“ဆယ်တန်းဖြေထားတဲ့ ကလေးများသို့..”

News

“ဆယ်တန်းဖြေထားတဲ့ ကလေးများသို့..”

ဆယ်တန်းအောင်စရင်းက 12ရက်နေ့ထွက်မယ်ကြားပါတယ်။ဒီနှစ်က အရင်နှစ်နဲ့မတူ နည်းနည်းလေးထူးပြီးစိတ်လူပ်ရှားနေကြသလားလို့..နည်းနည်းပြောခဲ့ပါရစေ။

ဆယ်တန်း အောင်စရင်းဆိုတာ လူငယ်တွေရဲ့ ဘဝအချိုအကွေ့ပါ။ဟုတ်ပါတယ်။
ဒါပေမဲ့ ဘဝတစ်ခုလုံးမဟုတ်ပါဘူး။တစ်စိတ်တစ်ဒေသလေးဖြစ်ရုံလေးပါ။

ဆယ်တန်းမှာ ဂုဏ်ထူးအများကြီးပါရင် ကောင်းပါတယ်။ဆယ်တန်းအောင်ရင် ကောင်းပါတယ်။ဒါပေမဲ့ မအောင်ရင်လည်း လူဖြစ်ရူံးသွားတာမဟုတ်ဘူး။သူများအောက်ကို ရောက်သွားတာမဟုတ်ဘူး။လူရာမတင့်တယ်ဖြစ်သွားတာလည်းမဟုတ်ဘူး။

ဆယ်တန်းမအောင်ပဲကြီးပွားနေကြတာတွေ ပုံလို့ပါပဲ။ဆယ်တန်းမှာ ဂုဏ်ထူးအများကြီးပါပြီး မြင့်မားတဲ့ အင်စတီကျူ့့တစ်ခုခုဝင်သွားတဲ့လူတွေထက် ဆယ်တန်းမအောင်တဲ့

လူသားလေးတွေ အောင်ရုံအောင်ခဲ့လူသားလေးတွေ မြင့်မားနေကြတာတွေလည်းရှိတာပါပဲ။အနည်းပါဆိုပေမဲ့ ဒီအနည်းထဲမှာ ကိုယ်များပါနိုင်မလား မျော်လင့်နိုင်ပါတယ်။

ဘီလီလျှံနာနဲ့ချီပြီး ချမ်းသာခဲ့တဲ့ ကမ္ဘာကျော်ဟင်နရီဖောစ့်ဟာ 6တန်းပဲအောင်ခဲ့တယ်ဆိုတာ ကလေးတို့ကိုသိစေချင်တယ်။

အဲတော့..မစားနိုင်မသောက်နိုင် မအိပ်နိုင် စိတ်မလူပ်ရှားကြပါနဲ့။အေးဆေးပဲနေကြပါ။မင်းတို့ မအိပ်နိုင် မစားနိုင်ရင်လည်းပဲ ရလဒ်ဟာပြောင်းသွားမှာတော့မဟုတ်ဘူး။ကိုယ့်ကိုယ် ကိုစိတ်ချမ်းသာအောင်နေပါ။

ရလဒ်ထွက်တဲ့အခါ ဘယ်ရလာဒ်ဖြစ်ဖြစ် ကျောင်းသားမိဘတွေကလည်း စိတ်ထဲကမလုပ်ချင်တဲ့ဆဲဆိုဆူပူမူကို မလုပ်ဖို့ ကျောင်းသား

မိဘတွေကိုလည်း ဒီနေရာကမေတ္တာရပ်ခံချင်ပါတယ်။မတော်လို့ တစ်ခုခုလုပ်သွားရင်အခက်ပါ။ကလေးဆိုတာ စိတ်ပင်ပန်းမူကို မခံနိုင်ပါဘူး။

နောက်ဆုံးတစ်ခုက မတောတဆ ကျရူံးခဲ့ရင်တောင်
ရှက်စရာမဟုတ်ဘူး ပြောခဲ့ချင်ပါတယ်။မကျရူံးဖူးတဲ့လူသားဆိုတာမရှိပါဘူး။ကျရူံးရင် ပြန်ကြိုးစားရမယ်။ပြန်ကြိုးစားဖို့အခွင့်အရေးကလည်း မင်းတို့မှာရှိတာပါပဲ။

ဖိုက်​တိန်းပါ။ဘယ်လိုရလာဒ်မျိ ုးဖြစ်ဖြစ် အစ်မရယ် မင်းတို့မိဘတွေရယ် မင်းတို့နှင့်အတူရှိတယ်ဆိုတာ မမေ့ဖို့ပြောခဲ့ချင်ပါတယ်။

ကိုယ်လက်မခံနိုင်တဲ့ရလာဒ်ထွက်တဲ့အခါ မခံစားနိုင်တဲ့အခါ အစ်မဖုန်းကိုခေါ်ဆိုနိုင်ပါတယ်။အစ်မနားထောင်ပေးမယ်။ဖုန်းကိုတတ်နိုင်သလောက် အစ်မဖွင့်ထားပါတယ်။

ရလာဒ်ကောင်းထွက်ပါစေ ကလေးတို့..

Crd

Leave a Reply

Your email address will not be published.