ဆယ်တန်းအောင်စာရင်းကို စက်ဘီးနဲ့ လည်ရောင်းပြီး တစောင် ၅ ကျပ်နဲ့ ဝယ်ခဲ့ရတဲ့ခေတ် (တရပ်ကွက်လုံးမှာ နှစ်ယောက် သုံးယောက်လောက်ပဲ ဆယ်တန်းအောင်ခဲ့တဲ့ခေတ်….)

News

ဆယ္တန္းေအာင္စာရင္းကို စက္ဘီးနဲ႔ လည္ေရာင္းၿပီး တေစာင္ ၅ က်ပ္နဲ႔ ဝယ္ခဲ့ရတဲ့ေခတ္ (တရပ္ကြက္လုံးမွာ ႏွစ္ေယာက္ သုံးေယာက္ေလာက္ပဲ ဆယ္တန္းေအာင္ခဲ့တဲ့ေခတ္….)

လြန္ခဲ့တဲ့ ၄၁ ႏွစ္က ဆယ္တန္း ေအာင္ခဲ့တာလို႔ ေရးရတာ ေတာ္ေတာ္အူေၾကာင္ေၾကာင္ႏိုင္တယ္။ အဲ့တုံးကဆယ္တန္းေအာင္စာရင္းကို သတင္းစာပို႔သမားက စက္ဘီးနဲ႔လိုက္ေရာင္းၾကတယ္။

ေ႐ႊဂုံတိုင္ျမန္မာ့အလင္းသတင္းစာတိုက္ကရလာတဲ့ ေအာင္စာရင္းကို မနက္ငါးနာရီေလာက္ “ေအာင္စာရင္းေတြ” “ေအာင္စာရင္းေတြရၿပီ” ေအာ္ၿပီး သတင္းစာပို႔သမားက လွည့္ေရာင္းတာပါ။ ေအာင္စာရင္းေရာင္းၿပီးရင္ သူတို႔အလုပ္ သတင္းစာပို႔တာ ဆက္လုပ္တယ္။

အဲ့တုံးက လူငယ္ေတြ တစ္ညလုံးမအိပ္ပဲ ေအာင္စာရင္းကို ေစာင့္ဝယ္ၾကတယ္။ ၁၉၈၁ ဇူလိုင္တတိယပတ္ မနက္ခင္း မိုးတစြတ္စြတ္႐ြာေနတယ္။ ရန္ကင္းစာတိုက္(ေဟာင္း) ေရွ႕သြပ္မိုးအဖီေအာက္မွာ မနက္မိုးလင္းခါနီးေတာ့ က်ေနာ္နဲ႔ သူငယ္ခ်င္းတစ္ေယာက္ပဲ က်န္ေတာ့တယ္။

ငါးနာရီေလာက္မွာ “ေအာင္စာရင္း” ေအာ္ၿပီး သတင္းစာပို႔စက္ဘီး ေရာက္လာတယ္။ က်ေနာ္သူငယ္ခ်င္းေျပးဝယ္တယ္။ ၅ က်ပ္ထင္တယ္။ သူရယ္ က်ေနာ္ရယ္ ႏွစ္ေယာက္စာ တိုက္အဖီေရွ႕အလင္းေရာင္မႈန္မႈန္ထဲမွာ ခုံနံပတ္ရွာၾကပါတယ္။ သူေရာက်ေနာ္ေရာ ႏွစ္ေယာက္လုံး ေအာင္ၾကတယ္။

က်ေနာ္တို႔ေခတ္က ရန္ကုန္မွာ ထင္ရွားတဲ့ ၉၊၁၀ တန္းက်ဳရွင္ဆရာႀကီးေတြကို က်ေန ာ္မွတ္မိသေလာက္ေရးၾကည့္ပါမယ္။ ဒါေပမယ့္ တေယာက္မွမတက္ဖူးပါ။ ဓါတု (ဦးျမတ္ထိန္လင္း)၊ ႐ူပ (ဦးေအာင္ေဖၫြန္႔)၊ သခ်ၤာ (ဦးသာ၊သခ်ၤာသန္းႏိုင္)၊ ျမန္မာစာ (ဆရာဒိုး၊မန္းတကၠသိုလ္)၊ ေဘာဂ (ေဘာဂဂုဏ္တစ္သုံးလုံးသက္ဝင္း)၊ အဂၤလိပ္စာ (ေနအုပ္စိန္ေပါ)၊ သမိုင္း (သမိုင္းတံခြန္ဦးထြန္းႏြယ္)

