အမေစုရဲ့မွေးနေ့မှာ ဆုတောင်းပေးရင်း တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ရဲရဲဝံ့ဝံ့ပေးလိုက်တဲ့ အဆိုတော် လင်းလင်း

News

ပရိသတ်တွေ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်း ကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်တိုင်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ်။

ဒါအပြင် မင်းသမီး ချစ်သုဝေ နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေရပေမယ့် ကျရာတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေပါတယ်။

လင်းလင်း ရဲ့လှုမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာက” စစ်ကောင်စီကလဲ သူ့အလုပ်သူလုပ် တော်လှန်ရေးကလဲ သူ့ခရီးသူသွား ပွဲစားတွေကလဲ သူ့သဏ္ဍာန် သူအမှန် နဲ့အပြင်လောကလို့ပြောတဲ့ ယန္တရားထဲတော့ ကိုယ့်ဈာန်နဲ့ကိုယ် ဘာမထီတွေကြည့်ပါဘဲ,,,

အိမ်ကြီးလဲမဆောက် အိမ်ငယ်လဲမရှာ ဘယ်တစ်ကိုယ်စာအကျိုးမှ ခါးကြားမထိုး ကိုယ်လုပ်နေတာထပ် ပိုလွန်သောစကားကို သတိကပ်ဆင်ခြင်ပြီး ပွားများမနေတဲ့ ကျနော်သကောင့်သားမှ (ဒီနေ့မှမဟုတ်) အမြဲကျန်းမာပါစေ ဆုတောင်းလျှက်,,,,,ဘယ်သူကညှိနှိုင်း ဘယ်သူကဆွေးနွေးပြီး ဘယ်သူက ငြိမ်းချမ်းရေး ဂေါပက လုပ်ချင်တာတုန်း။

တိုင်းပြည်နယ်အနှံ့ လောင်မြိုက်နေတဲ့ အိမ်တွေ,,, ကြွေလွင့်နေတဲ့ အသက်တွေက ဂျမ်းတုံးတွေမဟုတ်ဘူး။ လှေခါးတွေမဟုတ်ဘူး။ ခုပြီးအပေါ်ကိုတက်ရတဲ့ သဲအိတ်တွေမဟုတ်ဘူး။

စစ်ကောင်စီ အာဏာရှင်တစ်သိုက် ပြိုလှဲဖို့ကလွဲပြီး အာရုံများစရာမရှိ၊ စိတ်ကစားစရာမရှိတဲ့ ဒီပွဲမှာ ရည်ရွယ်ချက် တူလား? တူတယ်ဆိုရင် ရပြီ။ ကျန်တာစောက်ပိုပြောစရာမရှိ။ တစ်နေရာက အမေ ကျန်းမာပါစေ။ ဒီလိုစကားတွေရဲရဲပြောနိုင်ဖို့အတွက် စောင့်ထိန်းထားတဲ့ သီလဟာ ကျနော့်ရဲ့ လက်ဆောင်ပါ”လို့ မျှဝေထားပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် လင်းလင်း ရဲ့ အမေစုအတွက် တန်ဖိုးကြီးလက်ဆောင်ကို သဘောကျရဲ့လား???။ စောင့်ထိန်းထားတဲ့ သီလ ဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ လက်ဆောင်ကြီးတစ်ခုပါပဲနော်။

ZAWGYI VERSION

အေမစုရဲ႕ေမြးေန႔မွာ ဆုေတာင္းေပးရင္း တန္ဖိုးႀကီးလက္ေဆာင္တစ္ခုကို ရဲရဲဝံ့ဝံ့ေပးလိုက္တဲ့ အဆိုေတာ္ လင္းလင္း

ပရိသတ္ေတြ အားေပးခ်စ္ခင္မူ႔ကို တစ္ခဲနက္ရရွိထားတဲ့ ဝါရင့္အဆိုေတာ္ လင္းလင္း ကိုေတာ့ သီခ်င္းခ်စ္သူတိုင္း သိၾကလိမ့္မယ္ထင္ပါတယ္။ ကိုယ္တိုင္ဖန္တီးသီဆိုထားတဲ့ သီခ်င္းေကာင္းမ်ားစြာ ထြက္ရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ႀကီးတစ္ဦးျဖစ္ပါတယ္။

