ဒေါ်အောင်ဆန်းစုကြည်သည် နွေဦးတော်လှန်ရေး ခေါင်း ဆောင် ဖြစ်ကြောင်း NUG သမ္မတပြော

News

ဒေါ်အောင်ဆန်းစုကြည်သည် နွေဦးတော်လှန်ရေး ခေါင်း ဆောင် ဖြစ်ကြောင်း NUG သမ္မတပြော

ဧရာဝတီ၊ ဇွန် ၁၉၊ ၂၀၂၂

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နွေဦးတော်လှန်ရေးအတွက် ခေါင်းဆောင်ဖြစ်သကဲ့သို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်ညကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

ယာယီသမ္မတအနေဖြင့် ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အမှတ် တရအဖြစ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်သည့် ပြည်သူများကြောင့် နွေဦးတော်လှန်ရေးအား အရှိန်အဟုန် ကောင်း ကောင်းဖြင့် စတင်နိုင်သည့်အပြင် ၎င်းလွတ်မြောက်ရေးအတွက် တော်လှန်ရေးနိုင်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်ကို တွေ့ရကြောင်းလည်း ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူအပေါ် ဗဟိုပြုမှု၊ စွန့်လွှတ် အနစ်နာခံမှု၊ တိုင်းပြည်ချစ်စိတ်များသည် မြန်မာပြည်သူအားလုံး၏ စံနမူနာထားစရာဖြစ်ပြီး ဒီမိုကရေစီပြယုဂ် ဖြစ်ကြောင်း၊ စစ်အာဏာရှင်များ၏ ဆို ရှယ်လစ်အမည်ခံ ခေတ်ပျက် နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်ပြီး ပြည်သူလူထု၏ အသိဉာဏ် ဖျက်ဆီး (Brainwash) လုပ်ခဲ့ကြသော်လည်း ဒီမိုကရေစီ အနှစ်သာရနှင့် ဒီမိုကရေစီလူ့ယဉ်ကျေးမှု၏ အားသာချက်များကို ပြည်သူ များ သိမြင်နားလည်အောင်ချပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အလွန် အခရာ ကျခဲ့ကြောင်းလည်း ဆိုထားသည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး “အသက် ၇၇နှစ် ပြည့်ပြီဆိုပေမယ့် သက်တမ်း ၃ ပုံရဲ့ ၁ ပုံလောက်ကို အာဏာရှင်တွေရဲ့ ချုပ်နှောင်မှုကို ခံခဲ့ရလို့ လွတ်လပ်မှုဆိုတာ ဘယ်‌လောက်မြတ်နိုးဖို့ ကောင်းသလဲဆိုတာ သူက ပိုနား လည်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၆၀ကျော် အာဏာရှင်တွေအောက်မှာ ချုပ်နှောင်ခံထားရတဲ့ တိုင်းပြည်ကြီး လွတ်လပ်ခွင့်ရဖို့ ပြည်သူတွေ လွတ်လပ်ခွင့်ရဖို့ သူ့အသက်တာကို ပုံအပ် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အကြောက်တရားကနေ ကင်းလွတ်ပြီး လွတ်မြောက်ခြင်း တရားရဖို့ ရှေ့ ဆောင် လမ်းပြခဲ့သူ ဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာနိုင်ငံအား အာဏာရှင်များ လက်အောက်မှ လွတ်မြောက်နိုင်ရန်နှင့် တိုင်း ရင်းသားများ အားလုံး တန်းတူညီမျှ အခွင့်အရေး အပြည့်အဝရရန် ကျောသားရင်သား မခွဲခြားဘဲ ဦးဆောင်လမ်းပြနိုင်သည့် ခေါင်းဆောင်တဦး ဖြစ်ပါစေကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ဆုတောင်းပေးခဲ့သည်။

ဓာတ်ပုံ- Acting President Duwa Lashi La

Crd

Unicode

ေဒၚေအာင္ဆန္းစုၾကည္သည္ ေႏြဦးေတာ္လွန္ေရး ေခါင္း ေဆာင္ ျဖစ္ေၾကာင္း NUG သမၼတေျပာ

ဧရာဝတီ၊ ဇြန္ ၁၉၊ ၂၀၂၂

ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ ေႏြဦးေတာ္လွန္ေရးအတြက္ ေခါင္းေဆာင္ျဖစ္သကဲ့သို႔ အမ်ိဳးသား ညီညြတ္ ေရးအစိုးရ (NUG) ၏ အတိုင္ပင္ခံပုဂၢိဳလ္လည္း ျဖစ္ညေၾကာင္း NUG ယာယီသမၼတဒူဝါလရွီးလက ေျပာသည္။