ရန္ကင္းက ထင္ရွားတဲ့ က်ဳရွင္ဆရာႀကီးေတြ က်ေနာ္မွတ္မိသေလာက္။ သခ်ၤာ( ဦးဝင္းေမာင္၊ ဦးေအးသြင္)ဓါတု၊႐ူပ (ဦးခင္ေမာင္ၫြန္႔ ) ဦးရဲေခါင္(ဘာသင္လဲေမ့ေနၿပီ )၊ က်ေနာ္တို႔ ေခတ္ဆယ္တန္းမွာ ၆ ဘာသာရွိတာ အိမ္ကက်ဳရွင္ ၂ ဘာသာေပးယူတယ္။ တစ္ဘာသာ ၁၅ က်ပ္နဲ႔တစ္လ ၃၀ အိမ္ကေပးခဲ့တယ္။

ဒါေပမယ့္ က်ေနာ္က်ဳရွင္ မတက္ခဲ့ဘူး။ က်ဳရွင္ဖိုးအိမ္က ေပးတဲ့ ပိုက္ဆံ ၃၀ ကို သုံးပစ္ မူးပစ္႐ူးပစ္ခဲ့တယ္။ က်ေနာ္တို႔ေခတ္က ဆယ္တန္းေအာင္ၾကတဲ့သူေတြျခင္း “က်ဴရွင္မယူခဲ့ဖူး ” ဆိုတဲ့ ဂုဏ္ပုဒ္တစ္ခု ပိုင္ခဲ့ဖူးတယ္။

က်ေနာ္ဆယ္တန္းေရာက္ေတာ့ အသက္ ၁၉ ႏွစ္ ရွိၿပီ။ အလယ္တန္းမွာ တဖုံးဖုံးက်ခဲ့ၿပီး ကိုးတန္းဆယ္တန္းကိုတစ္ႏွစ္ထဲေအာင္ခဲ့သူဆိုၿပီး မိဘေဆြမ်ိဳးၾကား နာမည္ႀကီးခဲ့ဖူးတယ္။

မဆလေခတ္လယ္ပိုင္း ဆယ္တန္းစာေမးပြဲက တကယ္ဆို ဘဝအတြက္ အေျဖမရွိတဲ့ ပေဟ႒ိတစ္ကြက္ကို တာဝန္တစ္ခုအရ မျဖစ္မေနဆက္လိုက္ရသလိုပါပဲ။ လြန္ခဲ့တဲ့ ၄၁ ႏွစ္ဆိုတာ မေန႔တေန႔ကအတိုင္းပဲ။ လြင္ဦး(ရန္ကင္း)
crd

Unicode

ဆယ်တန်းအောင်စာရင်းကို စက်ဘီးနဲ့ လည်ရောင်းပြီး တစောင် ၅ ကျပ်နဲ့ ဝယ်ခဲ့ရတဲ့ခေတ် (တရပ်ကွက်လုံးမှာ နှစ်ယောက် သုံးယောက်လောက်ပဲ ဆယ်တန်းအောင်ခဲ့တဲ့ခေတ်….)

လွန်ခဲ့တဲ့ ၄၁ နှစ်က ဆယ်တန်း အောင်ခဲ့တာလို့ ရေးရတာ တော်တော်အူကြောင်ကြောင်နိုင်တယ်။ အဲ့တုံးကဆယ်တန်းအောင်စာရင်းကို သတင်းစာပို့သမားက စက်ဘီးနဲ့လိုက်ရောင်းကြတယ်။

ရွှေဂုံတိုင်မြန်မာ့အလင်းသတင်းစာတိုက်ကရလာတဲ့ အောင်စာရင်းကို မနက်ငါးနာရီလောက် “အောင်စာရင်းတွေ” “အောင်စာရင်းတွေရပြီ” အော်ပြီး သတင်းစာပို့သမားက လှည့်ရောင်းတာပါ။ အောင်စာရင်းရောင်းပြီးရင် သူတို့အလုပ် သတင်းစာပို့တာ ဆက်လုပ်တယ်။

