လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် နေခန့်နိုင်က Dark Shadow အဖွဲ့ကို ဖမ်းဆီးရန် စစ်တပ်သတင်းပေး လုပ်ခဲ့ဟု စွပ်စွဲ ဖော်ထုတ်

News

လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် နေခန့်နိုင်က Dark Shadow အဖွဲ့ကို ဖမ်းဆီးရန် စစ်တပ်သတင်းပေး လုပ်ခဲ့ဟု စွပ်စွဲ ဖော်ထုတ်

ရန်ကုန်၊ ဇွန် ၂၁

လူငယ့်ခေတ်

လူမှုကွန်ရက်စာမျက်နှာတွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးရဲဘော် ကိုနေခန့်နိုင်သည် ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်များကို ဖမ်းဆီးနိုင်ရန်အတွက် စစ်ကောင်စီကို ကူညီပေးခဲ့သည်ဟု Dark Shadow မြို့ပြပြောက်ကျားအဖွဲ့ကို တည်ထောင်ခဲ့သူ ကိုချမ်းငြိမ်းသူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားကာ စွပ်စွဲ ဖော်ထုတ်ခဲ့သည်။

ကိုနေခန့်နိုင်သည် ငရုတ်သီးဟူသော အမည်ဝှက်ဖြင့် Dark Shadow အဖွဲ့သို့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ချိတ်ဆက်ကာ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့် စစ်ဆင်ရေးတစ်ခုကို လက်တွဲလုပ်ကိုင်စဉ် Dark Shadow အဖွဲ့၀င် ၃ ဦးဖမ်းဆီးခံခဲ့သည်ဟု ၎င်းက ရေးသားခဲ့သည်။

“ထောင်ထဲက ရဲဘော်တွေက ငရုတ်သီး ဒလန်လုပ်တာကို တရားရုံးထုတ်တိုင်း ပြောတယ်။ သူ့ကြောင့် ကျွန်တော်တို့ ၀ပ်ကျင်း အစီးခံရတယ်။ ရဲဘော်တွေလည်း တောထဲပြေးကုန်ရတယ်”ဟု ကိုငြိမ်းချမ်းသူက ပြောသည်။

ကိုနေခန့်နိုင် (ခ) ငရုတ်သီးသည် ရန်ကုန်မြို့သို့ ပြန်‌လည် မရောက်ခင်က အမျိုးသားညီညွှတ်ရေးအစိုးရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ညိုတပ်ရင်း တပ်ခွဲ ၂ မှ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်သည်ဟု တော်လှန်ရေးသမားများက ထုတ်ဖော်ရေးသားကြသော်လည်း လူငယ့်ခေတ်အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

“ကျွန်တော် အကုန်ဖြေရှင်းမှာပါ။ ကျွန်‌တော်ပြောလည်း ယုံမှာ မဟုတ်တဲ့အတွက် ကျွန်တော့်ခေါင်းဆောင်ကို ပြောထားပါတယ်။ သူ ပို့စ်တင်ပြီး ဖြေရှင်းပေးပါလိမ့်မယ် ခင်ဗျာ” ကိုနေခန့်နိုင်က လူငယ့်ခေတ်သို့ ပြောသည်။

ရုပ်ရည်ပြေပြစ်သော ကိုနေခန့်နိုင် ငရုတ်သီးထောင်းနေသည့် ဓာတ်ပုံ ၁ ပုံမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လူမှုကွန်ရက်၌ ပျံ့နှ့ံလာရာ တော်လှန်ရေးကို အားပေးသည့် အချို့သောအမျိုးသမီးငယ်များအကြား၌ လူပြောများခဲ့သေးသည်။

Dark Shadow မြို့ပြပျောက်ကျားအဖဲွ့ တည်ထောင်သူ ကိုချမ်းငြိမ်းသူကလည်း ကာယကံရှင် ကိုနေခန့်နိုင် အနေဖြင့် အဆိုပါ စွပ်စွဲချက်မမှန်ကန်ပါက သက်ဆိုင်သည့် လူကြီးဖြင့် ရှင်းလင်းရန်လည်း ပြောထားသည်။

Crd

Unicode

လူမႈကြန္ရက္တြင္ နာမည္ႀကီးခဲ့သည့္ ေတာ္လွန္ေရးရဲေဘာ္ ေနခန႔္နိုင္က Dark Shadow အဖြဲ႕ကို ဖမ္းဆီးရန္ စစ္တပ္သတင္းေပး လုပ္ခဲ့ဟု စြပ္စြဲ ေဖာ္ထုတ္

