“ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစား သွားပါမယ်” ဒေါ်အောင်ဆန်းစုကြည်

News


………………….




Unicode

“ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစား သွားပါမယ်” ဒေါ်အောင်ဆန်းစုကြည်

……………….
“ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစား သွားပါမယ်။ အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီး မေတ္တာပွါးခြင်းဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှု ရကြပါစေ” အခုလိုပြောတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က သူရဲ့ အသက် ၇၅ နှစ်ပြည့် မွေးနေ့ပွဲဆုတောင်းပေးတဲ့ ပြည်သူတွေကို လူမှုကွန်ယက်က တစ်ဆင့် ပြန်လည် ပြောဆိုလိုက်တာပါ။

ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူ တွေက တောင်းဆိုလိုက်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၇နှစ်မြောက် မွေးနေ့ပွဲကို ယနေ့ နံနက် ၁၀ နာရီမှာ Zoom ကတစ်ဆင့် ကျင်းပ သွားမှာ ဖြစ်ပြီး

တိုက်ရိုက်ရုပ်သံထုတ်လွှင်သွားမှာဖြစ်သလို “ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများချက်ချင်းလွှတ်” သည် ကျင်းပမယ့်ပွဲရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Crd

Leave a Reply

Your email address will not be published.