စစ်ကောင်စီ တက္ကသိုလ်စာမေးပွဲ အောင်မြင်သူတွေဟာ အရည်အချင်း မပြည့်မီနိုင်ဘူးလို့…See More

News

စစ်ကောင်စီ တက္ကသိုလ်စာမေးပွဲ အောင်မြင်သူတွေဟာ အရည်အချင်း မပြည့်မီနိုင်ဘူးလို့…See More

စာသင်ချိန် အပါအဝင် လေ့လာချိန် ၅ လ လောက်သာ ရှိခဲ့တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေဟာ အရည်းအချင်း မပြည့်မီနိုင်ဘူးလို့ CDM ကျောင်းဆရာ၊ ဆရာမတွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြားမှာ စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို

မတ်လကုန်မှာ ဖြေဆိုခိုင်းခဲ့တာ ပါ။ အဲလို စာမေးပွဲ ဖြေဆိုရာမှာလည်း ဒါကျက် ဒါဖြေ ပုံစံမျိုးတွေနဲ့ စာမေးပွဲ အောင်ပေးခဲ့တဲ့အတွက် အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူးလို့ CDM ကျောင်းဆရာ၊ ဆရာမတွေက ဆိုပါတယ်။

အခုလို ပညာသင်နှစ်ကာလတိုအတွင်း သင်ကြားမှုအချိန်မပြည့်ဘဲ အောင်ပေးတာတွေ ဂုဏ်ထူးပေး တာတွေဟာ အရည်အချင်း မစစ်မှန်တဲ့ အတွက် နောက်ဆက်တွဲ အနေနဲ့

တိုင်းပြည် အခြေအနေဟာ မတွေးရဲလောက်အောင် ဖြစ်ရတယ်လို့ CDM ကျောင်းအုပ်ဆရာမ တစ်ဦးက ပြောပါတယ်။

“သင်တာက ၅ လကျော်လေးနဲ့ အရည်အချင်းမပြည့်မီဘဲနဲ့ အောင်ပေးနေတာ၊ ဂုဏ်ထူးတွေ တန်းစီ ပြီးတော့ တက်နေတာ အရည်အချင်းမစစ်မှန်တဲ့အပြင် အဲ့လိုမျိုး ကလေးတွေက အောင်လာပြီး နောက်ဆက်တွဲဘာဖြစ်မလဲဆိုတော့ မြန်မာနိုင်ငံက စီးပွားရေး၊

ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ ဟာ မတွေးရဲလောက်အောင် ဖြစ်သွားမယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ချင်ပါတယ်”လို့ CDM ကျောင်း အုပ်ဆရာမ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျင်းပခဲ့တဲ့ ၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ နိုင်ငံအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ ၂၈၀၀၀၀ ကျော်မှာ အောင်မြင်သူ ၁၃၀၀၀၀

ကျော် ရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံအတိုင်းအတာအရ မွန်ပြည်နယ်ဟာ အောင်ချက် အကောင်းဆုံး ဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၇ ဒဿမ ၂၁ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့တာပါ။

မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၁၁၀၀၀၀ ကျော် ရှိပြီး အောင်မြင်သူ ၆၄၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအတိုင်းအတာအရ ပြီးခဲ့တဲ့ ၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲမှာ အောင်ချက် ရာခိုင်နှုန်း ၃၂ ဒဿမ ၀၆ ရာခိုင်နှုန်း သာရှိခဲ့ပြီး စစ်ကောင်စီ လက်ထက် တက္ကသိုလ်ဝင်တန်စာမေးပွဲမှာတော့ အောင်မြင်သူ ရာခိုင်နှုန်း ၁၄ နီးပါးထိ မြင့်တက်လာခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဇွန် ၁၇ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်

Crd

Leave a Reply

Your email address will not be published.