အာဏာရှင်လက်ထက် မြိုင်သူတို့ ရွှေနားကပ်မလို သေနတ်သာလိုသည်

News

အာဏာရှင်လက်ထက် မြိုင်သူတို့ ရွှေနားကပ်မလို သေနတ်သာလိုသည်

၁၅ နှစ်အရွယ် သမီးကြီးဖြစ်သူ အမြတ်တနိုးပန်ဆင်ထားသည့် ရွှေနားကပ်ကို ​ချွတ်ကာ မိခင်ဖြစ်သူ ဒေါ်ခင်က တွေဝေခြင်း အလျှင်းမရှိဘဲ ငွေဖလားထဲကို ကမ်းထည့်ပေးလိုက်သည်။ဇွန်လဆန်းပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာတစ်ခုတွင် နိုင်ငံရေးဟောပြောပွဲအပြီး အာဏာသိမ်းစစ်ကောင်စီကို လက် နက်စွဲကိုင်ခုခံနေသော တော်လှန်ရေးတပ်ဦးကို နားမှ နားကပ်ဖြုတ်လှူနေကြခြင်းဖြစ်သည်။

“ယောက်ကျားမှာ ဖိနပ်၊ မိန်းမမှာ နားကပ်” ဟု ဆိုရိုးရှိသည့်အတိုင်း သမီးမိန်းကလေးမှန်ရင် နားကပ်ရှိမှ တင့်တယ်သည်ဟူသော အယူအဆကို စစ်အာဏာရှင်လက်အောက်တွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ဟု ဆုံးဖြတ်ကာ ရှိစုမဲ့စု နားကပ်တစ်ရန်ကို ဒေါ်ခင်တို့သားအမိနှစ်ဦး စိတ်တူကိုယ်တူ ချွတ်လှူလိုက်ခြင်းဖြစ်သည်။

ဒေါ်ခင်တို့သားအမိမှာ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ခုမှဖြစ်သည်။ မကွေးတိုင်းအစွန် ဆုံးရှိ မြိုင်မြို့နယ်မှာ စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်အချို့နှင့် ထိစပ်နေသည့်ပြင် ချင်းပြည်နယ်အတက် ယောဒေသနှင့်လည်း ဆက်လျက်ကပ်လျက်ရှိသည်။

ဒေသခံ​ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အား ကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးပြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည်။”ပြည်သူလူထုတွေ သေတာလည်း မြင်နေရတော့ မခံစားနိုင်လို့ပါ။

အခုနေကတော့ စားစရာ မရှိရှိပါ။ သူတို့အတွက် ကျည် ဆန်တစ်တောင့်ဖိုးပဲရရ၊ နှစ်တောင့်ဖိုးပဲ ရရဆိုပြီး ချွတ်ပြီးတော့ လှူလိုက်ကြတာ။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။ နားကပ်က သိပ်တော့မရှိပါဘူး” ဟု အသက် ၄၀ နီးပါးအရွယ် ဒေါ်ခင်က ဆိုသည်။

တစ်နေ့လုပ်တစ်နေ့စား ချွေးနှဲစာငွေကြေးဖြင့် သမီးဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် ထိုနားကပ်မှာ ဝယ်ယူစဉ်က ကျပ် ၆၀,၀၀၀ ဝန်းကျင်သာ တန်သည်။ သို့ သော် ထိုနားကပ်က သူတို့မိသားစုတွင် တန်ဖိုးအကြီးမားဆုံးပိုင်ဆိုင်မှုတစ်ခုဟု ဆိုနိုင်သည်။

လွန်ခဲ့သည့် ရှစ်နှစ်က အမျိုးသားဆုံးပါးသွားသောကြောင့် သမီးကြီးနှင့် ၁၂ နှစ်အရွယ် သားငယ်ကို ဒေါ်ခင်တစ်ယော က်တည်း ခက်ခက်ခဲခဲ လုပ်ကိုင်ကျွေးမွေးခဲ့ရသည်။ကျော င်းမနေခဲ့ဖူးသော ဒေါ်ခင်မှာ လက်လှုပ်မှ ပါးစပ်လှုပ်ရသော နေ့စားသမားတစ်ဦးဖြစ်သည်။

သန်းနှင့်ချီသော ပြည်သူများ မျက်ရည်ပေါက်ကြီးငယ်ကျရုံမျှမက အသက်အိုးအိမ်စည်းစိမ်ကို တစ်စစီ ချိုးဖဲ့ဖျက်ဆီးနေသော အာဏာသိမ်းစစ်အုပ်စုကို ခုခံတိုက်ခိုက်ရန် အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် သမီးနားကပ်ကို ဖြုတ်လှူခြင်းဖြစ်သည်ဟု ဒေါ်ခင်က ဆိုသ ည်။”