ယာယီသမၼတအေနျဖင့္ ယေန႔ က်ေရာက္သည့္ ေဒၚေအာင္ဆန္းစုၾကည္၏ ၇၇ ႏွစ္ေျမာက္ ေမြးေန႔ အမွတ္ တရအျဖစ္ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္အေပၚ ခ်စ္ခင္သည့္ ျပည္သူမ်ားေၾကာင့္ ေႏြဦးေတာ္လွန္ေရးအား အရွိန္အဟုန္ ေကာင္း ေကာင္းျဖင့္ စတင္နိုင္သည့္အျပင္ ၎လြတ္ေျမာက္ေရးအတြက္ ေတာ္လွန္ေရးနိုင္မွ ျဖစ္မည္ဟု စိတ္ပိုင္းျဖတ္ထားၾကသည္ကို ေတြ႕ရေၾကာင္းလည္း ဆိုထားသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္သူအေပၚ ဗဟိုျပဳမႈ၊ စြန႔္လႊတ္ အနစ္နာခံမႈ၊ တိုင္းျပည္ခ်စ္စိတ္မ်ားသည္ ျမန္မာျပည္သူအားလုံး၏ စံနမူနာထားစရာျဖစ္ၿပီး ဒီမိုကေရစီျပယုဂ္ ျဖစ္ေၾကာင္း၊ စစ္အာဏာရွင္မ်ား၏ ဆို ရွယ္လစ္အမည္ခံ ေခတ္ပ်က္ နိုင္ငံေရးစနစ္ႏွင့္ အုပ္ခ်ဳပ္ၿပီး ျပည္သူလူထု၏ အသိဉာဏ္ ဖ်က္ဆီး (Brainwash) လုပ္ခဲ့ၾကေသာ္လည္း ဒီမိုကေရစီ အႏွစ္သာရႏွင့္ ဒီမိုကေရစီလူ႔ယဥ္ေက်းမႈ၏ အားသာခ်က္မ်ားကို ျပည္သူ မ်ား သိျမင္နားလည္ေအာင္ခ်ျပရာတြင္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အလြန္ အခရာ က်ခဲ့ေၾကာင္းလည္း ဆိုထားသည္။

၎က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ပတ္သက္ၿပီး “အသက္ ရရႏွစ္ ျပည့္ၿပီဆိုေပမယ့္ သက္တမ္း ၃ ပုံရဲ့ ၁ ပုံေလာက္ကို အာဏာရွင္ေတြရဲ့ ခ်ဳပ္ေႏွာင္မႈကို ခံခဲ့ရလို႔ လြတ္လပ္မႈဆိုတာ ဘယ္‌ေလာက္ျမတ္နိုးဖို႔ ေကာင္းသလဲဆိုတာ သူက ပိုနား လည္ပါတယ္။ ဒါေၾကာင့္လည္း ႏွစ္ေပါင္း ၆ဝေက်ာ္ အာဏာရွင္ေတြေအာက္မွာ ခ်ဳပ္ေႏွာင္ခံထားရတဲ့ တိုင္းျပည္ႀကီး လြတ္လပ္ခြင့္ရဖို႔ ျပည္သူေတြ လြတ္လပ္ခြင့္ရဖို႔ သူ႔အသက္တာကို ပုံအပ္ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ အေၾကာက္တရားကေန ကင္းလြတ္ၿပီး လြတ္ေျမာက္ျခင္း တရားရဖို႔ ေရွ႕ ေဆာင္ လမ္းျပခဲ့သူ ျဖစ္ပါတယ္” ဟု ေျပာသည္။

ယင္းျပင္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကဲ့သို႔ ျမန္မာနိုင္ငံအား အာဏာရွင္မ်ား လက္ေအာက္မွ လြတ္ေျမာက္နိုင္ရန္ႏွင့္ တိုင္း ရင္းသားမ်ား အားလုံး တန္းတူညီမၽွ အခြင့္အေရး အျပည့္အဝရရန္ ေက်ာသားရင္သား မခြဲျခားဘဲ ဦးေဆာင္လမ္းျပနိုင္သည့္ ေခါင္းေဆာင္တဦး ျဖစ္ပါေစေၾကာင္းလည္း ယာယီသမၼတ ဒူဝါလရွီးလက ဆုေတာင္းေပးခဲ့သည္။

ဓာတ္ပုံ- Acting President Duwa Lashi La

Crd

Leave a Reply

Your email address will not be published.