စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသားတွေအတွက် ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်

News

စစ္ကြၽန္ပညာေရးကို ဆန႔္က်င္ေတာ္လွန္ေနၾကတဲ့ CDM ေက်ာင္းသားေတြအတြက္ ပညာေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္

ဇြန္ ၁၇ ၊ ၂၀၂၂

CDM ေက်ာင္းသား/ေက်ာင္းသူေတြကို ျပည္သူ႔အစိုးရ၊ ျပည္သူေတြ နဲ႔ လက္တြဲညီညီေဆာ င္႐ြက္ၿပီး ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္သစ္ထူေထာင္ေရးမွာ ပါဝင္ေပးဖို႔အတြက္အမ်ိဳးသား ညီၫြတ္ေရးအစိုးရ၊ ပညာေရးဝန္ႀကီးဌာနက ဒီေန႔ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္

ထုတ္ျပန္ခ်က္ထဲမွာ ျပည္သူ႔ပညာေရးယႏၲရား ပိုမိုခိုင္မာအားေကာင္းလာေစေရးအတြက္ ျပည္သူ႔အစိုးရနဲ႔ ျပည္သူ လက္ တြဲညီညီ ေဆာင္႐ြက္မႈနဲ႔ စစ္အာဏာရွင္ေတာ္လွန္ေရးအနာဂတ္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္သစ္ ထူေထာင္ေရးမွာ ဆက္လက္ပါဝင္ေပးၾကဖို႔အတြက္ တိုက္တြန္းပန္ၾကားအပ္ပါတယ္ဆိုၿပီး ေဖာ္ျပထားတာပါ

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ တရားမဝင္စစ္အာဏာရွင္က ပညာေရးကို အသုံးခ်ၿပီး အတန္းတင္ေပးတာသင္ယူၿပီးေျမာက္တဲ့လက္မွတ္မ်ားထုတ္ေပးတာ၊ တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္တဲ့ ထုတ္ျပန္ေၾကညာတာ စတဲ့စစ္အာဏာရွင္စနစ္ လည္ပတ္ေအာင္ လုပ္ေဆာင္မႈေတြအားလုံးက တရားဝင္မႈမရွိဘူးဆိုတဲ့အေၾကာင္း အႀကိမ္ ႀကိမ္အခါခါ ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္

ဒါ့အျပင္ ဖက္ဒရယ္ဒီမိုကေရစီပညာေရးစနစ္မွာ ျပည္သူကိုကိုယ္စားျပဳတဲ့ အဖြဲ႕အစည္းေတြျဖစ္တဲ့ ျပည္နယ္/ဖက္ဒရယ္ ယူနစ္ကိုယ္စားျပဳနဲ႔ လူမ်ိဳး/ေဒသအေျချပဳ အဖြဲ႕အစည္းေတြေကာင္စီေတြရဲ႕ ပညာေရးအဖြဲ႕အစည္းေတြ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တကၠသိုလ္ေကာင္စီေတြရဲ႕ အ သိအမွတ္ျပဳမႈကသာ တရားဝင္အသိအမွတ္ျပဳမႈ ျဖစ္တယ္ဆိုၿပီး ထ ပ္ေလာင္းအသိေပးထားပါတယ္

စစ္အာဏာရွင္က က်င္းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ဝင္ေရာက္ေျဖဆိုျခင္းမျပဳဘဲ ျပည္သူနဲ႔တသားတည္း ရပ္တည္ကာ အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈ ျပဳလုပ္ၿပီး

ဆန႔္က်င္ေတာ္လွန္ေနၾကတဲ့ CDM ေက်ာင္းသား၊ ေက်ာင္းသူေတြအားလုံးကို အေလး အျမတ္ ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါတယ္ဆိုၿပီး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္

Crd- PVTV

Unicode

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသားတွေအတွက် ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်

ဇွန် ၁၇ ၊ ၂၀၂၂

CDM ကျောင်းသား/ကျောင်းသူတွေကို ပြည်သူ့အစိုးရ၊ ပြည်သူတွေ နဲ့ လက်တွဲညီညီဆော င်ရွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေးမှာ ပါဝင်ပေးဖို့အတွက်အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်

ထုတ်ပြန်ချက်ထဲမှာ ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရနဲ့ ပြည်သူ လက် တွဲညီညီ ဆောင်ရွက်မှုနဲ့ စစ်အာဏာရှင်တော်လှန်ရေးအနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးမှာ ဆက်လက်ပါဝင်ပေးကြဖို့အတွက် တိုက်တွန်းပန်ကြားအပ်ပါတယ်ဆိုပြီး ဖော်ပြထားတာပါ

ပညာရေးဝန်ကြီးဌာနအနေနဲ့ တရားမဝင်စစ်အာဏာရှင်က ပညာရေးကို အသုံးချပြီး အတန်းတင်ပေးတာသင်ယူပြီးမြောက်တဲ့လက်မှတ်များထုတ်ပေးတာ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ ထုတ်ပြန်ကြေညာတာ စတဲ့စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုတွေအားလုံးက တရားဝင်မှုမရှိဘူးဆိုတဲ့အကြောင်း အကြိမ် ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ ပြည်သူကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်နယ်/ဖက်ဒရယ် ယူနစ်ကိုယ်စားပြုနဲ့ လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းတွေကောင်စီတွေရဲ့ ပညာရေးအဖွဲ့အစည်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီတွေရဲ့ အ သိအမှတ်ပြုမှုကသာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်တယ်ဆိုပြီး ထ ပ်လောင်းအသိပေးထားပါတယ်

စစ်အာဏာရှင်က ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနဲ့တသားတည်း ရပ်တည်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး

ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်

Crd- PVTV

Leave a Reply

Your email address will not be published.