ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် စစ်တပ်ထောက်ခံသူများက မန္တလေးသုဿန်၌ နာရေးအသွင်ပြုလုပ်
စကစရဲ့ ယုတ်ညံ့လွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူများ သိစေဖို့ Share ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။
ယနေ့ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့တွင် စစ်ကောင်စီလက်ပါးစေများက မန္တလေးတိုင်း၊




ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာသုဿန်၌ ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် နာရေးအတု ပြုလုပ်ခဲ့ကြောင်း
ဒေသခံများထံက သိရသည်။ယနေ့ နံနက် (၆) နာရီခန့်က ဒဟတ္တောကျေးရွာသို့ စစ်အုပ်စုက လက်နက်ကိုင်ေဆာင်ပြီး
အိမ်စီးကားများဖြင့် ဝင်ရောက်လာကာ နာရေးအတုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်္ချိုင်းအနီးဖြတ်သွားသည့် ကျေးရွာသားတစ်ဦးကိုလည်း စစ်ကောင်စီလက်ပါးစေများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း
ကျေးရွာနြေပည်သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။”ဘုန်းကြီးအတုတွေ၊ ရွာကတစ်ယောက်မှ မပါဘူး။
သူတို့အိမ်စီးကားနဲ့သယ်လာတာ”ဟု ဒေသခံတစ်ဦးကပြောသည်။အဆိုပါ နာရေးအတုပြုလုပ်ရန် စစ်ကောင်စီတပ်သားများက




အရပ်ဝတ်ဖြင့် လက်နက်ကိုင်လုံခြုံရေးပေးခဲ့ပြီး ကျေးရွာအဝင်အထွက်လမ်းအားလုံးကိုလည်း ပိတ်ထားခဲ့ကြောင်း
ဒေသခံများက ဆိုသည်။”တကယ်ဥပဒေတည်ရှိနေတယ်ဟေ့ဆိုရင်တော့ အသရေဖျက်မှုနဲ့စွဲလို့ရတာပေါ့လေ။
ရာဇသတ်ကြီးပုဒ်မ (၅) အရ စွဲလို့ရတာပေါ့။ ဒီကာလမှာတော့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးက
ပျက်နေတဲ့အခါကျတော့ သွားတိုင်လည်း တိုင်ချက်ဖွင့်ပြီးအရေးယူပေးမဲ့အနေအထားတော့မရှိဘူး”ဟု
တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ထိုကဲ့သို နာရေးအတုပြုလုပ်သည်ကို စစ်ကောင်စီထောက်ခံသူများက
အင်တာနက်ပေါ်၌ထောက်ခံအားပေးပြီး ပြန်လည်မျှဝေနေကြသည်။”ဘယ်လိုပဲလုပ်လုပ်ပါ သူတို့စေတနာ
သူတို့ကို အကျိုးပေးပါစေ၊ သူတို့ဆီပြန်ပါစေ။ ကျွန်မတို့ ကောင်းတဲ့ဘက်က တွေးကြည့်ပြီး ကံနိမ့်နေတဲ့ သူမကို




ကံကောင်းအောင် အသစ်တဖန်ပြန်လည်မွေးဖွားအောင် ကတ်ကင်းလို့ ခေါ်မလားမသိဘူး ချေပစ်တယ်လို
မှတ်ယူကြရအောင်”ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း၌လည်း
မတရားမှုကိုဆန့်ကျင်သည့် ပြည်သူများက အကြမ်းဖက်လူသတ်မှုများတွင် အဓိကတာဝန်ရှိသည့်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နာရေးပုံစံမျိုးပြုလုပ်ခြင်း၊ ၎င်းပုံကို ကြိုးပေးခံရသည့် ပုံသဏ္ဍာန်ပြုလုပ်ခြင်းနှင့်
မီးရှို့ခြင်းများပြုလုပ်ခဲ့ကြသေးသည်။ “ဘာပဲဖြစ်ဖြစ်ကိုယ်ယုံကြည်ရာကိုယ်လုပ်ကြတာမို့
ကိုယ်လည်းကိုယ်ယုံကြည်ရာပဲဆက်လုပ်နေမှာပါ။ ဒါတွေကို လိုက်ပြီးအာရုံထားနေဖို့တော့ အချိန်သိပ်မပေးနိုင်ဘူး။
ခုလုပ်နေတာက အမှားအမှန်သိပြီး အမှန်တရားက ဘယ်နားသွားအိပ်နေလဲမသိတော့ စိတ်တိုရတယ်”ဟု
ပဲခူးတိုင်း၊ ပြည်မြို့၌နေထိုင်သူတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို
ပြည်တွင်းပြည်ပ တော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်သူများနှင့် သပိတ်တော်လှန်ရေးအင်းအားစုများကလည်း
အပြိုင်အဆိုင် မွေးနေ့ဆုတောင်းလှုပ်ရှားမှုများ ပြုလုပ်နေကြပြီး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း မွေးနေ့ဆုတောင်းပေးထားသည်။
Credit-Original writer