စစ်အာဏာရှင်အောက်မှာလည်း မနေချင်တော့ဘူး။ စစ်ဖိနပ်အောက်မှာလည်း ဒူးမထောက်ချင်တော့ပါဘူး။ ပြည်သူလူထုတွေ တော်တော်လည်းခံစားရတယ်” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ပြည်သူများ သတ်ဖြတ်ခံရပြီးနောက် အခြားဒေသများနည်းတူ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည်။

မကွေးတိုင်း မြိုင်မြို့နယ်သည် စစ်ကောင်စီက စစ်ဆင်ရေးအကြီးအကျယ်ဆင်နွှဲနေသည့် စစ်ကိုင်းတိုင်း ပုလဲ၊ ဆားလင်းကြီးမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်နက်ကိုင်ခုခံစစ်အားကောင်းသည့် ဒေသတစ်ခုဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို လက်နက်မပြည့်မစုံဖြင့် ခုခံတိုက်ခိုက်နေရသောကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အဓိကလိုအပ်သည့် လက် နက်များတပ်ဆင်ရန် မြိုင်မြိုနယ်အတွင်းမှ အမျိုးသမီးများသည် ဒေါ်ခင်နည်းတူ ရှိစုမဲ့စုရွှေနားကပ်များ ချွတ်ပေးနေကြသည်။

မြိုင်မြို့နယ်အတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ၊ လူထုတွေ့ဆုံပွဲများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ ခရီးစဉ်များတွင် ဒေသခံတို့က နားကပ်၊ လက်စွပ်၊ ဆွဲကြိုး၊ လက် ကောက် စသည့် ရွှေထည်လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်းကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တက်နိုင်သည့်ဘက်မှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ထောက်ပံ့လျက်ရှိရာ အမျိုးသမီးများ အမြတ်တနိုးဝတ်ဆင်သည့် ရွှေနားကပ်ချွတ်ပေးခြင်းကို မြိုင်မြို့နယ်တွင် ပထမဆုံးတွေ့ရခြင်းဖြစ်သည်။

သူတို့တွင် နားကပ်မှလွဲ၍ အခြားပေးစရာ ငွေလည်းမရှိပေ။”တောင်သူလုပ်တာ။ စီးပွားရေးကတော့ အဆင်မပြေဘူးပေါ့။ အညာမှာက ခြောက်ခန်းတယ်လေ။ ပိုက်ဆံမရှိတော့ နားတောင်းချွတ်လှူလိုက်တာပေါ့။

ကျွန်မကတော့ ကျည်ဆန်ဖိုးပဲရရ၊ လက်နက်ဖိုးပဲရရ စိတ်ဓာတ်နဲ့ လှူတာပါ” ဟု သက်လတ်ပိုင်းအရွယ် အမည်မဖော်လိုသူ မြိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အပူပိုင်းဇုန်ရှိ မြိုင်မြို့နယ်တွင် မြစ်တစ်စင်းမျှ ဖြတ် သန်းစီးဆင်းခြင်းမရှိပေ။ မိုးကိုသာ မျှော်ကိုး၍ ယာလုပ်ကြရသည်။ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ပိုကျပ်တည်းသည်။

မြေပဲ၊ နှမ်း၊ ပြောင်းနှင့် ပဲစင်းငုံတို့ စိုက်ပျိုးထားသော်လည်း စစ်တပ်ရန်ကြောင့် စိတ်ဖြောင့်ဖြောင့် မလုပ်ကိုင်နိုင်ကြပေ။ သွားရေးလာရေး ခက်ခဲသဖြင့် စိုက်ပျိုးထားသည့် သီးနှံများပေါ်လျှင်ပင် မြို့ကို တက်ရောင်းရန် မလွယ်ကူကြောင်း၊ စစ်တပ်က နေရာတကာ မထင်လျှင်မထင်သလို ဖမ်းဆီးနှိပ်စက်သဖြင့် မသွားရဲမလာရဲဖြစ်နေကြောင်း မြိုင်ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီလက်ချက်ကြောင့် ဒေသတိုင်းတွင် စီးပွား ရေးထိခိုက်ပြီး လူအများ ဒုက္ခရောက်နေချိန် လက်ဝတ်ရတနာများကို မဆင်မြန်းလိုတော့ကြောင်း နောက်ထပ် မြိုင်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည် ။

စစ်အာ ဏာရှင်လက်ထက်တွင် ရွှေငွေစည်းစိမ်းများသာမက လူ့အသက်သည်ပင် အာမခံချက်မရှိသလို အာဏာ ရှင်စနစ် ပြုတ်မကျမချင်း လုံခြုံမှုမရှိနိုင်ကြောင်း မိဘအမွေ ခြောင်းသောင်းတန် ရွှေနားကပ်ချွတ်ပေးခဲ့သည့် အသက် ၂၁ နှစ်အရွယ် ထိုအမျိုးသမီးက ဆိုသည်။

