ယုတ္တိမရှိတဲ့ ဖြေဆိုသူစာရင်း ဆယ်တန်း စာမေးပွဲမှာ စကစ ထည့်ထားတဲ့ ဂျင်း ပေါ်ပါပြီ၊ အောင်ပြီး ဂုဏ်ရထားတဲ့ သူတွေကတော့ ရှက်ဖွယ်ပါပဲ

News

ယုတ္တိမရှိတဲ့ ဖြေဆိုသူစာရင်း ဆယ်တန်း စာမေးပွဲမှာ စကစ ထည့်ထားတဲ့ ဂျင်း ပေါ်ပါပြီ၊ အောင်ပြီး ဂုဏ်ရထားတဲ့ သူတွေကတော့ ရှက်ဖွယ်ပါပဲ

၁၇-၆-၂၀၂၂ ခုနှစ် သောကြာနေ့မှာ ထွက်ခဲ့တဲ့ စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကတော့ လူမှုကွန်ယက်တွေမှာ ပွဲဆူလျက် ရှိနေဆဲပါပဲ။

ပေါချောင်အောင် တက္ကသိုလ်ဝင်စာမေးပွဲလို့ ပြည်သူအများစုက ခေါ်ကြတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသားဦးရေ ၃ သိန်းကျော်ရှိတယ်လို့ စကစ က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လာရောက်ဖြေဆိုသူ နှစ်သိန်း ရှစ်သောင်းကျော်သာ ရှိကြောင်းကို စကစရဲ့ ဝါဒဖြန့်သတင်းစာမှာ အတိအလင်း ဖော်ပြထားပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ဖော်ပြထားချက်အရ အဲဒီနေ့မှာ ပြုလုပ်တဲ့ စာမေးပွဲကို လူပေါင်း ၂၈၁၂၄၉ ဦး ဝင်ရောက် ဖြေဆိုတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် မနေ့က ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှာတော့ ဝင်ရောက် ဖြေဆိုသူ ၂၈၁၇၅၁ ဖြစ်နေပါတယ်။ ကွာခြားချက်က ၅၀၂ ဦး ဖြစ်နေပါတယ်။ သင်္ချာဖြေတုန်းကထက် အောင်စာရင်းထွက်တဲ့အချိန်မှာ ၅၀၂ ဦး ပိုများနေတာပါ။ဖြစ်သင့်တာက သင်္ချာဖြေပြီးနောက်နေ့တွေမှာ

အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖြေဆိုနိုင်တဲ့ သူတွေ ရှိတဲ့အတွက် ဖြေဆိုသူ ဦးရေ ပိုမိုလျော့သွားရမှာ ဖြစ်ပါတယ်။ အဲဒီလို မလျော့သွားတဲ့အပြင် ပိုတောင် တိုးလာတဲ့အတွက် စကစရဲ့ ယခုနှစ် တက္ကသို လ်ဝင်တန်းအောင်စာရင်းဟာ ဘယ်လိုမှ ယုတ္တိမရှိဘဲ စာရင်းလိမ်တခု ဖြစ်သွားခဲ့ပါပြီ။

ယခုလို စုစုပေါင်း စာရင်းအနှစ်ချုပ်မှာတောင် ဒီလို ဖြစ်နေရင် ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းတကျောင်းချင်း စတဲ့ အောက်ခြေအဆင့်ဆင့် စာရင်းတွေမှာ ဘယ်လောက်တောင် လွဲနေမလဲဆိုတာ စဉ်းစားကြည့်နိင်ပါတယ်။

စာရင်းလွဲရုံသာမက မသမာမှု၊ အဂတိမှု၊ လာဘ်စားမှုတွေ အများအပြားလည်း ရှိနေနိုင်ပါတယ်။နဂိုကတ ည်းက သင်ရိုးညွှန်းတမ်း သုံးပုံတပုံပဲ သင်လို့ မေးခွန်းအပြည့် မထုတ်ခဲ့ရတဲ့အထဲ မေးခွန်း ကြိုပေါက်ခြင်း၊ အမှတ်လိုက်ခြင်း၊ ဂုဏ်ထူးလိုက်ခြင်း စတဲ့ အဂတိကိစ္စတွေ သေချာပေါက် ရှိကို ရှိနေနိုင်ပါတယ်။

အဲဒါကြောင့် စာသင်နှစ် အစကတည်းက အိုးနင်းခွ က်နင်းနဲ့ ကကျိုးကကြောင် ဖြစ်နေတဲ့ ၂၀၂၂ ခုနှစ် စကစ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်တွေကို အဖက်မလုပ်ခြင်း၊ ဖျက်သိမ်းပစ်လိုက်ခြင်းသာ အကောင်းဆုံးပဲ ဖြစ်ပါတော့တယ်။

Crd

Unicode

ယုတ္တိမရှိတဲ့ ဖြေဆိုသူစာရင်း ဆယ်တန်း စာမေးပွဲမှာ စကစ ထည့်ထားတဲ့ ဂျင်း ပေါ်ပါပြီ၊ အောင်ပြီး ဂုဏ်ရထားတဲ့ သူတွေကတော့ ရှက်ဖွယ်ပါပဲ

