ဒီလို သစ္စာ ပြုတာမျိုးမှ မကူးတင်ရင် Facebook သုံးမနေတော့ဘူး ကောင်းလိုက်တဲ့ သစ္စာပြုချက်ပါ။

News

ဒီလို သစ္စာပြုတာမျိုးမှ မကူးတင်ရင် Facebook သုံးမနေတော့ဘူး ကောင်းလိုက်တဲ့ သစ္စာပြုချက်ပါ။

သစ္စာပြုပါသည် …

သစ္စာပြုပါသည် ဘုရား သစ္စာနှုတ်သီး မန္တာန်ကြီးကား ေ-သပြီးသော်မှ ပြန်ရှင်ထ၏။ … သစ္စာစကား စွမ်းပကားကို ဘုရားသော်မှ ချီးမွမ်းရ၏

မိမိတို့မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခသည်-ဓမ္မနှင့် အဓမ္မ အားပြိုင်မှု ဖြစ်လျှင် ဓမ္မဘက်မှ အနိုင်ရရှိပါစေ

သစ္စာဝါဒီနှင့် မုသာဝါဒီတို့၏ အားပြိုင်မှုဖြစ်လျှင် သစ္စာဝါဒီများဘက်မှ အနိုင်ရပါစေ

တိုင်းပြည်နှင့် လူမျိုးအပေါ် စေတနာမှန်သူနှင့် စေတနာမမှန်သူများ၏ အားပြိုင်မှုဖြစ်လျှင် စေတနာမှန်သူများဘက်မှ အနိုင်ရပါစေ

အများအကျိုး ကြည့်သူများနှင့် ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်သူများ၏ အားပြိုင်မှုဖြစ်လျှင် အများအကျိုး ကြည့်သူများဘက်မှ အနိုင်ရပါစေ

ဖြောင့်မတ်တည်ကြည်သူများနှင့် လိမ်ညာလှည့်ပတ်သူများ၏ အားပြိုင်မှုဖြစ်လျှင် ဖြောင့်မတ်တည်ကြည်သူများဘက်မှ အနိုင်ရပါစေ

ပြည်သူလူထုအပေါ် မေတ္တာကရုဏာ ထားသူများနှင့် အကြင်နာကင်းမဲ့ သူများ၏ အားပြိုင်မှုဖြစ်လျှင် မေတ္တာကရုဏာထားသူများဘက်မှ အနိုင်ရပါစေ

တရားမျှတမှုကို လိုလားသူများနှင့် မတရားအနိုင်ရလိုသူများ၏ အားပြိုင်မှုဖြစ်လျှင် တရားမျှတမှုကို လိုလားသူများဘက်မှ အနိုင်ရပါစေ

ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သူများနှင့် ဥပဒေမဲ့ အနိုင်ကျင့်သူများ၏ အားပြိုင်မှုဖြစ်လျှင် ဥပဒေအတိုင်း ဆောင်ရွက်သူများဘက်မှ အနိုင်ရပါစေ

တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်လိုသူများနှင့် တိုင်းပြည်ကို အကျိုးယုတ်အောင်လုပ်ဆောင်သူများ၏ အားပြိုင်မှုဖြစ်လျှင် တိုးတက်အောင်ဆောင်ရွက်ရန် အစစ်အမှန် လိုလားသူများဘက်မှ အနိုင်ရပါစေ

ရဟန်းသံဃာများကို အစစ်အမှန် ကြည်ညိုသူများနှင့် နိုင်ငံရေးမှာ အသုံးချလိုသူများ၏ အားပြိုင်မှုဖြစ်လျှင် အစစ်အမှန် ကြည်ညိုသူများ ဘက်မှ အနိုင်ရပါစေ

ဗုဒ္ဓသာသနာကို သဒ္ဓါစစ်ဖြင့် ကြည်ညိုသူများနှင့် သာသနာကိုခုတုံးလုပ်သူများ၏ အားပြိုင်မှုဖြစ်လျှင် သဒ္ဓါစစ်နှင့် ကြည်ညိုသူများဘက်မှ အနိုင်ရပါစေ

ဤသို့ အဂတိမလိုက်ဘဲ သစ္စာပြုရသည့်အကျိုးကြောင့် မြန်မာနိုင်ငံသားအားလုံး ကပ်သုံးပါးဘေးနှင့် ရန်သူမျိုးငါးပါးဘေးမှ အမြန်ဆုံး ကင်းဝေးကြပါစေ

မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေ ဒေါက်တာအရှင်ကုမုဒ(ဗောဓိတထောင်)ကူးယူ မျွဝေပါ၏ဘု‌ရား …

သစ္စာပြုလိုသူ ချစ်မိတ်ဆွေများ ပြန်ကူးတင်ပေးကြပါခင်ဗျာ …

Zawgyi


သစ်စာပွုပါသညျ …
















Credit original writer

Leave a Reply

Your email address will not be published.