နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားခွင် မစခင် ရှေ့နေတွေက မွေးနေ့ကျင်းပပေး ရှေ့နေများနှင့်အတူ မွေးနေ့ကိတ်ခွဲ

News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားခွင် မစခင် ရှေ့နေတွေက မွေးနေ့ကျင်းပပေး ရှေ့နေများနှင့်အတူ မွေးနေ့ကိတ်ခွဲ

ဧရာဝတီ၊ ဇွန် ၂၀၊ ၂၀၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ ၇၇ နှစ်ပြည့်မွေးနေ့ပွဲအား တရက်နောက်ပြီးမှသာ ယနေ့ တရားရုံးချိန်းမစတင်မီတွင် ရှေ့နေအဖွဲ့နှင့်အတူ မွေးနေ့ကိတ်ခွဲခဲ့ရကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခံရကာ အမှုများစွာဖြင့် တရားစွဲခံထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၇၇ နှစ် မြောက်မွေးနေ့မှာ ပိတ်ရက်ဖြစ်သည့် ယမန်နေ့က ကျရောက်ခဲ့ခြင်းဖြစ်သည့်အတွက် ကျင်းပဖို့အခွင့်အရေးမရခဲ့ဘဲ ယနေ့ရုံးထုတ်မှသာ ရှေ့နေအဖွဲ့နှင့်အတူ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

တရားရုံးနှင့် နီးစပ်သူတဦးက “မနေ့က ပိတ်ရက်ဆိုတော့ နီးစပ်သူတွေက ကိတ်မုန့်ကို သူ့ဆီ(ဒေါ်အောင်ဆန်းစုကြည်) ပို့ပေးတယ်လို့ သိရတယ်၊ အဲဒါကို ကိတ်မုန့်ကို ဒီနေ့မှ ပြန်ယူလာခဲ့ပြီး ရှေ့နေအဖွဲ့နဲ့ပဲ တရားခွင်မစခင်မှာ မွေးနေ့အထိမ်း အမှတ်လေး ပြုလုပ်ခဲ့တာ” ဟု ပြောသည်။

ယနေ့ရုံးချိန်းတွင် စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများစွာထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးရဟတ်ယာဉ် ငှားရမ်းသုံးစွဲမှုနှင့် ပတ်သက်ပြီး စွဲဆိုထားသည့် အဂတိမှုအား စစ်ဆေးခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတာဝန်ယူခဲ့သူ ဦးစိုးအောင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ကောင်စီ၏ စွပ်စွဲတရားစွဲဆိုမှုများဖြင့် ထောင် ၁၁ နှစ်ချခံထားရသည့်အပြင် အခြားသော အမှုများစွာကိုလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

အတိုင်ပင်ခံအပေါ် စွပ်စွဲတဲ့ ရဟတ်ယာဥ်ငှားရမ်းမှုဆိုင်ရာ အဂတိမှုကို ဆက်လက်ကြားနာ၊ ရုံးချိန်းမတိုင်မီ ရှေ့နေတွေက မွေးနေ့ကျင်းပပေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ ရဟတ်ယာဥ်ငှားရမ်းမှုဆိုင်ရာ အဂတိမှုကို ဒီနေ့ ဇွန်လ ၂၀ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ ဆက်လက်ကြားနာခဲ့ပါတယ်။

သဘာဝဘေးကူညီကယ်ဆယ်ရေးအတွက် အီတလီထုတ် ရဟတ်ယာဥ်တစ်စင်းဝယ်ယူမှုမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် နိုင်ငံ့ဘဏ္ဍာဆုံးရှုံးစေတယ်ဆိုပြီး အဂတိမှုနဲ့ စွပ်စွဲခံရတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ လူကယ်ပြန်ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်ကို အမှုအတွက် ရှေ့နေတွေက အပြန်အလှန် မေးခွန်းမေးမြန်းခဲ့ပါတယ်။

‌ပြန်လှန်စစ်မေးချိန်မလောက်တာကြောင့် ရဟတ်ယာဥ်နဲ့ဆက်စပ်တဲ့ တခြားအမှုတွေရဲ့ ရုံးချိန်းကို လာမယ့်တစ်ပတ် တနင်္လာနေ့ကို ရုံးချိန်း ထပ်ချိန်းခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ ဒီအမှုအပြင် ရဟတ်ယာဥ် ငှားရမ်းမှု၊ နောက် ငှားထားတဲ့ရဟတ်ယာဥ်ကို အချိန်ပြည့်အောင် အသုံးမပြုမှု စတဲ့ အဂတိအမှု ၅ မှုနဲ့စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေစီစဥ်ပေးတဲ့ မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ပွဲကျင်းပခဲ့တယ်လို့တရားရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Crd

Leave a Reply

Your email address will not be published.