” ဆို့နင့်သွားတဲ့အတ္တ “

News

” ဆို႔နင့္သြားတဲ့အတၱ ”

ဒါသူ႔အေမေလ သူ႔ကို ဝမ္းနဲ႔လြယ္ေမြးခဲ့တဲ့ အေမမာတာမိခင္ေလ။

တကယ္ဆိုရင္..,သူ႔အေမေမြးေန႔ကိတ္မွာဖေယာင္းတိုင္ေလးေတြစိုက္ထူ

မီးေတာက္ေလးေတြအတူမႈတ္ၿငိမ္းရမဲ့သူဟာသူ … ျဖစ္ရမွာ ။

တကယ္ဆိုရင္..,သူ႔အေမေမြးေန႔မွာသူ႔အေမခြံ႕ေကြၽးတဲ့ ကိတ္မုန္႔ကို ပလုပ္ပေလာင္းနဲ႔ပထမဆုံးစားခြင့္ရမဲ့သူဟာသူ .. ျဖစ္ရမွာ။

တကယ္ဆိုရင္..,အေရးအေၾကာင္းတခ်ိဳ႕ယွက္ေနတဲ့သူ႔အေမရဲ႕ပါးျပင္ပန္းဝတ္လႊာ ကို႐ိုေသျခင္းေလးျမတ္ျခင္းခ်စ္ျခင္းမ်ားစြာ နဲ႔အနမ္းပြင့္ဂါရဝအရင္ဆုံးျပဳခြင့္ရသူဟာသူ … ျဖစ္ရမွာ ။

အခုအေျခမေတာ့…,သူ႔အေမက ဒို႔နဲ႔မခြဲဒို႔နဲ႔ပဲအတူေအးအတူ ပူအမွ် (တကယ္က ဒို႔အပူမွန္သမွ်သူကယူမွ်ခံစား)ေနခဲ့တာ ။

သူ႔မိခင္အရင္းအခ်ာကို..,ငါတို႔ေတြက အပိုင္စီးထားငါတို႔ေက်ာသားေတြရဲ႕ အတၱဝမ္းကသားရင္းကို ထိရွသူဝမ္းနည္းလွေရာ့မယ္ ။

ဝမ္းမနာသားသမီးေတြက…,အေမ့ကိုအပိုင္ရအေမ့ကိုခ်စ္ၾက အားကိုးၾကအေမ အေမနဲ႔ တဖြဖြအေမ့ေမြးေန႔မွာ ေပ်ာ္႐ႊင္ၾကကုသိုလ္ျပဳၾက ဆုေတာင္းၾကမ႑ပ္တိုင္ တက္မဝခ်ိန္မွာ..

ဝမ္းနဲ႔လြယ္ေမြးသားငယ္ေလးခမ်ာသူ႔အေမအတြက္ ေမြးေန႔ကိတ္ေရွ႕မွာမတ္တပ္ရပ္ကာ စိုက္စိုက္ၾကည့္ေနခဲ့အိုေနတဲ့မ်က္ႏွာညိဳေနတဲ့မ်က္ႏွာၿပိဳေတာ့မဲ့ မိုးပမာ..ေအာ္ … သူ႔ရင္ထဲမွာဘယ္ေလာက္မ်ား ဝမ္းနည္းေနရွာမလဲ ။

ေတာင္းပန္ပါတယ္ ကိုထိန္လင္း ေရမင္းရင္ထဲက ေဝဒနာကိုမင္းမ်က္ႏွာမွာျမင္ရအခိုက္ရွက္႐ြံ႕အားနာလွပါရဲ႕ကြယ္ ။ ။

ထင္လင္းဦး(Wisdom Villa)

Credit_photo.

” ဆို့နင့်သွားတဲ့အတ္တ ”

ဒါသူ့အမေလေ သူ့ကို ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ အမေမာတာမိခင်လေ။

တကယ်ဆိုရင်..,သူ့အမေမွေးနေ့ကိတ်မှာဖယောင်းတိုင်လေးတွေစိုက်ထူ

မီးတောက်လေးတွေအတူမှုတ်ငြိမ်းရမဲ့သူဟာသူ … ဖြစ်ရမှာ ။

တကယ်ဆိုရင်..,သူ့အမေမွေးနေ့မှာသူ့အမေခွံ့ကျွေးတဲ့ ကိတ်မုန့်ကို ပလုပ်ပလောင်းနဲ့ပထမဆုံးစားခွင့်ရမဲ့သူဟာသူ .. ဖြစ်ရမှာ။

တကယ်ဆိုရင်..,အရေးအကြောင်းတချို့ယှက်နေတဲ့သူ့အမေရဲ့ပါးပြင်ပန်းဝတ်လွှာ ကိုရိုသေခြင်းလေးမြတ်ခြင်းချစ်ခြင်းများစွာ နဲ့အနမ်းပွင့်ဂါရဝအရင်ဆုံးပြုခွင့်ရသူဟာသူ … ဖြစ်ရမှာ ။

အခုအခြေမတော့…,သူ့အမေက ဒို့နဲ့မခွဲဒို့နဲ့ပဲအတူအေးအတူ ပူအမျှ (တကယ်က ဒို့အပူမှန်သမျှသူကယူမျှခံစား)နေခဲ့တာ ။

သူ့မိခင်အရင်းအချာကို..,ငါတို့တွေက အပိုင်စီးထားငါတို့ကျောသားတွေရဲ့ အတ္တဝမ်းကသားရင်းကို ထိရှသူဝမ်းနည်းလှရော့မယ် ။

ဝမ်းမနာသားသမီးတွေက…,အမေ့ကိုအပိုင်ရအမေ့ကိုချစ်ကြ အားကိုးကြအမေ အမေနဲ့ တဖွဖွအမေ့မွေးနေ့မှာ ပျော်ရွှင်ကြကုသိုလ်ပြုကြ ဆုတောင်းကြမဏ္ဍပ်တိုင် တက်မဝချိန်မှာ..

ဝမ်းနဲ့လွယ်မွေးသားငယ်လေးခမျာသူ့အမေအတွက် မွေးနေ့ကိတ်ရှေ့မှာမတ်တပ်ရပ်ကာ စိုက်စိုက်ကြည့်နေခဲ့အိုနေတဲ့မျက်နှာညိုနေတဲ့မျက်နှာပြိုတော့မဲ့ မိုးပမာ..အော် … သူ့ရင်ထဲမှာဘယ်လောက်များ ဝမ်းနည်းနေရှာမလဲ ။

တောင်းပန်ပါတယ် ကိုထိန်လင်း ရေမင်းရင်ထဲက ဝေဒနာကိုမင်းမျက်နှာမှာမြင်ရအခိုက်ရှက်ရွံ့အားနာလှပါရဲ့ကွယ် ။ ။

ထင်လင်းဦး(Wisdom Villa)

Credit_photo.

Leave a Reply

Your email address will not be published.