“ရွှေနားကပ်၊ နားရန်းတွေ ဝတ်ဆင်ပြီး နေတာထက်စာလို့ရှိရင် ကျွန်မတို့ ရှိသမျှ အရာပစ္စည်းတွေကို ရောင်းချပြီးတော့ ဒီတော်လှန်ရေးကြီးမှာ စစ်အာဏာရှင်ပြုတ်ကျဖို့ ကျွန်မတို့ ဘာလုပ်နိုင်လဲဆိုတာ ရဲရဲဝံ့ဝံ့တွေးရမယ်။ ရဲရဲဝံ့ဝံ့တွေးပြီးရင် ရဲရဲဝံ့ဝံ့ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်”

ဟု ၎င်းက ဆိုသည်။လက်ဝတ်ရတနာကို “ရှိတန်ဆာ၊ မရှိဝမ်းစာ” အတွက် ဝယ်ယူခဲ့သော်လည်း အာဏာရှင်လက်ထက်တွင် တော်လှန်ရေးအောင်မြင်ရန် အခရာကျသဖြင့် ၁၀ နှစ်ကြာ ပန်ဆင်ခဲ့သည့် နားကပ်ကို ချွတ်ပေးခဲ့ကြောင်း အသက် ၃၀ အရွယ် မြိုင်ဒေသခံ မမို့မို့ကလည်း ပြောသည်။

“စစ်သားက ကျွန်မကို သေနတ်နဲ့ ပစ်သတ်မှာထက်စာရင် ဒီနေ့ရောဂါဖြစ်လို့ သေသွားလဲ ကိစ္စမရှိဘူး။ ဘာမှမဖြစ်ဘူး။ ကျွန်မတို့က ကိုယ့်ရဲ့ကျန်မားရေး စီးပွားရေးတွေလည်း မတွေးတော့ဘူးပေါ့။ ဒါပြီးရင် ငါတို့တွေ အေးအေးချမ်းချမ်းနေရမှာပဲဆိုတဲ့ စိတ်ဓာတ်နဲ့ လှူလိုက်တာပါ” ဟု သူက ပြောသည်။

ငွေကြေးအရ တန်ဖိုးမများသော်လည်း ရှေ့တန်းမှ တိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ စိတ်ခွန်အားဖြစ်စေနိုင်သည်ဟု မမို့မို ယုံကြည်သည်။

ယခုနှစ်အတွင်း စစ်ကောင်စီတပ်က သူနေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းကာ နေအိမ် ၇ လုံး မီးရှို့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယာခင်းထဲတွင် ရှောင်ပုန်းနေသည် ရွာသားများကို သေနတ်ဖြင့် လိုက် လံပစ်ခတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။”

ပစ္စည်းတွေ၊ ရွှေထည်တွေယူပြီး လူနှစ်ယောက် အသတ်ခံရတယ်။ ဒါမျိုးတွေကို မကြုံဖူးတော့ အဝေးကြီးကို မပြေးဘူးပေါ့။ ရွာအရှေ့ဘက်က ယာခင်းတွေထဲ ပြေးတာပေါ့။

အဲဒီအချိန်မှာ သူတို့တွေက ယာခင်းတွေထဲအထိ လိုက်ပစ်တယ်။ ကျွန်မတို့ ၃ မိုင် ၄ မိုင်လောက်အထိကို ခြေလျင်ပြေးရပါတယ်” ဟု သူက ပြန်ပြောပြသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်သော်လည်း လက်နက်အင်အားမမျှ၍ တပ်ဖွဲ့ဝင်တစ်ချို့ထိခိုက်ကာ ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ပြည်သူလူထုထောက်ပံ့သည့် ရန်ပုံငွေကို အဓိကအားထားနေရသည့် တော်လှန် ရေးတပ်ဖွဲ့အနေဖြင့် ရွှေနားကပ်အလှူအတွက် ခွန်အားရသလို အဟောသိကံမဖြစ်ရန် သတိထားသုံးစွဲရကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးဥက္ကဋ္ဌ ဦးအောင်ဇေယျက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် လူထုတွေ့ဆုံပွဲသုံးခုမှ ရွှေနားကပ် ၃၄ ရန်အထိ ရရှိထားပြီး အသက် ၂ နှစ်မှ ၇၅ နှစ်အရွ ယ် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများက ထောက် ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။”

ငွေမရှိလို့ ရှိတာဖြုတ်ပြီး လှူဒါန်းတယ်ဆိုကတည်းက ကျွန်တော်တို့ PDF တွေအတွက် အင်မတန်မှ ခွန်အားတစ်ရပ်ဖြစ်စေတယ်။ ဒါ ကျွန်တော်တို့အတွက် ရုန်းကန်ရကျိုးနပ်တယ်” ဟု ၎င်းက ဆိုသည်။

မြိုင်မြို့နယ် PD သည်လည်း ပြည်သူများလှူဒါန်းသည့် ရွှေနားကပ် ၂၇ ရန်၊‌ ရွှေဆွဲကြိုး ၉ ကုံး၊ လက်ကောက် ၃ ရန်၊ လက်စွပ် ၂ ကွင်း လက်ခံရရှိထားပြီး လက်နက်ခဲယမ်းဝယ်ယူရန်နှင့် CDM ဝန်ထမ်းများထောက်ပံ့ရန် အဓိကသုံးစွဲမည်ဟု PDF တပ်ရင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

