အဘွားအိုရဲ့ကားနောက်ကို ပျားအကောင် အုပ်စုလိုက် ၂ရက်အကြာ တကောက်ကောက်လိုက်နေလို့ စစ်ဆေးကြည့်လိုက်သောအခါ…

Uncategorized

၆၈ နှစ်အရွယ် Carol Howarth လို့ခေါ်တဲ့ အဖွားဟာ သူမရဲ့ကားကို Wales နိုင်ငံက Haverfordwest မြို့လယ်မှာ ကားခနရပ်ထားပြီး

အနီးအနားက Supermarket မှာ ဈေးဝယ်ထွက်ခဲ့ပါတယ် ။ ဒါပေမဲ့ သူမ ရပ်ထားတဲ့ကားဆီပြန်လာတဲ့အခါမှာ ကားရဲ့အနောက်ဘက်က

ထောင်ပေါင်းများစွာသောပျားတွေဖုံးလွှမ်းနေတာကို တွေ့မြင်ခဲ့ပြီး ထိတ်လန့်သွားခဲ့ပါတယ် ။ ကျေးဇူးတင်စရာမှာ ပျားမွေးမြူသူသုံးဦး၊

အမျိုးသားဥယျာဉ်မှူးတစ်ဦး နဲ့ ပြည်သူများအပါဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ပျားတွေကို ဖမ်းဆီးပြီး အထူးပျားမွေးမြူသူတွေက သေတ္တာထဲမှာ ချုပ်ထားခဲ့လိုက်ပါတယ် ။

သူမအိမ်ပြန်ပြီး နောက်တစ်နေ့မှာ သူမရဲ့ကားကို ပျားအကောင် ၂၀၀၀၀ လောက် ထပ်မံဖုံးထားခဲ့တာကြောင့် Mrs Howarth က ပျားမွေးမြူသူတွေကို

ထပ်မံပြီး ခေါင်ဆောင်ကာ ဖမ်းဆီးစေခဲ့ပါတယ် ။ ဒုတိယအဖြစ်အပျက်ပြီးနောက် ပျားမွေးမြူသူတစ်ဦးက “ပျားမိဖုရားက Mrs Howarth ရဲ့

ကားထဲမှာ ပိတ်မိနေတာဖြစ်နိုင်တယ်” လို့ သံသယဖြစ်မိခဲ့ပါတယ် ။ “ပျားတွေက သူတို့ရဲ့မိဖုရားကို ဘယ်နေရာမှာမဆို ရှာဖွေနိုင်ဒါကြောင့်

၎င်းဟာအမှန်လို့ ကျွန်မထင်တယ် ” ဆိုပြီး အဖွားက ပြောကြားခဲ့ပါတယ် ။ ဖြစ်ကောင်းဖြစ်နိုင်မဲ့အဖြေကရှိနေသော်လည်း Mrs Howarth က

အများကြီးတွေးမနေတော့ဘဲ ” သူတို့ရဲ့ မိဖုရားကို ဘာလို့မရှာတွေ့နိုင်တာလည်းဆိုတာကို ငါနားမလည်တော့ဘူး ။

သူတို့က ငါ့ကားရဲ့ အပူကို ကြိုက်နှစ်သက်ပုံရတယ် ” လို့ အင်တာဗျူးမှာ နောက်ဆုံး ပြောကြားခဲ့ပါတယ် ။

မျှော်လင့်ချက်များအရ ပျားတွေက သူတို့ရဲ့ပျောက်ဆုံးနေတဲ့ မိဖုရားကို အမြန်ဆုံးရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

တကယ်အံ့သြစရာပါပဲ…။

Credit

Leave a Reply

Your email address will not be published.