မွေးနေ့ဆုတောင်း အတွက် ကျနော်တို့ ညနေခင်းကဗျာ
သာယာကြည်လင်အေးမြတဲ့ မိုးကောင်းကင်ကြီးအောက်မှာ အမေစုရဲ့အပြုံးတွေ မြင်ခွင့်ရချင်ပြီ…
“ကျန်းမာဘေးကင်းတဲ့ ၇၇ နှစ်ပြည့် မွေးနေ့ဖြစ်ပါစေ”




မွေးနေ့ရက်မြတ်မှ စတင်ပြီး အမေစု ကျန်းမာပါစေ ၊ အသက်ရှည်ပါစေ၊ ဘေးကင်းပါစေကြောင်း နိုင်ငံသူနိုင်ငံသားများအားလုံးက ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။
#ကိုပေါက် မြန်မာပြည် အစွန်ဖျားတစ်နေရာ
“အမေ့စကား”
ပြည်ထောင်စုဆိုတာ နိုင်ငံရေးအရတင်မဟုတ်ဘူး လူမှုရေးအရပါ စဉ်းစားရမယ့်ကိစ္စ။




ဒါကြောင့် ကျမတို့တိုင်းရင်းသားများဟာ ကိုယ့်ရဲ့ သားသမီးတွေ ကိုယ့်ရဲ့ မြေးတွေမြစ်တွေ နောင်လာနောက်သားတွေကို ဘယ်လိုနိုင်ငံမျိုးမှာကြီးပြင်းလာစေချင်သလဲ အဲဒီဟာကို အဓိကထားပြီးတော့ ဘယ်လိုကျမတို့ပြည်ထောင်စုကြီးကို ခိုင်မြဲအောင်လို့ ပြည် ထောင်စုကြီးကို သာယာဖွံ့ဖြိုးအောင်လို့ ထူထောင်ကြမလဲ ဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံလိုခြင်းဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည် (၂၀၁၅)
“ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးသီလရှိတဲ့ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်လို့ စိတ်ဓာတ်ကျသွားတာမျိုး မတွေ့ရဘူး”




ဒီကနေ့ထိ သူမရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေက မှားတာတစ်ခုမှ မရှိဘူး။ မှားတာတစ်ခုမှမရှိတဲ့အခါကျတော့ သူရဲ့ယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေက အောင်မြင်နေတဲ့အခါမှာ စိတ်ဓာတ်ကျစရာအကြောင်း မရှိဘူး။
ဘယ်သူကပဲ မတရား တာလုပ်လုပ် အခုသူက ထွက်မပြေးဘဲနဲ့ ပြည်တွင်းမှာပဲနေပြီးတော့ သူ့ရဲ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့အခါကျတော့ တိုင်းသူပြည်သားတွေရဲ့ မေတ္တာကိုလည်း သူမ ခံယူနိုင်တယ်။




တိုင်းသူပြည်သားတွေအပေါ်မှာလည်း သူမ စေတနာထားတယ်။ အဲဒီအပေါ်မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ နိုင်ငံရေးသီလပေါ်မှာ ရပ်တည်နေတာ အဲဒါပါပဲ ……
ဒေါ်အောင်ဆန်းစုကြည်ရဲ့
အကျိုးဆောင်ရှေ့နေဦးကြည်ဝင်း ၏
အမေစုမွေးနေ့အတွက် ပြောစကား
Crd