ဒါအျပင္ မင္းသမီး ခ်စ္သုေဝ နဲ႔ အိမ္ေထာင္တစ္ခုကို ထူေထာင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အမႊာသမီးေလးႏွစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။ လက္ရွိ ႏိုင္ငံေရးအေျခအေနေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္ က်ရာတာဝန္ေတြကို တတ္ႏိုင္တဲ့ဘက္ကေန ထမ္းေဆာင္ေနပါတယ္။

လင္းလင္း ရဲ႕လႈမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာက” စစ္ေကာင္စီကလဲ သူ႔အလုပ္သူလုပ္ ေတာ္လွန္ေရးကလဲ သူ႔ခရီးသူသြား ပြဲစားေတြကလဲ သူ႔သ႑ာန္ သူအမွန္ နဲ႔အျပင္ေလာကလို႔ေျပာတဲ့ ယႏၲရားထဲေတာ့ ကိုယ့္ဈာန္နဲ႔ကိုယ္ ဘာမထီေတြၾကည့္ပါဘဲ,,,

အိမ္ႀကီးလဲမေဆာက္ အိမ္ငယ္လဲမရွာ ဘယ္တစ္ကိုယ္စာအက်ိဳးမွ ခါးၾကားမထိုး ကိုယ္လုပ္ေနတာထပ္ ပိုလြန္ေသာစကားကို သတိကပ္ဆင္ျခင္ၿပီး ပြားမ်ားမေနတဲ့ က်ေနာ္သေကာင့္သားမွ (ဒီေန႔မွမဟုတ္) အၿမဲက်န္းမာပါေစ ဆုေတာင္းလွ်က္,,,,,ဘယ္သူကညႇိႏႈိင္း ဘယ္သူကေဆြးေႏြးၿပီး ဘယ္သူက ၿငိမ္းခ်မ္းေရး ေဂါပက လုပ္ခ်င္တာတုန္း။

တိုင္းျပည္နယ္အႏွံ႔ ေလာင္ၿမိဳက္ေနတဲ့ အိမ္ေတြ,,, ေႂကြလြင့္ေနတဲ့ အသက္ေတြက ဂ်မ္းတုံးေတြမဟုတ္ဘူး။ ေလွခါးေတြမဟုတ္ဘူး။ ခုၿပီးအေပၚကိုတက္ရတဲ့ သဲအိတ္ေတြမဟုတ္ဘူး။

စစ္ေကာင္စီ အာဏာရွင္တစ္သိုက္ ၿပိဳလွဲဖို႔ကလြဲၿပီး အာ႐ုံမ်ားစရာမရွိ၊ စိတ္ကစားစရာမရွိတဲ့ ဒီပြဲမွာ ရည္႐ြယ္ခ်က္ တူလား? တူတယ္ဆိုရင္ ရၿပီ။ က်န္တာေစာက္ပိုေျပာစရာမရွိ။ တစ္ေနရာက အေမ က်န္းမာပါေစ။ ဒီလိုစကားေတြရဲရဲေျပာႏိုင္ဖို႔အတြက္ ေစာင့္ထိန္းထားတဲ့ သီလဟာ က်ေနာ့္ရဲ႕ လက္ေဆာင္ပါ”လို႔ မွ်ေဝထားပါတယ္။

ပရိသတ္ႀကီးေရ အဆိုေတာ္ လင္းလင္း ရဲ႕ အေမစုအတြက္ တန္ဖိုးႀကီးလက္ေဆာင္ကို သေဘာက်ရဲ႕လား???။ ေစာင့္ထိန္းထားတဲ့ သီလ ဆိုတာ တန္ဖိုးျဖတ္လို႔မရတဲ့ လက္ေဆာင္ႀကီးတစ္ခုပါပဲေနာ္။
Crd

Leave a Reply

Your email address will not be published.