သမီးချောလေးအတွက် သမက်ရွေးပွဲလုပ်ပေးရင်းကြည့်ကောင်းတဲ့အမျိုးသားတစ်ဦးကြောင့်
ပွဲကိုဖျက်သိမ်းပစ်လိုက်တဲ့ ဖခင်
ထိုင်းနိုင်ငံရှိ ဒူရင်းသီးစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Arnon Rodthong ဆိုသူဟာ သမီးဖြစ်သူရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့

ဘယ်အမျိုးသားမဆိုကို ကား ၁၀စီး ၊ အိမ်တစ်လုံးနဲ့ ဘတ် ၁၀သန်းတို့ကို လက်ဆောင်အဖြစ် ဆုချမဲ့ပြိုင်ပွဲတစ်ခုကို တရားဝင် ကျင်းပခဲ့ပါတယ်။
ထို့နောက် ထိုင်းနိုင်ငံမှာ ဒူရင်းသီးသူဌေးကြီးတစ်ဦးက အသက် ၂၆နှစ်အရွယ် သမီးဖြစ်သူ Kansita အတွက်
ခင်ပွန်းတစ်ဦးရှာပေးဖို့ လူသိထင်ရှားကမ်းလှမ်းမှုတစ်ခုလုပ်နေကြောင်းကို လူပြောများသွားခဲ့ပါတယ်။
Arnon က သူ့ရဲ့ပြိုင်ပွဲမှာ အမျိုးသားပေါင်း အယောက် ၁၀,၀၀၀ ဆီကနေ တုံ့ပြန်မှုတွေရခဲ့ပြီး

၎င်းတို့အားလုံးကို တစ်ယောက်ချင်းစီ ယောက်တိုင်းစေ့ အကဲမခတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Kansitaကလည်း ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို အစပိုင်းမှာ အံ့အားသင့်နေခဲ့ရပြီး
နောက်တော့ အဲ့ဒီအရာက သူမကောင်းဖို့အတွက် ဖြစ်တာကို သိခဲ့ရကာ ဘယ်တစ်ယောက်ကို ရွေးမှာကိုတော့ သူမအပေါ်မှာသာမူတည်ကြောင်း ဆိုခဲ့ပါတယ်။
သူဌေးကြီးက သမီးဖြစ်သူအတွက် ခင်ပွန်းကို တပူတပြင်းလိုက်ရှာနေရခြင်းကြောင့် Kansita က ဆွဲဆောင်မှုမရှိလို့

အခုလိုလုပ်တာလားလို့ ထင်မိသွားစေပေမဲ့ တစ်ကယ်တမ်း Kansitaက အရမ်းကို လှပတဲ့အမျိုးသမီးတစ်ယောက်ပါ။
ထို့ကြောင့်နဲ့ဘဲ အမျိုးသားအများစုက ကား၊ အိမ်လည်းရ မိန်းမချောချောလည်းရမှာမို့ အဆိုပါပြိုင်ပွဲကို စိတ်အားထက်သန်စွာနဲ့ ဝင်ပြိင်ခဲ့ကြပါတယ်။
သူတို့အားလုံးတွေထဲမှ အသက် ၂၈ နှစ်အရွယ် Premyosapon Khongsai အမည်ရှိအမျိုးသားက Arnon ရဲ့တရားဝင် Facebook post မှာ “
ကျွန်တော် စိတ်ဝင်စားတယ် ၊ ကျွန်တော်က အသက် ၂၈နှစ်ပါ ၊မိဘတွေက Trat ပြည်နယ်မှာ ဒူရင်းသီး အပင် ၃၀၀ ကျော်လောက်စိုက်ထားပါတယ် ၊
ကျွန်တော်က စက်တွေလည်းမောင်းတတ်ပါတယ် ၊ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်သွယ်ပေးပါ အဖေ Arnon ” လို့ မှတ်ချက်ဝင်ပေးခဲ့ပြီးနောက်

၎င်းက Like ၁၄,၀၀၀ ကျော်နဲ့ လူကြိုက်များသွားခဲ့ပါတယ်။
သူ့ကို လူအများက သဘောကျပြီး သမီးဖြစ်သူနဲ့လည်း လက်ထပ်စေချင်ခဲ့ကြပေမဲ့ Arnon ဟာ ချက်ချင်းငြင်းပယ်ခဲ့သလို အဆိုပါပြိုင်ပွဲကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။
အကြောင်းက Arnon ဟာ Khongsai ရဲ့ချောမောကြည့်ကောင်းတဲ့ရုပ်ရည်က သမီးဖြစ်သူရဲ့နှလုံးသားကို ဖမ်းစားသွားနိုင်မှာကို စိုးရိမ်သွားခဲ့လို့ပါဘဲ။
ဒီလိုနဲ့ဘဲ ၎င်းပြိုင်ပွဲကြီးက မရှိခဲ့သလို ဖြစ်သွားခဲ့ရပါတော့တယ်။သူဌေးကြီးကတော့ ထိုင်းက အမျိုးသားထုကြီးကို ဂျင်းထည့်လိုက်တာပေါ့ဗျာ။
လေးစားလျှက် crd
unicode