ဖမ်းခံရတာချင်းတူပေမယ့် ပြည်သူတွေရဲ့ဝန်းရံခြင်းကိုမခံရတဲ့ ဟာသသရုပ်ဆောင် ဆင်မ

News

ဖမ်းခံရတာချင်းတူပေမယ့် ပြည်သူတွေရဲ့ဝန်းရံခြင်းကိုမခံရတဲ့ ဟာသသရုပ်ဆောင် ဆင်မ








Unicode

ဖမ်းခံရတာချင်းတူပေမယ့် ပြည်သူတွေရဲ့ဝန်းရံခြင်းကိုမခံရတဲ့ ဟာသသရုပ်ဆောင် ဆင်မ

ပရိသတ်ကြီးရေ ပြည်သူ့အချစ်‌တော် ဟာသသရုပ်ဆောင် လူရွှင်တော် ဆင်မ ကတော့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူတူ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာပဲဖြစ်ပါတယ်။

ပြည်သူတွေနဲ့ အမှန်တရားဘက်ကနေ တွေဝေမနေဘဲ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။

ဒါကြောင့် ဆင်မ ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားဆိုခံထားရပြီးနောက် နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအင်းစိန်ထောင်မှာ အကျဉ်းကျခံနေရပါတယ်။

ဟာသ သရုပ်ဆောင် ဆင်မဟာ အာဏာရှင်တော်လှန်ရေးမှာ အားတက်သရောပါဝင်လှုပ်ရှားနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဆင်မ ကတော့ ဖမ်းခံရတာချင်းတူပေမယ့် ပြည်သူတွေရဲ့ဝန်းရံခြင်းကို မခံခဲ့ရပါဘူး။

အမှန်တရားဘက်မှာ ရပ်တည်ရင်းနဲ့ ပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက် ဆန္ဒအတူတကွ ထုတ်ဖော်ပြသခဲ့တဲ့ အနုပညာရှင်တွေဟာ ကံမကောင်းစွာနဲ့ ဖမ်းဆီးခံရပြီး အကျဉ်းကျခံနေရပါတယ်။

ပြည်သူချစ် သရုပ်ဆောင် ဦးဆင်မ အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd

Leave a Reply

Your email address will not be published.