဖြင့် သတိပေးလာခဲ့ကြောင်း သိရှိရသည်။

“မတ်လတုန်းက စာရင်းတောင် အဲဒီလောက်ဆိုရင် တစ်လတည်းတောင် အဲဒီလောက်ဆိုရင် နည်းနည်းနောနောမဟုတ်ဘူး။ တကယ့်ကို တိုက်ပွဲဖြစ်တဲ့နေရာတွေမှာအကျအဆုံးတွေ နည်းနည်းနောနောမဟုတ်ဘူး။ အဲဒီလောက်အထိ များနေတာ။ ဒါတောင် ၃ လပိုင်း တစ်လပဲရှိသေးတယ်။ ၄ လပိုင်း၊ ၅ လပိုင်းတွေပါ ထည့်တွက်ရင် အဲဒီထက်များ ဖို့ပဲရှိတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ နေ့စဉ် ထုတ်ပြန်သော တိုက်ပွဲများတွင် သေဆုံးသော စစ်သား သေဆုံးမှု စာရင်းများအရ တစ်နေ့လျှင် စစ်သား သေဆုံးမှုသည် ပျှမ်းမျှ ၅၀ နီးပါးဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ချင်းပြည်နယ်တွင် CDF-Matupi, CNA ပူးပေါင်းအဖွဲ့နှင့် အကြမ်း ဖက် စစ်ကောင်စီတပ်အကြား ၂၀၂၁ခုနှစ် ဇူလိုင် ၃၀ ရက်​နေ့ မတူပီ-မင်းတပ် လမ်းမကြီး မိုင်တိုင် ၇၃ တွင် တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်မှ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး သေဆုံးပြီး အလောင်းမြှုပ်နှံထားစဉ်။

Crd

Leave a Reply

Your email address will not be published.