၁၇-၆-၂၀၂၂ ခုႏွစ္ ေသာၾကာေန႕မွာ ထြက္ခဲ့တဲ့ စကစရဲ႕ သုံးလျပတ္ တကၠသိုလ္ဝင္တန္း ေအာင္စာရင္းကေတာ့ လူမႈကြန္ယက္ေတြမွာ ပြဲဆူလ်က္ ရွိေနဆဲပါပဲ။

ေပါေခ်ာင္ေအာင္ တကၠသိုလ္ဝင္စာေမးပြဲလို႔ ျပည္သူအမ်ားစုက ေခၚၾကတဲ့ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲကို တစ္နိုင္ငံလုံးအတိုင္းအတာနဲ႕ ဝင္ေရာက္ေျဖဆိုတဲ့ ေက်ာင္းသူ ေက်ာင္းသားဦးေရ ၃ သိန္းေက်ာ္ရွိတယ္လို႔ စကစ က ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ လာေရာက္ေျဖဆိုသူ ႏွစ္သိန္း ရွစ္ေသာင္းေက်ာ္သာ ရွိေၾကာင္းကို စကစရဲ႕ ဝါဒျဖန႔္သတင္းစာမွာ အတိအလင္း ေဖာ္ျပထားပါတယ္။ ဧၿပီ ၂ ရက္ေန႕မွာ ေဖာ္ျပထားခ်က္အရ အဲဒီေန႕မွာ ျပဳလုပ္တဲ့ စာေမးပြဲကို လူေပါင္း ၂၈၁၂၄၉ ဦး ဝင္ေရာက္ ေျဖဆိုတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္ မေန႕က ထုတ္ျပန္တဲ့ တကၠသိုလ္ဝင္တန္း ေအာင္စာရင္းမွာေတာ့ ဝင္ေရာက္ ေျဖဆိုသူ ၂၈၁၇၅၁ ျဖစ္ေနပါတယ္။ ကြာျခားခ်က္က ၅၀၂ ဦး ျဖစ္ေနပါတယ္။ သခၤ်ာေျဖတုန္းကထက္ ေအာင္စာရင္းထြက္တဲ့အခ်ိန္မွာ ၅၀၂ ဦး ပိုမ်ားေနတာပါ။ျဖစ္သင့္တာက သခၤ်ာေျဖၿပီးေနာက္ေန႕ေတြမွာ

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လာေရာက္မေျဖဆိုနိုင္တဲ့ သူေတြ ရွိတဲ့အတြက္ ေျဖဆိုသူ ဦးေရ ပိုမိုေလ်ာ့သြားရမွာ ျဖစ္ပါတယ္။ အဲဒီလို မေလ်ာ့သြားတဲ့အျပင္ ပိုေတာင္ တိုးလာတဲ့အတြက္ စကစရဲ႕ ယခုႏွစ္ တကၠသို လ္ဝင္တန္းေအာင္စာရင္းဟာ ဘယ္လိုမွ ယုတၱိမရွိဘဲ စာရင္းလိမ္တခု ျဖစ္သြားခဲ့ပါၿပီ။

ယခုလို စုစုေပါင္း စာရင္းအႏွစ္ခ်ဳပ္မွာေတာင္ ဒီလို ျဖစ္ေနရင္ က်န္တဲ့ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္၊ ေက်ာင္းတေက်ာင္းခ်င္း စတဲ့ ေအာက္ေျခအဆင့္ဆင့္ စာရင္းေတြမွာ ဘယ္ေလာက္ေတာင္ လြဲေနမလဲဆိုတာ စဥ္းစားၾကည့္နိင္ပါတယ္။

စာရင္းလြဲ႐ုံသာမက မသမာမႈ၊ အဂတိမႈ၊ လာဘ္စားမႈေတြ အမ်ားအျပားလည္း ရွိေနနိုင္ပါတယ္။နဂိုကတ ည္းက သင္ရိုးၫႊန္းတမ္း သုံးပုံတပုံပဲ သင္လို႔ ေမးခြန္းအျပည့္ မထုတ္ခဲ့ရတဲ့အထဲ ေမးခြန္း ႀကိဳေပါက္ျခင္း၊ အမွတ္လိုက္ျခင္း၊ ဂုဏ္ထူးလိုက္ျခင္း စတဲ့ အဂတိကိစၥေတြ ေသခ်ာေပါက္ ရွိကို ရွိေနနိုင္ပါတယ္။

အဲဒါေၾကာင့္ စာသင္ႏွစ္ အစကတည္းက အိုးနင္းခြ က္နင္းနဲ႕ ကက်ိဳးကေၾကာင္ ျဖစ္ေနတဲ့ ၂၀၂၂ ခုႏွစ္ စကစ တကၠသိုလ္ဝင္တန္း စာေမးပြဲ ရလဒ္ေတြကို အဖက္မလုပ္ျခင္း၊ ဖ်က္သိမ္းပစ္လိုက္ျခင္းသာ အေကာင္းဆုံးပဲ ျဖစ္ပါေတာ့တယ္။

Crd

Leave a Reply

Your email address will not be published.