စစ်ကောင်စီကို ခံပြင်းစိတ်ဖြင့် မီးရှို့ခံရသည့်ပြည်သူများက ထောက်ပံ့နေကြောင်း၊ အလေ့အလွင့်မရှိစေရန် စိစစ်သုံးစွဲကြော င်း ရွှေထည်များကို ပန်းထိမ်ပညာရှင်နှင့် ညှိနှိုင်းကာ ရွေချောင်းများပြုလုပ်ထားရကြောင်း မြိုင် PDF မှ တပ်ရင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

“ငွေအရင်းအနှီးမရှိဘူး။ သူတို့ နားကပ်တွေဘာတွေ ချွတ်လှူတာတွေ ရှိတယ်။ ရပ်ရွာတွေကို မီးရှို့ခံရတဲ့အချိန်မှာ သစ်တို့ ဝါးတို့ မျောတို့ သွားပို့ရတာရှိတယ်။ ပို့တဲ့အချိန်မှာ သူတို့တက်နိုင်တဲ့ ပိုက်ဆံမရှိကြတော့ ရွှေထည်ပစ္စည်းပဲ လှူကြတော့တာ” ဟု ၎င်းက ပြောသည်။

ဒေသအသီးသီးတွင် စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ ကျေးရွာများကို စီးနင်းမီးရှို့မှုရှိသလို မြိုင်မြို့နယ်မြော က်ပိုင်းတွင်လည်း အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများရှိသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်များ၏ မီးရှို့မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် နေအိမ် ၁၈,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရာ မကွေးတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ စာရင်းများတွင် တွေ့ရသည်။

စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ၁၃,၈၄၀ လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းတွင် ၃,၀၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။

Crd

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အာဏာရှင်လက်ထက် မြိုင်သူတို့ ရွှေနားကပ်မလို သေနတ်သာလိုသည်

၁၅ ႏွစ္အ႐ြယ္ သမီးႀကီးျဖစ္သူ အျမတ္တနိုးပန္ဆင္ထားသည့္ ေ႐ႊနားကပ္ကို ​ခြၽတ္ကာ မိခင္ျဖစ္သူ ေဒၚခင္က ေတြေဝျခင္း အလွ်င္းမရွိဘဲ ေငြဖလားထဲကို ကမ္းထည့္ေပးလိုက္သည္။

ဇြန္လဆန္းပိုင္းက မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္အတြင္း ေက်း႐ြာတစ္ခုတြင္ နိုင္ငံေရးေဟာေျပာပြဲအၿပီး အာဏာသိမ္းစစ္ေကာင္စီကို လက္ နက္စြဲကိုင္ခုခံေနေသာ ေတာ္လွန္ေရးတပ္ဦးကို နားမွ နားကပ္ျဖဳတ္လႉေနၾကျခင္းျဖစ္သည္။

“ေယာက္က်ားမွာ ဖိနပ္၊ မိန္းမမွာ နားကပ္” ဟု ဆိုရိုးရွိသည့္အတိုင္း သမီးမိန္းကေလးမွန္ရင္ နားကပ္ရွိမွ တင့္တယ္သည္ဟူေသာ အယူအဆကို စစ္အာဏာရွင္လက္ေအာက္တြင္ ထည့္သြင္းစဥ္းစားရန္ မလိုအပ္ေတာ့ဟု ဆုံးျဖတ္ကာ ရွိစုမဲ့စု နားကပ္တစ္ရန္ကို ေဒၚခင္တို႔သားအမိႏွစ္ဦး စိတ္တူကိုယ္တူ ခြၽတ္လႉလိုက္ျခင္းျဖစ္သည္။ေဒၚခင္တို႔သားအမိမွာ ၿမိဳင္ၿမိဳ႕နယ္ေျမာက္ပိုင္းရွိ ေက်း႐ြာတစ္ခုမွျဖစ္သည္။

မေကြးတိုင္းအစြန္ ဆုံးရွိ ၿမိဳင္ၿမိဳ႕နယ္မွာ စစ္ကိုင္းတိုင္းအတြင္းမွ ၿမိဳ႕နယ္အခ်ိဳ႕ႏွင့္ ထိစပ္ေနသည့္ျပင္ ခ်င္းျပည္နယ္အတက္ ေယာေဒသႏွင့္လည္း ဆက္လ်က္ကပ္လ်က္ရွိသည္။

ေဒသခံ​ ျပည္သူ႕ကာကြယ္ေရးတပ္ (PDF) မ်ား အား ေကာင္းရာ ေဒသျဖစ္ကာ စစ္ေကာင္စီတပ္ကလည္း မၾကာခဏ စစ္ေၾကာင္းထိုးၿပီး ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားကို မီးရွို႔ဖ်က္ဆီးေနသည္။”ျပည္သူလူထုေတြ ေသတာလည္း ျမင္ေနရေတာ့ မခံစားနိုင္လို႔ပါ။

