ခုချိန် တို့မျက်ခုံးလှုပ် နေရော့မယ်…

News

ပေကျင်းမြို့တော်အထိ တိုက်ခိုက်နိုင်သောဒုံးကျည်များ ပိုင်ဆိုင်ထားဟု ထိုင်ဝမ် ပြော

ဧရာဝတီတိုင်းမ်

ဇွန်လ ၁၈ ရက်

ထိုင်ဝမ်၌ အသံထက်မြန်သော ဒုံးကျည်များဖြင့် ပေကျင်းမြို့တော်ကို တိုက်ခိုက်နိုင်သည့်စွမ်းရည် ပိုင်ဆိုင် ထားပြီး ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များထံမှ အကြံဉာဏ်များယူနေကြောင်း ထိုင် ဝမ် လွှတ်တော်အကြီးအကဲက ပြောကြားလိုက်သည်။

ထိုင်ဝမ်က တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မည်မဟုတ်သော်လည်း ပဋိပက္ခဖြစ်ပါက အင်အားဖြင့်တုံ့ပြန် နိုင်သည့် စွမ်းရည်ရှိကြောင်း အာဏာရ ဒီပီပီပါတီ၏ သြဇာကြီးမားသော အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယူဆီကွန်က မိန့် ခွန်းတစ်ခုအတွင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ထိုင်ဝမ်ကို တိုက်ခိုက်လိုတယ်ဆိုရင် ထိုင်ဝမ်မှာ တိုက်ခိုက်နိုင်တဲ့စွမ်းရည် ရှိတယ်ဆိုတာ ပထမဆုံး စဉ်းစားရမှာဖြစ်ပါတယ်။ ထိုင်ဝမ်က ပြည်တွင်းဖြစ် ယွမ်ဖန်ခရုဇ်ဒုံးကျည်တွေနဲ့ ပေကျင်းမြို့တော်ကို တိုက်ခိုက်နိုင်ပါတယ်” ဟု ၄င်းက ပြောသည်။

ထိုင်ဝမ်က ယွမ်ဖန်ဒုံးကျည်များ ထုတ်လုပ်မည့်အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး အဆိုပါစီမံကိန်း အတွက် ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။

ယွမ်ဖန်ခရုဇ်ဒုံးကျည်က မိုင် ၁၂၀၀ အထိ ရောက်ရှိနိုင်ပြီး တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းမြို့အထိ တိုက်ခိုက်နိုင်ကြောင်း သိရသည်။ ထိုင်ဝမ်က ယူကရိန်း-ရုရှားစစ်ပွဲမှ အကြံဉာဏ်များ ရယူထားရာ ကာကွယ်လို သည့်ဆန္ဒကသာ အရေးကြီးသည်ဟု သူက ဆိုသည်။

ထိုင်ဝမ်နှင့်ယူကရိန်းက ပြည်တွင်းဖြစ်လက်နက်များ အရေးပါမှုကို မီးမောင်းထိုးပြနေသော်လည်း နှစ်နိုင် ငံစလုံးက အနောက်နိုင်ငံများမှ လက်နက်ထောက်ပံ့မှုများ ရရှိခဲ့သည်။
အမေရိကန်အစိုးရက ထိုင်ဝမ်သို့ ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ စစ်လက်နက်များရောင်းချရန် အတည် ပြုခဲ့သလို ယူကရိန်းသို့ ဒေါ်လာဘီလီယံချီတန်ကြေးရှိ စစ်လက်နက်များ လွှဲပြောင်းပေးခဲ့သည်။

ထိုင်ဝမ်၏ မည်သည့်တိုက်ခိုက်မှုမျိုးကမဆို ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာကျားကွမ်က သတိပေးခဲ့သည်။

ကိုးကား – အာတီ

Crd

Unicode

ေပက်င္းၿမိဳ႕ေတာ္အထိ တိုက္ခိုက္နိုင္ေသာဒုံးက်ည္မ်ား ပိုင္ဆိုင္ထားဟု ထိုင္ဝမ္ ေျပာ

ဧရာဝတီတိုင္းမ္

ဇြန္လ ၁၈ ရက္

ထိုင္ဝမ္၌ အသံထက္ျမန္ေသာ ဒုံးက်ည္မ်ားျဖင့္ ေပက်င္းၿမိဳ႕ေတာ္ကို တိုက္ခိုက္နိုင္သည့္စြမ္းရည္ ပိုင္ဆိုင္ ထားၿပီး ႐ုရွားက်ဴးေက်ာ္စစ္အတြင္း ယူကရိန္းလက္နက္ကိုင္တပ္ဖြဲ႕မ်ားထံမွ အႀကံဉာဏ္မ်ားယူေနေၾကာင္း ထိုင္ ဝမ္ လႊတ္ေတာ္အႀကီးအကဲက ေျပာၾကားလိုက္သည္။

