မောင်တောမြို့က ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေမှုဟာ

News

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္က ပညာေရးဝန္ထမ္းႏွစ္ဦး ေပ်ာက္ဆုံးေနမႈဟာ ARSA အဖြဲ႕ရဲ႕လက္ခ်က္ျဖစ္ၿပီး ARSA က ဒီပညာေရးဝန္ထမ္းႏွစ္ေယာက္ကို ျပန္ေပးဆြဲထားတာျဖစ္ေၾကာင္း ULA/AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က တြစ္တာလူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပလိုက္ပါတယ္။

“ဘဂၤလားေဒ့ရွ္ နယ္စပ္ေနရာအနီးမွာ ေက်ာင္းဆရာ၊ ဆရာမ ႏွစ္ေယာက္ကို ARSA က ျပန္ေပးဆြဲလိုက္တာဟာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာရွိတဲ့ မြတ္စလင္ဒုကၡသည္ေတြအတြက္သာမက

ရခိုင္ျပည္နယ္မွာရွိတဲ့ မတူညီ လူမႈအသိုင္းအဝိုင္းအၾကား ယုံၾကည္မႈနဲ႔ လူမႈစည္းလုံးညီၫြတ္မႈကို ေလ်ာ့ပါးေစတဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕အားထုတ္မႈေတြကို ထိခိုက္ေစႏိုင္ပါတယ္” လို႔ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က အသိေပး ေရးသားထားတာကို တြစ္တာလူမႈကြန္ရက္စာမ်က္ႏွာမွာ ျမင္ေတြ႕ရပါတယ္။

ေမာင္ေတာၿမိဳ႕၊ သေဘၤာလွ(အမက)ေက်ာင္းက ေက်ာင္းအုပ္ျဖစ္သူ ဦးဘိုဝင္းနဲ႔ မူလတန္းျပဆရာမ ေဒၚဥမၼာေက်ာ္ တို႔ဟာ ဇြန္ ၁၆ ရက္ေန႔ ေန႔လည္ ၁ နာရီေက်ာ္အခ်ိန္ေလာက္ ေမာင္ေတာၿမိဳ႕နယ္ ပညာေရးမႉး႐ုံးကို ဆိုင္ကယ္နဲ႔သြားေနစဥ္အခိုက္ လမ္းမွာ ေပ်ာက္ဆုံးသြားခဲ့တာပဲျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာ ျပန္ေပးသမားလို႔ ယူဆရသူက ပညာေရးမႉးဆီကို ဆက္သြယ္ၿပီး ေက်ာင္းအုပ္ျဖစ္သူ ဦးဘိုဝင္းနဲ႔ မူလတန္းျပဆရာမ ေဒၚဥမၼာေက်ာ္တို႔ကို တာကာေငြ သိန္း ၅၀ နဲ႔ ျပန္ေ႐ြးဖို႔ ေျပာခဲ့ေၾကာင္း သိရပါတယ္။

ျပန္ေပးသမားလို႔ ယူဆရသူဟာ ဘဂၤါလီစကားအသုံးအႏႈန္းနဲ႔ေျပာၾကားကာ ျပန္ေ႐ြးေငြကို ေတာင္းခံခဲ့တာျဖစ္ၿပီး မေန႔က တာကာေငြ သိန္း ၂၀ လႊဲေပးလိုက္ေပမယ့္ ေက်ာင္းအုပ္ျဖစ္သူ ဦးဘိုဝင္းနဲ႔ မူလတန္းျပဆရာမ ေဒၚဥမၼာေက်ာ္တို႔ကို ျပန္ေပးသမားေတြကို လႊတ္ေပးတာမ်ိဳး မရွိခဲ့ဘူးလို႔ သတင္းၾကားသိရပါတယ္။

နယ္ျခားေစာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ မေန႔က အခုျပန္ေပးမႈနဲ႔ပတ္သက္လို႔ မသကၤာသူ ၁၃ ေယာက္ကို ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ျပန္ေပးသမားေတြကို ဖမ္းမိႏိုင္ဖို႔အတြက္လည္း ဘဂၤလားေဒ့ရွ္ဘက္နဲ႔ ဆက္သြယ္ေဆာင္႐ြက္ေနေၾကာင္း သိရွိရပါတယ္။