အခုေနကေတာ့ စားစရာ မရွိရွိပါ။ သူတို႔အတြက္ က်ည္ ဆန္တစ္ေတာင့္ဖိုးပဲရရ၊ ႏွစ္ေတာင့္ဖိုးပဲ ရရဆိုၿပီး ခြၽတ္ၿပီးေတာ့ လႉလိုက္ၾကတာ။ ကိုယ့္ခံစားခ်က္နဲ႕ကိုယ္ေပါ့။ နားကပ္က သိပ္ေတာ့မရွိပါဘူး” ဟု အသက္ ၄၀ နီးပါးအ႐ြယ္ ေဒၚခင္က ဆိုသည္။

တစ္ေန႕လုပ္တစ္ေန႕စား ေခြၽးႏွဲစာေငြေၾကးျဖင့္ သမီးျဖစ္သူအတြက္ ဝယ္ယူေပးခဲ့သည့္ ထိုနားကပ္မွာ ဝယ္ယူစဥ္က က်ပ္ ၆၀,၀၀၀ ဝန္းက်င္သာ တန္သည္။ သို႔ ေသာ္ ထိုနားကပ္က သူတို႔မိသားစုတြင္ တန္ဖိုးအႀကီးမားဆုံးပိုင္ဆိုင္မႈတစ္ခုဟု ဆိုနိုင္သည္။

လြန္ခဲ့သည့္ ရွစ္ႏွစ္က အမ်ိဳးသားဆုံးပါးသြားေသာေၾကာင့္ သမီးႀကီးႏွင့္ ၁၂ ႏွစ္အ႐ြယ္ သားငယ္ကို ေဒၚခင္တစ္ေယာ က္တည္း ခက္ခက္ခဲခဲ လုပ္ကိုင္ေကြၽးေမြးခဲ့ရသည္။ေက်ာ င္းမေနခဲ့ဖူးေသာ ေဒၚခင္မွာ လက္လႈပ္မွ ပါးစပ္လႈပ္ရေသာ ေန႕စားသမားတစ္ဦးျဖစ္သည္။

သန္းႏွင့္ခ်ီေသာ ျပည္သူမ်ား မ်က္ရည္ေပါက္ႀကီးငယ္က်႐ုံမွ်မက အသက္အိုးအိမ္စည္းစိမ္ကို တစ္စစီ ခ်ိဳးဖဲ့ဖ်က္ဆီးေနေသာ အာဏာသိမ္းစစ္အုပ္စုကို ခုခံတိုက္ခိုက္ရန္ အုပ္တစ္ခ်ပ္သဲတစ္ပြင့္အေနျဖင့္ သမီးနားကပ္ကို ျဖဳတ္လႉျခင္းျဖစ္သည္ဟု ေဒၚခင္က ဆိုသ ည္။”

စစ္အာဏာရွင္ေအာက္မွာလည္း မေနခ်င္ေတာ့ဘူး။ စစ္ဖိနပ္ေအာက္မွာလည္း ဒူးမေထာက္ခ်င္ေတာ့ပါဘူး။ ျပည္သူလူထုေတြ ေတာ္ေတာ္လည္းခံစားရတယ္” ဟု သူက ဆိုသည္။

ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံဘဲ အရပ္သားအစိုးရကို ျဖဳတ္ခ်ကာ ၂၀၂၁ ေဖေဖာ္ဝါရီတြင္ စစ္တပ္က တိုင္းျပည္အာဏာ သိမ္းယူခဲ့သည္။ စစ္အာဏာသိမ္းမႈကို ဆန့္က်င္သူ ျပည္သူမ်ား သတ္ျဖတ္ခံရၿပီးေနာက္ အျခားေဒသမ်ားနည္းတူ ျမန္မာနိုင္ငံအလယ္ပိုင္း စစ္ကိုင္းႏွင့္ မေကြးတိုင္းတို႔တြင္ လက္နက္ကိုင္ေတာ္လွန္မႈမ်ား ေပၚေပါက္လာသည္။

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္သည္ စစ္ေကာင္စီက စစ္ဆင္ေရးအႀကီးအက်ယ္ဆင္ႏႊဲေနသည့္ စစ္ကိုင္းတိုင္း ပုလဲ၊ ဆားလင္းႀကီးၿမိဳ႕နယ္မ်ားႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး လက္နက္ကိုင္ခုခံစစ္အားေကာင္းသည့္ ေဒသတစ္ခုျဖစ္သည္။

ရက္စက္ၾကမ္းၾကဳတ္ေသာ စစ္ေကာင္စီကို လက္နက္မျပည့္မစုံျဖင့္ ခုခံတိုက္ခိုက္ေနရေသာေၾကာင့္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အဓိကလိုအပ္သည့္ လက္ နက္မ်ားတပ္ဆင္ရန္ ၿမိဳင္ၿမိဳနယ္အတြင္းမွ အမ်ိဳးသမီးမ်ားသည္ ေဒၚခင္နည္းတူ ရွိစုမဲ့စုေ႐ႊနားကပ္မ်ား ခြၽတ္ေပးေနၾကသည္။

