ေထာင္ဒဏ္ (၁၀၀) ေက်ာ္ အထိ ခ်မွတ္ႏိုင္သည့္ အမႈေပါင္း (၁၉) မႈကို ရင္ဆိုင္ေနရသူ အသက္ (၇၇) ႏွစ္ျပည့္ ေမြးေန႔ရွင္

News

ေထာင္ဒဏ္ (၁၀၀) ေက်ာ္ အထိ ခ်မွတ္ႏိုင္သည့္ အမႈေပါင္း (၁၉) မႈကို ရင္ဆိုင္ေနရသူ အသက္ (၇၇) ႏွစ္ျပည့္ ေမြးေန႔ရွင္

ယေန႔ ဇြန္လ ၁၉ ရက္မွာ အသက္ ၇၇ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အာဏာသိမ္းၿပီးေနာက္ လက္ရွိအခ်ိန္ထိ အမႈေပါင္း ၁၉ မႈနဲ႔ တရားစြဲခံခဲ့ရၿပီး ယင္းတို႔အနက္မွ ေျခာက္မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံထားရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုခဲ့တဲ့ အမႈေပါင္း ၁၉ မႈကို သတ္မွတ္ထားတဲ့ အျမင့္ဆုံး ျပစ္ဒဏ္နဲ႔ တကြ ေဖာ္ျပလိုက္ပါတယ္။

၁။ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ – (၁ မႈ ) – ၃ ႏွစ္
၂။ ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၇ – (၁ မႈ) – ၁ ႏွစ္

၃။ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ – ၅၀၅(ခ)- (၁ မႈ ) – ၂ ႏွစ္
၄။ အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) – (၁ မႈ ) – ၁၄ ႏွစ္

၅။ ေ႐ြးေကာက္ပြဲမေလ်ာ္ဩဇာသုံးမႈႏွင့္ စပ္လ်ဥ္းၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၃၀ (က) – (၁ မႈ) – ၃ ႏွစ္
၆။ သဘာ၀ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ ၂၅ – (၂ မႈ ) – ၃ ႏွစ္စီ
၇။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ – (၁၂မႈ ) – တစ္မႈကို ၁၅ ႏွစ္စီ

ဒီအမႈ ၁၉ မႈအျပင္ စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ၁၅ ႏွစ္ထိခ်မွတ္ခံရႏိုင္တဲ့ ေနာက္ထပ္ အဂတိမႈတစ္မႈနဲ႔လည္း တရားစြဲဆိုႏိုင္ဖို႔ စုံစမ္းမႈေတြျပဳလုပ္လ်က္ရွိပါတယ္။

ေဖာ္ျပပါ အမႈ ၁၉ မႈအနက္မွ ေျခာက္မႈ အတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံခဲ့ရၿပီးျဖစ္လို႔ အကယ္၍ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျပစ္မႈအားလုံးအတြက္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရမယ္ဆိုရင္ ေထာင္ဒဏ္စုစုေပါင္း ႏွစ္ ၁၀၀ ေက်ာ္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီတရား႐ုံးက ခ်မွတ္ၿပီးျဖစ္တဲ့ ျပစ္မႈနဲ႔ ေထာင္ဒဏ္မ်ားကို ေဖာ္ျပလိုက္ပါတယ္။

ပထမဆုံးအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈႏွင့္ သဘာ၀ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒအတြက္ ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံခဲ့ရၿပီး စစ္ေခါင္းေဆာင္က ေထာင္ဒဏ္ ၂ ႏွစ္ကို လြတ္ၿငိမ္းခြင့္ေပးခဲ့ပါတယ္။

ဒုတိယအႀကိမ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့အမႈေတြကေတာ့ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ – ၁ မႈနဲ႔ ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၇ – ၁ မႈ တို႔ကို ႏွစ္မႈေပါင္း ေထာင္ဒဏ္ ၂ႏွစ္။

သဘာ၀ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ႏွင့္စပ္လ်ဥ္းၿပီး ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။
ဒါေၾကာင့္ ဒုတိယအႀကိမ္မွာ ေဒၚစုျပစ္ဒဏ္ခ်မွတ္ခံရတဲ့ ေထာင္ဒဏ္ စုစုေပါင္းက ((၄ ႏွစ္)) ျဖစ္ပါတယ္။

တတိယအႀကိမ္မွာေတာ့ အဂတိမႈတစ္မႈအတြက္ ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ အားလုံးေပါင္းလိုက္ရင္ ေဒၚေအာင္ဆန္းစုၾကည္က်ခံေနရတဲ့ ေထာင္ဒဏ္က ၁၁ ႏွစ္ျဖစ္ပါတယ္။
Burma Associated Press

Unicode

ထောင်ဒဏ် (၁၀၀) ကျော် အထိ ချမှတ်နိုင်သည့် အမှုပေါင်း (၁၉) မှုကို ရင်ဆိုင်နေရသူ အသက် (၇၇) နှစ်ပြည့် မွေးနေ့ရှင်

ယနေ့ ဇွန်လ ၁၉ ရက်မှာ အသက် ၇၇ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံခဲ့ရပြီး ယင်းတို့အနက်မှ ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုခဲ့တဲ့ အမှုပေါင်း ၁၉ မှုကို သတ်မှတ်ထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်နဲ့ တကွ ဖော်ပြလိုက်ပါတယ်။

၁။ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ – (၁ မှု ) – ၃ နှစ်
၂။ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ – (၁ မှု) – ၁ နှစ်

၃။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၅၀၅(ခ)- (၁ မှု ) – ၂ နှစ်
၄။ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) – (၁ မှု ) – ၁၄ နှစ်

၅။ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုနှင့် စပ်လျဉ်းပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) – (၁ မှု) – ၃ နှစ်
၆။ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ – (၂ မှု ) – ၃ နှစ်စီ
၇။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ – (၁၂မှု ) – တစ်မှုကို ၁၅ နှစ်စီ

ဒီအမှု ၁၉ မှုအပြင် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချမှတ်ခံရနိုင်တဲ့ နောက်ထပ် အဂတိမှုတစ်မှုနဲ့လည်း တရားစွဲဆိုနိုင်ဖို့ စုံစမ်းမှုတွေပြုလုပ်လျက်ရှိပါတယ်။

ဖော်ပြပါ အမှု ၁၉ မှုအနက်မှ ခြောက်မှု အတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပြီးဖြစ်လို့ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုအားလုံးအတွက် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရမယ်ဆိုရင် ထောင်ဒဏ်စုစုပေါင်း နှစ် ၁၀၀ ကျော်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ချမှတ်ပြီးဖြစ်တဲ့ ပြစ်မှုနဲ့ ထောင်ဒဏ်များကို ဖော်ပြလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပြီး စစ်ခေါင်းဆောင်က ထောင်ဒဏ် ၂ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဒုတိယအကြိမ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့အမှုတွေကတော့ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ – ၁ မှုနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ – ၁ မှု တို့ကို နှစ်မှုပေါင်း ထောင်ဒဏ် ၂နှစ်။

သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့်စပ်လျဉ်းပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဒါကြောင့် ဒုတိယအကြိမ်မှာ ဒေါ်စုပြစ်ဒဏ်ချမှတ်ခံရတဲ့ ထောင်ဒဏ် စုစုပေါင်းက ((၄ နှစ်)) ဖြစ်ပါတယ်။

တတိယအကြိမ်မှာတော့ အဂတိမှုတစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အားလုံးပေါင်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကျခံနေရတဲ့ ထောင်ဒဏ်က ၁၁ နှစ်ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published.