ကျွန်မအဖေကလေ ကျွန်မကို သိပ်ချစ်တာ သူ့ သမီး မျက်နှာလေးများ ညိုးသွားရင်…See More

News

ကျွန်မအဖေကလေ ကျွန်မကို သိပ်ချစ်တာ သူ့ သမီး မျက်နှာလေးများ ညိုးသွားရင်…See More

ကျွန်မအဖေကလေ ကျွန်မကို သိပ်ချစ်တာ သူ့ သမီး မျက်နှာလေးများ ညိုးသွားရင်
ပျာယာခတ်နေရလောက်တဲ့အထိကို ကျွန်မကို သိပ်ဂရုစိုက်တာ ။

ငါ့သမီးလေး ပျော်သလိုနေပါစေဆိုတဲ့စကားတွေရယ် …ငါ့သမီးပျော်နေရင် လုပ်ပါစေဆိုပြီး ကာဆီးနေတာတွေရယ် … နေရာတကာမှာ ကျွန်မအတွက် အမြဲတမ်းတွေးပေးနေတတ်တဲ့ … အဖေ့ကို ချစ်တယ် ။

ဆေးတွေ မသောက်တတ်တဲ့ကျွန်မ အကျင့်ကို အဖေသိတယ် တစ်ခုခုနေမကောင်းများဖြစ်ရင် တစ်နေနေရာရာမှာ ဆေးလုံးလေးတင်ထားပြီးသောက်စေချင်တဲ့အကြောင်းတွေ
ခဏခဏ ပြောတတ်တဲ့ အဖေပေါ့ ။

ကျွန်မ တဇွတ်ထိုးဆန်တတ်တာကိုအဖေသိတယ် ။ တစ်ခုခု ဖြစ်ချင်တာများရှိရင် အဆင်ပြေသည်ဖြစ်စေ မပြေဘူးဖြစ်စေ ငါ့ သမီးလေးအဆင်မပြေရင်ဆိုတဲ့ စိတ်နဲ့ဖြည့်ဆည်းပေးတတ်တာ အဖေပေါ့ ။

ကျွန်မ ခေါင်းမာတတ်တာကို အဖေသိတယ် ။ ဘယ်တော့အခါမှ အတင်းအကျပ်ကြီးမပြောပဲစိတ်တော့ ပူနေပါတယ်ဆိုတဲ့အရိပ်အယောင်လေးပြတတ်တာ အဖေပေါ့ ။

အဖေက ကျွန်မကို သိပ်ချစ်တာ ပြီးတော့ အရမ်းကို သ၀န်တိုတတ်တာ ငါ့သမီးလေးက လူကြီးဖြစ်နေပါပြီဆိုတဲ့ အသိနဲ့သာ စိတ်တွေ လျှော့ထားတယ်ထင်ပါတယ်

အဖေကလေ သိပ်ဂရုစိုက်တတ်တာ နေ့နေ့ညည …ကျွန်မ မျက်နှာကို ကြည့်ပြီးဘာဖြစ်နေလို့လဲဆိုတဲ့ မေးခွန်းတွေမကြာခဏ မေးတတ်တာလေ ။

အဖေ့အနားမှာ နေရတာကလေ …တစ်လောကလုံးကို အပိုင်စားရထားတဲ့ မင်းသမီးလေးတစ်ပါးလိုပဲ မျက်နှာ ညိုစရာ အကြောင်းတစ်စက်မှ ရှိမနေသလိုတွေးပူနေစရာတွေကလေတစ်စက်မှ ရှိမနေခဲ့ဘူး ။

အဖေကလေ ကျွန်မကို သိပ်ချစ်တာ ဆိုတဲ့စကားကို ဂုဏ်ယူပြီးပြောနေတဲ့ ကျွန်မကလဲလေ အဖေ့ကို သိပ်ချစ်တာ သိရဲ့လား ။

အဖေ … အဖေ့ကို ချစ်တယ်ဆိုတဲ့ စကားကို ခဏခဏ မသုံးဖြစ်ခဲ့ပေမယ့်အဝေးကြီးရောက်နေရင် နေလို့မှ ကောင်းရဲ့လားဆိုတဲ့ အတွေးတွေနဲ့စိတ်ပူတယ် အဆင်ပြေရဲ့လားဆိုတဲ့ အတွေးနဲ့အဆင်ပြေပြေလေး ထားချင်တဲ့ အိပ်မက်တွေအမြန်ပြည့်ချင်တယ်

တစ်လောကလုံးမှာ …အများကြီးတောင့်တ မနေတော့ပါဘူးအဖေသာ ကျွန်မ အနားရှိနေမယ်ဆိုရင် ကျွန်မ ပျော်ရွှင်ဖို့ လုံလောက်ပါတယ် ။

အမြဲတမ်း တောင်းမိတဲ့ဆုက အဖေ … နေကောင်းကျန်းမာပါစေပေါ့ ။

#ကျေးကို

Crd

Leave a Reply

Your email address will not be published.