ၿမိဳင္ၿမိဳ႕နယ္အတြင္း စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္းမ်ား၊ လူထုေတြ႕ဆုံပြဲမ်ားႏွင့္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ခရီးစဥ္မ်ားတြင္ ေဒသခံတို႔က နားကပ္၊ လက္စြပ္၊ ဆြဲႀကိဳး၊ လက္ ေကာက္ စသည့္ ေ႐ႊထည္လက္ဝတ္ရတနာမ်ား ေထာက္ပံ့လႉဒါန္းၾကသည္။

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားကို တက္နိုင္သည့္ဘက္မွ ပုံသဏၭာန္မ်ိဳးစုံျဖင့္ ေထာက္ပံ့လ်က္ရွိရာ အမ်ိဳးသမီးမ်ား အျမတ္တနိုးဝတ္ဆင္သည့္ ေ႐ႊနားကပ္ခြၽတ္ေပးျခင္းကို ၿမိဳင္ၿမိဳ႕နယ္တြင္ ပထမဆုံးေတြ႕ရျခင္းျဖစ္သည္။

သူတို႔တြင္ နားကပ္မွလြဲ၍ အျခားေပးစရာ ေငြလည္းမရွိေပ။”ေတာင္သူလုပ္တာ။ စီးပြားေရးကေတာ့ အဆင္မေျပဘူးေပါ့။ အညာမွာက ေျခာက္ခန္းတယ္ေလ။

ပိုက္ဆံမရွိေတာ့ နားေတာင္းခြၽတ္လႉလိုက္တာေပါ့။ ကြၽန္မကေတာ့ က်ည္ဆန္ဖိုးပဲရရ၊ လက္နက္ဖိုးပဲရရ စိတ္ဓာတ္နဲ႕ လႉတာပါ” ဟု သက္လတ္ပိုင္းအ႐ြယ္ အမည္မေဖာ္လိုသူ ၿမိဳင္ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အပူပိုင္းဇုန္ရွိ ၿမိဳင္ၿမိဳ႕နယ္တြင္ ျမစ္တစ္စင္းမွ် ျဖတ္ သန္းစီးဆင္းျခင္းမရွိေပ။ မိုးကိုသာ ေမွ်ာ္ကိုး၍ ယာလုပ္ၾကရသည္။ စစ္အာဏာသိမ္းမႈေၾကာင့္ စီးပြားေရး ပိုက်ပ္တည္းသည္။

ေျမပဲ၊ ႏွမ္း၊ ေျပာင္းႏွင့္ ပဲစင္းငုံတို႔ စိုက္ပ်ိဳးထားေသာ္လည္း စစ္တပ္ရန္ေၾကာင့္ စိတ္ေျဖာင့္ေျဖာင့္ မလုပ္ကိုင္နိုင္ၾကေပ။

သြားေရးလာေရး ခက္ခဲသျဖင့္ စိုက္ပ်ိဳးထားသည့္ သီးႏွံမ်ားေပၚလွ်င္ပင္ ၿမိဳ႕ကို တက္ေရာင္းရန္ မလြယ္ကူေၾကာင္း၊ စစ္တပ္က ေနရာတကာ မထင္လွ်င္မထင္သလို ဖမ္းဆီးႏွိပ္စက္သျဖင့္ မသြားရဲမလာရဲျဖစ္ေနေၾကာင္း ၿမိဳင္ေဒသခံတို႔က ဆိုသည္။

စစ္ေကာင္စီလက္ခ်က္ေၾကာင့္ ေဒသတိုင္းတြင္ စီးပြား ေရးထိခိုက္ၿပီး လူအမ်ား ဒုကၡေရာက္ေနခ်ိန္ လက္ဝတ္ရတနာမ်ားကို မဆင္ျမန္းလိုေတာ့ေၾကာင္း ေနာက္ထပ္ ၿမိဳင္ေဒသခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္ ။

စစ္အာ ဏာရွင္လက္ထက္တြင္ ေ႐ႊေငြစည္းစိမ္းမ်ားသာမက လူ႕အသက္သည္ပင္ အာမခံခ်က္မရွိသလို အာဏာ ရွင္စနစ္ ျပဳတ္မက်မခ်င္း လုံၿခဳံမႈမရွိနိုင္ေၾကာင္း မိဘအေမြ ေျခာင္းေသာင္းတန္ ေ႐ႊနားကပ္ခြၽတ္ေပးခဲ့သည့္ အသက္ ၂၁ ႏွစ္အ႐ြယ္ ထိုအမ်ိဳးသမီးက ဆိုသည္။

