(၁၉.၆.၂၀၂၂) “အရေးပေါ် သတိပေးချက် “ကြေညာချက်ပါလမ်း များကို ပြည်သူများ ခေတ္တအသုံးမပြုရန်မေတ္တာရပ်ခံပါသည်။

News

အရာတော်-မုံရွာလမ်း၊ အရာတော်-ရွှေဘိုလမ်း များကို ခေတ္တအသုံးမပြုရန်မေတ္တာရပ်ခံ
~~~~~~~

■ အရာတော်-မုံရွာလမ်း အရာတော်-ရွှေဘိုလမ်းပိုင်းများကို ဒီကနေ့ ဇွန် ၁၉ ရက် ပြည်သူများ လမ်းအသုံးပြုခြင်း ခေတ္တရပ်နားကြရန်မေတ္တာရပ်ခံပါသည်။

စကစတပ်သားများ ခရီးသွား ပြည်သူကားတွေတားဆီး၍ အရပ်သားပြည်သူများနှင့်ရောနှော၍ လိုက်ပါလာနေခြင်းကြောင့် ယနေ့ တရက် ခေတ္တ လမ်းအသုံးမပြုရန် အနှူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းများတွင်လဲ စကစကင်းပုန်းချထားနေပါသဖြင့် ပြည်သူများသတိထားသွားလာရန် တဆက်တည်း သတိပေးအပ်ပါသည်။

#မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

၁၉.၆.၂၀၂၂) အရေးပေါ် သတိပေးချက်

ယနေ့ ရွှေဘို- ဝက်လက်-အုန်းတောလမ်းနှင့် ဝက်လက် – အရာတော်-မုံရွာလမ်းတို့ကို အသုံးမပြုကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(ဝက်လက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစု)

~~~~~~~








Crd

Leave a Reply

Your email address will not be published.