အထက်တန်း (G-10နဲ့G-11)CDM ကျောင်းသားများအတွက်သတင်းကောင်း FOEIMမှာကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပါပြီဗျို့
Free Online Educational Institution Myanmar ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်းဆင့်ဖြစ်သော Grade 10 (သင်ရိုးသစ်) နှင့် Grade 11 (တက္ကသိုလ်ဝင်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူသစ်များလက်ခံခြင်း။
• Free Online Educational Institution Myanmar- FOEIM သည် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ တရားဝင် အသိအမှတ်ပြုရရှိထားသော ပညာရေးအဖွဲ့အစည်းဖြစ်ပါသည်။




• FOEIM သည် ဖက်ဒရယ်ယူနစ်အရ ကရင်နီပြည်နယ်၏ ကြားကာလ အတိုင်ပင်ခံကောင်စီဖြစ်သော ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ တရားဝင် ပညာရေးမိတ်ဆက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခြင်းခံထားရသော ပညာရေးအဖွဲ့အစည်းဖြစ်ပါသည်။
• ထို့အပြင် FOEIM သည် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းနှင့် ပညာရေးဆိုင်ရာ အရည်အသွေးပြည့်ဝရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
• FOEIM သည် တော်လှန်ရေးလွန်ကာလတွင်ပေါ်ပေါက်လာမည့် အသက်အရွယ်နှင့်လိုက်သော အရည်အချင်းဆိုင်ရာ မူဝါဒအတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်အလိုက် အရည်အသွေးရှိစေရေးအတွက် သင်ကြားပေးသွားမည်ဖြစ်သည်။




Free Online Educational Institution Myanmar- FOEIM မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်းဆင့်ဖြစ်သော Grade 10 (သင်ရိုးသစ်) နှင့် Grade 11 (တက္ကသိုလ်ဝင်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူသစ်များကို စတင်လက်ခံပါပြီ။
FOEIM သည် အထက်တန်းဆင့်များကို အစိုးရသင်ရိုး နှင့် GED သင်ရိုး ၂ ခါကို hybrid သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်မည့် အထက်တန်းပြီးဆုံးကြောင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပြီး၊ တော်လှန်ရေးအချိန်ကြာမြင့်လာခြင်း သို့မဟုတ် ပြည်ပတွင် တက္ကသိုလ်တက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ တက္ကသိုလ်များမှလက်ခံသော GED စာမေးပွဲပါ ဝင်ရောက်ဖြေဆိုနိုင်စေရန် ပြင်ဆင်ပေးသွားမည်ဖြစ်သည်။
⚠️ “Free Online Educational Institution Myanmar တွင် စာသင်နှစ် ၁ နှစ်တာလုံး တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ ပညာသင်နှစ် ၁ နှစ်တာလုံး အတန်းမှန်မှန်တက်ရောက်ကာ သေချာကြိုးစားသော “ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး” ကို




✅ GED ဝင်ရောက်ဖြေဆိုရာတွင် ကုန်ကျမည့် စာမေးပွဲကြေး၊
✅ နိုင်ငံတကာတက္ကသိုလ်တွင် တက်ရောက်ရန် လိုအပ်သော language test များဖြစ်သည့် TOEFL သို့မဟုတ် Duolingo ဖြေဆိုရန်လိုအပ်သည့် preparation အတန်းများအတွက် ကုန်ကျစရိတ်ထောက်ပံ့ပေးခြင်းနှင့်
✅ language test ဖြေဆိုရန်လိုအပ်သော စာမေးပွဲကုန်ကျစရိတ်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။”
အထက်တန်းအတွက် ပညာသင်နှစ်ကြာချိန်မှာ ၁၀ လဖြစ်သည်။
အထက်တန်းအတွက် ၁ နှစ်တာ data support ပမာဏ မှာ ထိုင်း ဘတ် (၃၀၀၀) ဘတ်ဖြစ်သည်။




▪️ Free Online Educational Institution Myanmar- FOEIM တွင် အထက်တန်းဆင့်ဖြစ်သော Grade 10 (သင်ရိုးသစ်) နှင့် Grade 11 (တက္ကသိုလ်ဝင်တန်း) အဆင့် ကျောင်းသား၊ ကျောင်းသူသစ်များကို အောက်ပါလမ်းညွှန်ချက်များအတိုင်း ကျောင်းအပ်နိုင်ပါသည်။
1️⃣ Free Online Educational Institution Myanmar အထက်တန်းကျောင်းအပ် လက်ခံသည့် အောက်ပါ google form ကိုဖြည့်ပေးပါ။https://forms.gle/6ysZe1HC7aosbGQR6
2️⃣ ထို့နောက် email မှ ၃ ရက်အတွင်း data support အတွက် ငွေလွှဲရမယ့် Thai account အားပေးပို့လာပါမည်။
• အထက်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ၁ နှစ်စာ data support ပမာဏ မှာ ထိုင်းဘတ် (၃၀၀၀) ဘတ်ဖြစ်ပါသည်။