“ေ႐ႊနားကပ္၊ နားရန္းေတြ ဝတ္ဆင္ၿပီး ေနတာထက္စာလို႔ရွိရင္ ကြၽန္မတို႔ ရွိသမွ် အရာပစၥည္းေတြကို ေရာင္းခ်ၿပီးေတာ့ ဒီေတာ္လွန္ေရးႀကီးမွာ စစ္အာဏာရွင္ျပဳတ္က်ဖိဳ႕ ကြၽန္မတို႔ ဘာလုပ္နိုင္လဲဆိုတာ ရဲရဲဝံ့ဝံ့ေတြးရမယ္။

ရဲရဲဝံ့ဝံ့ေတြးၿပီးရင္ ရဲရဲဝံ့ဝံ့ဆုံးျဖတ္ဖို႔ လိုအပ္ပါတယ္” ဟု ၎က ဆိုသည္။လက္ဝတ္ရတနာကို “ရွိတန္ဆာ၊ မရွိဝမ္းစာ” အတြက္ ဝယ္ယူခဲ့ေသာ္လည္း အာဏာရွင္လက္ထက္တြင္ ေတာ္လွန္ေရးေအာင္ျမင္ရန္ အခရာက်သျဖင့္ ၁၀ ႏွစ္ၾကာ ပန္ဆင္ခဲ့သည့္ နားကပ္ကို ခြၽတ္ေပးခဲ့ေၾကာင္း အသက္ ၃၀ အ႐ြယ္ ၿမိဳင္ေဒသခံ မမို႔မို႔ကလည္း ေျပာသည္။

“စစ္သားက ကြၽန္မကို ေသနတ္နဲ႕ ပစ္သတ္မွာထက္စာရင္ ဒီေန႕ေရာဂါျဖစ္လို႔ ေသသြားလဲ ကိစၥမရွိဘူး။ ဘာမွမျဖစ္ဘူး။ ကြၽန္မတို႔က ကိုယ့္ရဲ႕က်န္မားေရး စီးပြားေရးေတြလည္း မေတြးေတာ့ဘူးေပါ့။

ဒါၿပီးရင္ ငါတို႔ေတြ ေအးေအးခ်မ္းခ်မ္းေနရမွာပဲဆိုတဲ့ စိတ္ဓာတ္နဲ႕ လႉလိုက္တာပါ” ဟု သူက ေျပာသည္။ေငြေၾကးအရ တန္ဖိုးမမ်ားေသာ္လည္း ေရွ႕တန္းမွ တိုက္ခိုက္ေနသည့္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား စိတ္ခြန္အားျဖစ္ေစနိုင္သည္ဟု မမို႔မို ယုံၾကည္သည္။

ယခုႏွစ္အတြင္း စစ္ေကာင္စီတပ္က သူေနထိုင္သည့္႐ြာကို ဝင္ေရာက္စီးနင္းကာ ေနအိမ္ ၇ လုံး မီးရွို႔ၿပီး ႐ြာသားႏွစ္ဦးကို သတ္ျဖတ္ခဲ့ေၾကာင္း၊ ယာခင္းထဲတြင္ ေရွာင္ပုန္းေနသည္ ႐ြာသားမ်ားကို ေသနတ္ျဖင့္ လိုက္ လံပစ္ခတ္ခဲ့ေၾကာင္း သူက ဆက္ေျပာသည္။”

ပစၥည္းေတြ၊ ေ႐ႊထည္ေတြယူၿပီး လူႏွစ္ေယာက္ အသတ္ခံရတယ္။ ဒါမ်ိဳးေတြကို မႀကဳံဖူးေတာ့ အေဝးႀကီးကို မေျပးဘူးေပါ့။ ႐ြာအေရွ႕ဘက္က ယာခင္းေတြထဲ ေျပးတာေပါ့။ အဲဒီအခ်ိန္မွာ သူတို႔ေတြက ယာခင္းေတြထဲအထိ လိုက္ပစ္တယ္။ ကြၽန္မတို႔ ၃ မိုင္ ၄ မိုင္ေလာက္အထိကို ေျခလ်င္ေျပးရပါတယ္” ဟု သူက ျပန္ေျပာျပသည္။

ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေက်း႐ြာအနီးတြင္ စစ္ေကာင္စီစစ္ေၾကာင္းကို ခုခံတိုက္ခိုက္ေသာ္လည္း လက္နက္အင္အားမမွ်၍ တပ္ဖြဲ႕ဝင္တစ္ခ်ိဳ႕ထိခိုက္ကာ ဆုတ္ခြာခဲ့ရသည္ဟု ဆိုသည္

။ျပည္သူလူထုေထာက္ပံ့သည့္ ရန္ပုံေငြကို အဓိကအားထားေနရသည့္ ေတာ္လွန္ ေရးတပ္ဖြဲ႕အေနျဖင့္ ေ႐ႊနားကပ္အလႉအတြက္ ခြန္အားရသလို အေဟာသိကံမျဖစ္ရန္ သတိထားသုံးစြဲရေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ေက်း႐ြာမ်ားေတာ္လွန္ေရးတပ္ဦးဥကၠ႒ ဦးေအာင္ေဇယ်က ေျပာသည္။