လက္ရွိမွာ အဆိုပါ ပညာေရးဝန္ထမ္းႏွစ္ဦး ေပ်ာက္ဆုံးေနတာကို သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ေဒသခံေတြ ပူးေပါင္းကာ ရွာေဖြေနေပမယ့္ အခုအခ်ိန္အထိ ျပန္လည္မေတြ႕ရွိရေသးဘူးလို႔ သတင္းၾကားသိရပါတယ္။

မောင်တောမြို့က ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေမှုဟာ ARSA ရဲ့လက်ချက်ဖြစ်ပြီး ARSA က ပြန်ပေးဆွဲထားတာလို့ AA စစ်ဦးစီးချုပ်က တွစ်တာမှာ ရေးသား

ရန်ကုန်၊ ဇွန် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေမှုဟာ ARSA အဖွဲ့ရဲ့လက်ချက်ဖြစ်ပြီး ARSA က ဒီပညာရေးဝန်ထမ်းနှစ်ယောက်ကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ် နယ်စပ်နေရာအနီးမှာ ကျောင်းဆရာ၊ ဆရာမ နှစ်ယောက်ကို ARSA က ပြန်ပေးဆွဲလိုက်တာဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စလင်ဒုက္ခသည်တွေအတွက်သာမက

ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီ လူမှုအသိုင်းအဝိုင်းအကြား ယုံကြည်မှုနဲ့ လူမှုစည်းလုံးညီညွတ်မှုကို လျော့ပါးစေတဲ့အတွက် ကျွန်တော်တို့ရဲ့အားထုတ်မှုတွေကို ထိခိုက်စေနိုင်ပါတယ်” လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အသိပေး ရေးသားထားတာကို တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ မြင်တွေ့ရပါတယ်။

မောင်တောမြို့၊ သင်္ဘောလှ(အမက)ကျောင်းက ကျောင်းအုပ်ဖြစ်သူ ဦးဘိုဝင်းနဲ့ မူလတန်းပြဆရာမ ဒေါ်ဥမ္မာကျော် တို့ဟာ ဇွန် ၁၆ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်လောက် မောင်တောမြို့နယ် ပညာရေးမှူးရုံးကို ဆိုင်ကယ်နဲ့သွားနေစဉ်အခိုက် လမ်းမှာ ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ပြန်ပေးသမားလို့ ယူဆရသူက ပညာရေးမှူးဆီကို ဆက်သွယ်ပြီး ကျောင်းအုပ်ဖြစ်သူ ဦးဘိုဝင်းနဲ့ မူလတန်းပြဆရာမ ဒေါ်ဥမ္မာကျော်တို့ကို တာကာငွေ သိန်း ၅၀ နဲ့ ပြန်ရွေးဖို့ ပြောခဲ့ကြောင်း သိရပါတယ်။

ပြန်ပေးသမားလို့ ယူဆရသူဟာ ဘင်္ဂါလီစကားအသုံးအနှုန်းနဲ့ပြောကြားကာ ပြန်ရွေးငွေကို တောင်းခံခဲ့တာဖြစ်ပြီး မနေ့က တာကာငွေ သိန်း ၂၀ လွှဲပေးလိုက်ပေမယ့် ကျောင်းအုပ်ဖြစ်သူ ဦးဘိုဝင်းနဲ့ မူလတန်းပြဆရာမ ဒေါ်ဥမ္မာကျော်တို့ကို ပြန်ပေးသမားတွေကို လွှတ်ပေးတာမျိုး မရှိခဲ့ဘူးလို့ သတင်းကြားသိရပါတယ်။

နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မနေ့က အခုပြန်ပေးမှုနဲ့ပတ်သက်လို့ မသင်္ကာသူ ၁၃ ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြန်ပေးသမားတွေကို ဖမ်းမိနိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာ အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေတာကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ ရှာဖွေနေပေမယ့် အခုအချိန်အထိ ပြန်လည်မတွေ့ရှိရသေးဘူးလို့ သတင်းကြားသိရပါတယ်။

Crd

Leave a Reply

Your email address will not be published.