ရန္ကုန္၊ ဇြန္ ၂၁

လူငယ့္ေခတ္

လူမႈကြန္ရက္စာမ်က္ႏွာတြင္ နာမည္ႀကီးခဲ့သည့္ ေတာ္လွန္ေရးရဲေဘာ္ ကိုေနခန႔္နိုင္သည္ ရန္ကုန္ၿမိဳ႕ျပေျပာက္က်ားရဲေဘာ္မ်ားကို ဖမ္းဆီးနိုင္ရန္အတြက္ စစ္ေကာင္စီကို ကူညီေပးခဲ့သည္ဟု Dark Shadow ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ကို တည္ေထာင္ခဲ့သူ ကိုခ်မ္းၿငိမ္းသူက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားကာ စြပ္စြဲ ေဖာ္ထုတ္ခဲ့သည္။

ကိုေနခန႔္နိုင္သည္ င႐ုတ္သီးဟူေသာ အမည္ဝွက္ျဖင့္ Dark Shadow အဖြဲ႕သို႔ ၂၀၂၂ ခုႏွစ္ ဧၿပီလအတြင္း ခ်ိတ္ဆက္ကာ ေရာက္ရွိလာျခင္းျဖစ္ၿပီး ၎ႏွင့္ စစ္ဆင္ေရးတစ္ခုကို လက္တြဲလုပ္ကိုင္စဥ္ Dark Shadow အဖြဲ႕၀င္ ၃ ဦးဖမ္းဆီးခံခဲ့သည္ဟု ၎က ေရးသားခဲ့သည္။

“ေထာင္ထဲက ရဲေဘာ္ေတြက င႐ုတ္သီး ဒလန္လုပ္တာကို တရား႐ုံးထုတ္တိုင္း ေျပာတယ္။ သူ႔ေၾကာင့္ ကၽြန္ေတာ္တို႔ ၀ပ္က်င္း အစီးခံရတယ္။ ရဲေဘာ္ေတြလည္း ေတာထဲေျပးကုန္ရတယ္”ဟု ကိုၿငိမ္းခ်မ္းသူက ေျပာသည္။

ကိုေနခန႔္နိုင္ (ခ) င႐ုတ္သီးသည္ ရန္ကုန္ၿမိဳ႕သို႔ ျပန္‌လည္ မေရာက္ခင္က အမ်ိဳးသားညီညႊတ္ေရးအစိုးရ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေတာင္ညိဳတပ္ရင္း တပ္ခြဲ ၂ မွ ေတာ္လွန္ေရးရဲေဘာ္တစ္ဦး ျဖစ္သည္ဟု ေတာ္လွန္ေရးသမားမ်ားက ထုတ္ေဖာ္ေရးသားၾကေသာ္လည္း လူငယ့္ေခတ္အေနျဖင့္ အတည္ျပဳေနဆဲျဖစ္သည္။

“ကၽြန္ေတာ္ အကုန္ေျဖရွင္းမွာပါ။ ကၽြန္‌ေတာ္ေျပာလည္း ယုံမွာ မဟုတ္တဲ့အတြက္ ကၽြန္ေတာ့္ေခါင္းေဆာင္ကို ေျပာထားပါတယ္။ သူ ပို႔စ္တင္ၿပီး ေျဖရွင္းေပးပါလိမ့္မယ္ ခင္ဗ်ာ” ကိုေနခန႔္နိုင္က လူငယ့္ေခတ္သို႔ ေျပာသည္။

႐ုပ္ရည္ေျပျပစ္ေသာ ကိုေနခန႔္နိုင္ င႐ုတ္သီးေထာင္းေနသည့္ ဓာတ္ပုံ ၁ ပုံမွာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလတြင္ လူမႈကြန္ရက္၌ ပ်ံ႕ႏွ႕ံလာရာ ေတာ္လွန္ေရးကို အားေပးသည့္ အခ်ိဳ႕ေသာအမ်ိဳးသမီးငယ္မ်ားအၾကား၌ လူေျပာမ်ားခဲ့ေသးသည္။

Dark Shadow ၿမိဳ႕ျပေပ်ာက္က်ားအဖဲြ႕ တည္ေထာင္သူ ကိုခ်မ္းၿငိမ္းသူကလည္း ကာယကံရွင္ ကိုေနခန႔္နိုင္ အေနျဖင့္ အဆိုပါ စြပ္စြဲခ်က္မမွန္ကန္ပါက သက္ဆိုင္သည့္ လူႀကီးျဖင့္ ရွင္းလင္းရန္လည္း ေျပာထားသည္။

Crd

Leave a Reply

Your email address will not be published.