၎တို႔အဖြဲ႕အေနျဖင့္ လူထုေတြ႕ဆုံပြဲသုံးခုမွ ေ႐ႊနားကပ္ ၃၄ ရန္အထိ ရရွိထားၿပီး အသက္ ၂ ႏွစ္မွ ၇၅ ႏွစ္အ႐ြ ယ္ ဆင္းရဲႏြမ္းပါးသည့္ အမ်ိဳးသမီးမ်ားက ေထာက္ ပံ့ေပးအပ္ျခင္းျဖစ္သည္ဟု ဆိုသည္။

”ေငြမရွိလို႔ ရွိတာျဖဳတ္ၿပီး လႉဒါန္းတယ္ဆိုကတည္းက ကြၽန္ေတာ္တို႔ PDF ေတြအတြက္ အင္မတန္မွ ခြန္အားတစ္ရပ္ျဖစ္ေစတယ္။ ဒါ ကြၽန္ေတာ္တို႔အတြက္ ႐ုန္းကန္ရက်ိဳးနပ္တယ္” ဟု ၎က ဆိုသည္။

ၿမိဳင္ၿမိဳ႕နယ္ PD သည္လည္း ျပည္သူမ်ားလႉဒါန္းသည့္ ေ႐ႊနားကပ္ ၂၇ ရန္၊‌ ေ႐ႊဆြဲႀကိဳး ၉ ကုံး၊ လက္ေကာက္ ၃ ရန္၊ လက္စြပ္ ၂ ကြင္း လက္ခံရရွိထားၿပီး လက္နက္ခဲယမ္းဝယ္ယူရန္ႏွင့္ CDM ဝန္ထမ္းမ်ားေထာက္ပံ့ရန္ အဓိကသုံးစြဲမည္ဟု PDF တပ္ရင္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ဗိုလ္လက္ယာက ေျပာသည္။

စစ္ေကာင္စီကို ခံျပင္းစိတ္ျဖင့္ မီးရွို႔ခံရသည့္ျပည္သူမ်ားက ေထာက္ပံ့ေနေၾကာင္း၊ အေလ့အလြင့္မရွိေစရန္ စိစစ္သုံးစြဲေၾကာ င္း ေ႐ႊထည္မ်ားကို ပန္းထိမ္ပညာရွင္ႏွင့္ ညွိႏွိုင္းကာ ေ႐ြေခ်ာင္းမ်ားျပဳလုပ္ထားရေၾကာင္း ၿမိဳင္ PDF မွ တပ္ရင္း ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဗိုလ္လက္ယာက ေျပာသည္။

“ေငြအရင္းအႏွီးမရွိဘူး။ သူတို႔ နားကပ္ေတြဘာေတြ ခြၽတ္လႉတာေတြ ရွိတယ္။ ရပ္႐ြာေတြကို မီးရွို႔ခံရတဲ့အခ်ိန္မွာ သစ္တို႔ ဝါးတို႔ ေမ်ာတို႔ သြားပို႔ရတာရွိတယ္။ ပို႔တဲ့အခ်ိန္မွာ သူတို႔တက္နိုင္တဲ့ ပိုက္ဆံမရွိၾကေတာ့ ေ႐ႊထည္ပစၥည္းပဲ လႉၾကေတာ့တာ” ဟု ၎က ေျပာသည္

။ေဒသအသီးသီးတြင္ စစ္ေကာင္စီတပ္က ေန႕စဥ္ႏွင့္အမွ် ေက်း႐ြာမ်ားကို စီးနင္းမီးရွို႔မႈရွိသလို ၿမိဳင္ၿမိဳ႕နယ္ေျမာ က္ပိုင္းတြင္လည္း အင္အားအလုံးအရင္းျဖင့္ စစ္ ေၾကာင္းထိုးကာ မီးရွို႔ဖ်က္ဆီးျခင္းမ်ားရွိသည္။

အာဏာသိမ္းၿပီး တစ္ႏွစ္ေက်ာ္အတြင္း စစ္ေကာင္စီလက္ေအာက္ခံတပ္မ်ား၏ မီးရွို႔မႈေၾကာင့္ ျမန္မာနိုင္ငံတစ္ဝန္းတြင္ ေနအိမ္ ၁၈,၀၀၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့ရာ မေကြးတိုင္းမွာ ဒုတိယအမ်ားဆုံးျဖစ္ေၾကာင္း Data For Myanmar အဖြဲ႕၏ စာရင္းမ်ားတြင္ ေတြ႕ရသည္။

စစ္ကိုင္းတိုင္းတြင္ ေနအိမ္ေပါင္း ၁၃,၈၄၀ လုံးျဖင့္ အမ်ားဆုံးျဖစ္ၿပီး မေကြးတိုင္းတြင္ ၃,၀၀၀ ေက်ာ္ မီးေလာင္ပ်က္ဆီးခဲ့ေၾကာင္း အဆိုပါစာရင္းတြင္ ေဖာ္ျပထားသည္။

Crd

Leave a Reply

Your email address will not be published.