ကျောင်းသားတွေကို စာမေးပြီးရင်းကနေ စာသင်ခန်းထဲကနေ ထွက်ပြေးရတဲ့ ဆရာမရဲ့ အဖြစ်…
ကျောင်းသားတွေကို စာမေးပြီးတဲ့နောက် စာသင်ခန်းထဲကနေ ထွက်ပြေးရတဲ့ ဆရာမရဲ့ အဖြစ်…
ဆရာမ။ ။ ဆရာမက စကားတစ်လုံး ဒါမှမဟုတ် ဝါကျတစ်ကြောင်း ရွတ်ပြမယ်…

မင်းတို့က ဆန့်ကျင်ဘက် ပြန်ပြောရမယ်နော်
တပည့်များ။ ။ ဟုတ်ကဲ့ပါ ဆရာမ
ဆရာမ။ ။ မြင့်သော – တပည့်များ။ ။ နိမ့်သော
ဆရာမ။ ။ ဖြူသော – တပည့်များ။ ။ မဲသော
ဆရာမ။ ။ ကျဉ်းသော – တပည့်များ။ ။ ကျယ်သော
ဆရာမ။ ။ ဝသော – တပည့်များ။ ။ ပိန်သော
ဆရာမ။ ။ လိမ်မာသော – တပည့်များ။ ။ လိမ်ပျော့သော
ဆရာမ။ ။ မဟုတ်ဘူး၊ မှားတယ် – တပည့်များ။ ။ ဟုတ်တယ်၊ မှန်တယ်

ဆရာမ။ ။ ဟာ… မဟုတ်သေးဘူး – တပည့်များ။ ။ မဟာ… ဟုတ်နေပြီ
ဆရာမ။ ။ အွန်… ဘုရားရေ – တပည့်များ။ ။ အင်… မာရ်နတ်ရေ
ဆရာမ။ ။ ဟဲ့… ငါ မေးနေတာမဟုတ်ဘူး – တပည့်များ။ ။ ဟိတ်… သူ ဖြေနေတာဟုတ်တယ်
ဆရာမ။ ။ အမလေး သေတော့မှာပဲ – တပည့်များ။ ။ အကိုကြီး ရှင်တော့မှာပဲ
ဆရာမ။ ။ ဟိုး… ရပ်တော့ – တပည့်များ။ ။ ဂိုး… သွားတော့

ဆရာမ။ ။ တော်ပြီ၊ သင်တန်းပြီးပြီ – တပည့်များ။ ။ တော်သေးဘူး၊ သင်တန်းစပြီ
ဆရာမ။ ။ နင်တို့ဟာနင်တို့ စစ မစစ ငါသွားပြီဟေ့… တကတည်းမှ
ဆရာမ ခမျာ တပည့်များ၏ ဆန့်ကျင်ဘက်ဝါကျ ပေါ်ထွက်မလာခင် အခန်းအပြင်သို့ အမြန်ပြေးထွက်သွားရှာလေတော့သတည်း။
Credit to orginal
unicode

Credit