Unicode
ဆယ်တန်းအောင်ပြီးနောက် ဆက်လုပ်ရမယ့်အလုပ်တစ်ခုကို ပြောပြလိုက်တဲ့ လူရွှင်တော် တိုင်းကျော်
ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်နေကျဖြစ်တဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ သူတို့အဖွဲ့ကို တိုင်းကျော်၊တိုးကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော် တို့အဖွဲ့သားငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။




ပြက်လုံးတွေကို အကောင်းဆုံးနဲ့အတွဲညီဆုံး သရုပ်ဖော်နိုင်တဲ့ သူတို့အနုပညာညီအစ်ကိုငါးဦးဟာ အမှန်တရားအတွက်ဆိုရင်လည်း ရင်ဘတ်ချင်းညီသူတွေလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ လွတ်မြောက်နယ်မြေကို အတူတကွ အစောပိုင်းထဲက ရောက်ရှိနေတာလဲ ဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ CDM မလုပ်ထားတဲ့ ဆယ်တန်းကျောင်းသားတွေရဲ့ အောင်စာရင်းထွက်ပေါ်လာခဲ့ပါတယ်။ အောင်စာရင်းနဲ့ပတ်သက်ပြီး လူမှု့ကွန်ယက်ပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။




ဒါအပြင် CDM လုပ်ထားတဲ့ ကျောင်းသားကျောင်းသူတွေအတွက်လဲ ဂုဏ်ယူနေကြရတာပဲ ဖြစ်ပါတယ်။ ယခုတက္ကသိုလ်ဝင်တန်းပညာသင်နှစ်ကမှာ ဆေးတက္ကသိုလ်ကို ကျောင်းသားတိုင်း ဝင်ခွင့်ရမှာလို့လဲ သတင်းတွေအရသိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တိုင်းကျော်က ဆယ်တန်းအောင်ပြီးရင် ဆက်လုပ်ရမယ့်အလုပ်တစ်ခုကို ပြောပြလိုက်ပါတယ်။ ဒါကတော့ ” အောင် ပြီး ရင် ဟောင်ကျနော်”ဆိုပြီး အရွှန်းဖောက်ပြီး ရေးသားထားတာကို တွေ့ရပါတယ်။
Zawgyi
ဆယ်တန်းအောင်ပြီးနောက် ဆက်လုပ်ရမယ့်အလုပ်တစ်ခုကို ပြောပြလိုက်တဲ့ လူရွှင်တော် တိုင်းကျော်








Crd