အဲ့တုံးက လူငယ်တွေ တစ်ညလုံးမအိပ်ပဲ အောင်စာရင်းကို စောင့်ဝယ်ကြတယ်။ ၁၉၈၁ ဇူလိုင်တတိယပတ် မနက်ခင်း မိုးတစွတ်စွတ်ရွာနေတယ်။ ရန်ကင်းစာတိုက်(ဟောင်း) ရှေ့သွပ်မိုးအဖီအောက်မှာ မနက်မိုးလင်းခါနီးတော့ ကျနော်နဲ့ သူငယ်ချင်းတစ်ယောက်ပဲ ကျန်တော့တယ်။

ငါးနာရီလောက်မှာ “အောင်စာရင်း” အော်ပြီး သတင်းစာပို့စက်ဘီး ရောက်လာတယ်။ ကျနော်သူငယ်ချင်းပြေးဝယ်တယ်။ ၅ ကျပ်ထင်တယ်။ သူရယ် ကျနော်ရယ် နှစ်ယောက်စာ တိုက်အဖီရှေ့အလင်းရောင်မှုန်မှုန်ထဲမှာ ခုံနံပတ်ရှာကြပါတယ်။ သူရောကျနော်ရော နှစ်ယောက်လုံး အောင်ကြတယ်။

ကျနော်တို့ခေတ်က ရန်ကုန်မှာ ထင်ရှားတဲ့ ၉၊၁၀ တန်းကျုရှင်ဆရာကြီးတွေကို ကျနေ ာ်မှတ်မိသလောက်ရေးကြည့်ပါမယ်။ ဒါပေမယ့် တယောက်မှမတက်ဖူးပါ။ ဓါတု (ဦးမြတ်ထိန်လင်း)၊ ရူပ (ဦးအောင်ဖေညွန့်)၊ သင်္ချာ (ဦးသာ၊သင်္ချာသန်းနိုင်)၊ မြန်မာစာ (ဆရာဒိုး၊မန်းတက္ကသိုလ်)၊ ဘောဂ (ဘောဂဂုဏ်တစ်သုံးလုံးသက်ဝင်း)၊ အင်္ဂလိပ်စာ (နေအုပ်စိန်ပေါ)၊ သမိုင်း (သမိုင်းတံခွန်ဦးထွန်းနွယ်)

ရန်ကင်းက ထင်ရှားတဲ့ ကျုရှင်ဆရာကြီးတွေ ကျနော်မှတ်မိသလောက်။ သင်္ချာ( ဦးဝင်းမောင်၊ ဦးအေးသွင်)ဓါတု၊ရူပ (ဦးခင်မောင်ညွန့် ) ဦးရဲခေါင်(ဘာသင်လဲမေ့နေပြီ )၊ ကျနော်တို့ ခေတ်ဆယ်တန်းမှာ ၆ ဘာသာရှိတာ အိမ်ကကျုရှင် ၂ ဘာသာပေးယူတယ်။ တစ်ဘာသာ ၁၅ ကျပ်နဲ့တစ်လ ၃၀ အိမ်ကပေးခဲ့တယ်။

ဒါပေမယ့် ကျနော်ကျုရှင် မတက်ခဲ့ဘူး။ ကျုရှင်ဖိုးအိမ်က ပေးတဲ့ ပိုက်ဆံ ၃၀ ကို သုံးပစ် မူးပစ်ရူးပစ်ခဲ့တယ်။ ကျနော်တို့ခေတ်က ဆယ်တန်းအောင်ကြတဲ့သူတွေခြင်း “ကျူရှင်မယူခဲ့ဖူး ” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု ပိုင်ခဲ့ဖူးတယ်။

ကျနော်ဆယ်တန်းရောက်တော့ အသက် ၁၉ နှစ် ရှိပြီ။ အလယ်တန်းမှာ တဖုံးဖုံးကျခဲ့ပြီး ကိုးတန်းဆယ်တန်းကိုတစ်နှစ်ထဲအောင်ခဲ့သူဆိုပြီး မိဘဆွေမျိုးကြား နာမည်ကြီးခဲ့ဖူးတယ်။

မဆလခေတ်လယ်ပိုင်း ဆယ်တန်းစာမေးပွဲက တကယ်ဆို ဘဝအတွက် အဖြေမရှိတဲ့ ပဟေဋ္ဌိတစ်ကွက်ကို တာဝန်တစ်ခုအရ မဖြစ်မနေဆက်လိုက်ရသလိုပါပဲ။ လွန်ခဲ့တဲ့ ၄၁ နှစ်ဆိုတာ မနေ့တနေ့ကအတိုင်းပဲ။ လွင်ဦး(ရန်ကင်း)
crd

Leave a Reply

Your email address will not be published.