(CDM များ၏ သား၊ သမီးဖြစ်ပါက data support ကို ၅ လစာ ၂ ကြိမ်ခွဲ၍ ပေးနိုင်ပြီး၊ ကျန်သော ကျောင်းသား၊ ကျောင်းသူများမှာ ၁ ကြိမ်တည်းပေးသွင်းရမည်ဖြစ်သည်။)
3️⃣ ထိုင်းဘဏ်ထဲသို့ မိမိနှင့်နီးစပ်သော Online Money Exchange Agent များမှ လွှဲနိုင်သည်။
မိမိနှင့်နီးစပ်သော Online Money Exchange Agent မရှိပါက စိတ်ချရသော agent များကို page ၏ messenger တွင်လာရောက်မေးမြန်းနိုင်ပါသည်။
4️⃣ Data Support လွှဲထားကြောင်း agent မှပေးသော ဘဏ် screenshot ကို email တွင်ပေးထားသော data support form ဖြည့်ပေးရန်လိုအပ်ပါသည်။
Data Support အား ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထားလွှဲပေးရန်လိုအပ်ပါသည်။




5️⃣ ငွေလွှဲ screenshoot ပို့ပြီးပါက ဇူလိုင်လ ၁၅ ရက်နေ့တွင် အတန်းအတွက် join ရမည့် link ကို email မှတဆင့် ပေးပို့မည်ဖြစ်သည်။
6️⃣ အတန်းများကို ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၂ တွင် စတင်ပါမည်။
(အတန်းချိန်များသည် တနင်္လာမှ သောကြာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်းသာရှိမည်ဖြစ်ပြီး ၁ ပတ်လျှင် စာသင်ချိန် ၂၁ နာရီမှ ၂၄ နာရီ အထိရှိမည်ဖြစ်သည်။)
❗️ပညာသင်နှစ် ပြီးဆုံးပါက အရည်အချင်းပြည့်မီကြောင်း certificate ကို ထုတ်ပေးသွားပါမည်။
(တော်လှန်ရေးလွန်ကာလတွင် အရည်အချင်းပြည့်မီကြောင်း certificate ကို ပြည်တွင်း၊ ပြည်ပ တရားဝင်အသုံးပြုနိုင်မည်ဖြစ်သည်။)
❗️အတန်း ၁ ခုတွင် ကျောင်းသား ဦးရေ ၂၅၀၀ စီသာ လက်ခံသွားမည်ဖြစ်၍ မြန်မြန်အပ်ထားဖို့လိုအပ်ပါသည်။




❗️အတန်းများကို Zoom App ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
❗️ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် အချက်အလက်များကို ပြည်ပရှိ server တွင် လုံခြုံစွာ သိမ်းဆည်းထားပါသည်။
❗️သင်ကြားရေးဆရာ၊ ဆရာမများ၏ အရည်အသွေးတိုးမြှင့်စေရန်အတွက် အပတ်စဉ် သင်ရိုးရေးဆွဲခဲ့သော တက္ကသိုလ်များမှ ဆရာကြီး၊ ဆရာမကြီးများ၊ နိုင်ငံတကာမှ သင်ရိုးနှင့် သင်ကြားရေး ဆရာ၊ ဆရာမများမှလည်း အပတ်စဉ် training များပေးပို့သွားမည်ဖြစ်သည်။




❤️ FOEIM ၏ လုပ်ဆောင်ချက်နှင့် သင်ကြားရေးအကြောင်းကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား မေးမြန်းစုံစမ်းနိုင်ပြီး စိတ်ချလုံခြုံစွာ ကျောင်းအပ်နိုင်ပါသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade 10 တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူသစ်များ သိရှိလိုသည်များကို grade10@foeim.org သို့ email ပို့ကာမေးမြန်းနိုင်ပါသည်။




၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade 11 တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူသစ်များ သိရှိလိုသည်များကို grade11@foeim.org သို့ email ပို့ကာမေးမြန်းနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
#FOEIM
Crd