ေမးခြန္းလြယ္ကူတယ္လို႔ သတင္းထြက္ေပၚခဲ့တဲ့ စကစ လက္ထက္ တကၠသိုလ္ဝင္တန္းေအာင္စာရင္း သမိုင္းတေလ်ာက္ ေအာင္ခ်က္စံခ်ိန္တင္…..

News

ေမးခြန္းလြယ္ကူတယ္လို႔ သတင္းထြက္ေပၚခဲ့တဲ့ တကၠသိုလ္ဝင္တန္းေအာင္စာရင္း ေအာင္ခ်က္ရာခိုင္ႏႈန္း ၄၆.၈၈ ရာခိုင္ႏႈန္းရွိဟုဆို

ဇြန္လ ၁၇ ယေန႔နံနက္ပိုင္းမွာ ထုတ္ျပန္လိုက္တဲ့တကၠသိုလ္ဝင္တန္းစာေမးပြဲရဲ႕ ေအာင္စာရင္းမွာေတာ့ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္‌ေအာင္ခ်က္ ၄၆ ရာခိုင္ႏႈန္းေက်ာ္ၿပီး မြန္ျပည္နယ္ကေအာင္ခ်က္အမ်ားဆုံးျဖစ္တယ္လို႔ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္အရ ဧရာဝတီတိုင္းကေတာ့ ဒုတိယေအာင္ခ်က္အမ်ားဆုံး ျဖစ္ကာ မႏၲေလးတိုင္းကေတာ့ တတိယ ေအာင္ခ်က္အမ်ားဆုံးျဖစ္တယ္လို႔ေဖာ္ျပထားပါတယ္။

မြန္ ျပည္နယ္က ၁ေသာင္း ၁ေထာင္ ေက်ာ္ေျဖဆိုၿပီး ၆ ေထာင္ေက်ာ္ေအာင္ျမင္ခဲ့လို႔ ၅၇ ရာခိုင္ႏႈန္းနဲ႔အမ်ားဆုံးျဖစ္ၿပီး၊ ဧရာဝတီတိုင္းကေတာ့ ၃ ေသာင္း ၇ ေထာင္ေက်ာ္ေျဖဆိုၿပီး ၁ ေသာင္း ၉ေထာင္ေက်ာ္ ေအာင္ျမင္ခဲ့လို႔ ေအာင္ျမင္မႈရာခိုင္ႏႈန္း ၅၂.၁၆ ရာခိုင္ႏႈန္းနဲ႔ ဒုတိယအမ်ားဆုံးလို႔ ဆိုပါတယ္။

ေျဖဆိုသူ ၂ သိန္း ၈ ေသာင္းေက်ာ္မွာ ေအာင္ျမင္သူ ၁ သိန္း ၃ ေသာင္းေက်ာ္ရွိၿပီး ၄၆.၈၈ ရာခိုင္ႏႈန္းရွိတယ္လို႔ဆိုပါတယ္။
crd

Unicode

မေးခွန်းလွယ်ကူတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက်ရာခိုင်နှုန်း ၄၆.၈၈ ရာခိုင်နှုန်းရှိဟုဆို

ဇွန်လ ၁၇ ယနေ့နံနက်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အောင်စာရင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်‌အောင်ချက် ၄၆ ရာခိုင်နှုန်းကျော်ပြီး မွန်ပြည်နယ်ကအောင်ချက်အများဆုံးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းကတော့ ဒုတိယအောင်ချက်အများဆုံး ဖြစ်ကာ မန္တလေးတိုင်းကတော့ တတိယ အောင်ချက်အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။

မွန် ပြည်နယ်က ၁သောင်း ၁ထောင် ကျော်ဖြေဆိုပြီး ၆ ထောင်ကျော်အောင်မြင်ခဲ့လို့ ၅၇ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီး၊ ဧရာဝတီတိုင်းကတော့ ၃ သောင်း ၇ ထောင်ကျော်ဖြေဆိုပြီး ၁ သောင်း ၉ထောင်ကျော် အောင်မြင်ခဲ့လို့ အောင်မြင်မှုရာခိုင်နှုန်း ၅၂.၁၆ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးလို့ ဆိုပါတယ်။

ဖြေဆိုသူ ၂ သိန်း ၈ သောင်းကျော်မှာ အောင်မြင်သူ ၁ သိန်း ၃ သောင်းကျော်ရှိပြီး ၄၆.၈၈ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
crd

Leave a Reply

Your email address will not be published.