ထိုင္ဝမ္က တ႐ုတ္နိုင္ငံႏွင့္ ထိပ္တိုက္ေတြ႕မည္မဟုတ္ေသာ္လည္း ပဋိပကၡျဖစ္ပါက အင္အားျဖင့္တုံ႔ျပန္ နိုင္သည့္ စြမ္းရည္ရွိေၾကာင္း အာဏာရ ဒီပီပီပါတီ၏ ၾသဇာႀကီးမားေသာ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ယူဆီကြန္က မိန႔္ ခြန္းတစ္ခုအတြင္း ေျပာၾကားခဲ့သည္။

“တ႐ုတ္နိုင္ငံက ထိုင္ဝမ္ကို တိုက္ခိုက္လိုတယ္ဆိုရင္ ထိုင္ဝမ္မွာ တိုက္ခိုက္နိုင္တဲ့စြမ္းရည္ ရွိတယ္ဆိုတာ ပထမဆုံး စဥ္းစားရမွာျဖစ္ပါတယ္။ ထိုင္ဝမ္က ျပည္တြင္းျဖစ္ ယြမ္ဖန္ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ ေပက်င္းၿမိဳ႕ေတာ္ကို တိုက္ခိုက္နိုင္ပါတယ္” ဟု ၄င္းက ေျပာသည္။

ထိုင္ဝမ္က ယြမ္ဖန္ဒုံးက်ည္မ်ား ထုတ္လုပ္မည့္အစီအစဥ္ကို ၂၀၁၈ ခုႏွစ္တြင္ စတင္ခဲ့ၿပီး အဆိုပါစီမံကိန္း အတြက္ ေဒၚလာ သန္း ၄၀၀ ေက်ာ္ ရင္းႏွီးျမႇုပ္ႏွံခဲ့သည္။

ယြမ္ဖန္ခ႐ုဇ္ဒုံးက်ည္က မိုင္ ၁၂၀၀ အထိ ေရာက္ရွိနိုင္ၿပီး တ႐ုတ္နိုင္ငံ၏ၿမိဳ႕ေတာ္ ေပက်င္းၿမိဳ႕အထိ တိုက္ခိုက္နိုင္ေၾကာင္း သိရသည္။ ထိုင္ဝမ္က ယူကရိန္း-႐ုရွားစစ္ပြဲမွ အႀကံဉာဏ္မ်ား ရယူထားရာ ကာကြယ္လို သည့္ဆႏၵကသာ အေရးႀကီးသည္ဟု သူက ဆိုသည္။

ထိုင္ဝမ္ႏွင့္ယူကရိန္းက ျပည္တြင္းျဖစ္လက္နက္မ်ား အေရးပါမႈကို မီးေမာင္းထိုးျပေနေသာ္လည္း ႏွစ္နိုင္ ငံစလုံးက အေနာက္နိုင္ငံမ်ားမွ လက္နက္ေထာက္ပံ့မႈမ်ား ရရွိခဲ့သည္။အေမရိကန္အစိုးရက ထိုင္ဝမ္သို႔ ေဒၚလာ ဘီလီယံခ်ီတန္ေၾကးရွိ စစ္လက္နက္မ်ားေရာင္းခ်ရန္ အတည္ ျပဳခဲ့သလို ယူကရိန္းသို႔ ေဒၚလာဘီလီယံခ်ီတန္ေၾကးရွိ စစ္လက္နက္မ်ား လႊဲေျပာင္းေပးခဲ့သည္။

ထိုင္ဝမ္၏ မည္သည့္တိုက္ခိုက္မႈမ်ိဳးကမဆို ဆိုးရြားေသာ အက်ိဳးဆက္မ်ားရွိလာမည္ဟု တ႐ုတ္နိုင္ငံ ထိုင္ဝမ္ေရးရာ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ မာက်ားကြမ္က သတိေပးခဲ့သည္။

ကိုးကား – အာတီ

Crd

Leave a Reply

Your email address will not be published.