တကၠသိုလ္ဝင္တန္း တစ္ႏိုင္ငံလုံး ပထမကို မႏၲေလးက ရရွိၿပီး ဒုတိယနဲ႔ တတိယကို ရန္ကုန္ကရရွိ
ဒီေန႔ထုတ္ျပန္ခဲ့တဲ့ တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္စာရင္းမွာ ျမန္မာတစ္ႏိုင္ငံလုံး ပထမကို မႏၲေလးတိုင္းက ရသြားခဲ့ၿပီးေတာ့ ရန္ကုန္တိုင္းကေတာ့ ဒုတိယနဲ႔ တတိယ အမွတ္အမ်ားအဆုံး ရရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။




၂၀၂၂ တကၠသိုလ္ဝင္တန္းမွာ ျမန္မာတစ္ႏိုင္ငံလုံး ပထမကို မႏၲေလးၿမိဳ႕ အထက (၁၆) မွ ဘာသာစုံဂုဏ္ထူးရွင္ မအိမ့္မႉးခင္က စုစုေပါင္းရမွတ္ (၅၅၈) မွတ္နဲ႔ ရရွိသြားတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ တစ္ႏိုင္ငံလုံး ဒုတိယဆုကိုေတာ့ ရန္ကုန္တိုင္း အထက (ေလ့က်င့္ေရး) ကမာ႐ြတ္ ေက်ာင္းက ေမာင္ဘုန္းျမတ္သူက ရမွတ္ (၅၅၆) မွတ္နဲ႔ ရရွိသြားတာျဖစ္တယ္လို႔ သိရပါတယ္။




တတိယဆုကိုလည္း ရန္ကုန္တိုင္းကပဲ ရရွိခဲ့ၿပီးေတာ့ ကပရ(ေနာင္႐ိုး) ေတာင္ဥကၠလာပၿမိဳ႕နယ္ ေက်ာင္းမွ ေမာင္တင္ေအာင္လင္းက စုစုေပါင္းရမွတ္ ၅၅၆ ရမွတ္နဲ႔ ရရွိသြားတယ္လို႔ သိရပါတယ္။
တစ္ႏိုင္ငံလုံး ရမွတ္အမ်ားဆုံး ၁၂ ေယာက္စာရင္းမွာ ရန္ကုန္တိုင္းက ငါးေယာက္ထိ ပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။
လက္ရွိ တကၠသိုလ္ဝင္တန္း စာေမးပြဲ ၂၀၂၂ ပညာသင္ႏွစ္မွာ စာေမးပြဲဝင္ေရာက္ေျဖဆိုသူ ၂ သိန္း ၈ ေသာင္းေက်ာ္ ရွိတဲ့အနက္ ေအာင္ျမင္သူ ၁ သိန္း ၃ ေသာင္းေက်ာ္ရွိၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္း ၄၆.၈၈ ရာခိုင္ႏႈန္းျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။




အဲ့ဒီ ၂၀၂၂ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ေက်ာင္းတက္ခ်ိန္နဲ႔ စာေမးပြဲအတြက္ ျပင္ဆင္ခ်ိန္မလုံေလာက္ဘဲ ေျဖဆိုခဲ့တဲ့ စာေမးပြဲျဖစ္တယ္လို႔ နစက ပညာေရးဝန္ႀကီးဌာနကို ေဝဖန္မႈေတြလည္းရွိေနပါတယ္။
Unicode
တက္ကသိုလ်ဝင်တန်း တစ်နိုင်ငံလုံး ပထမကို မန္တလေးက ရရှိပြီး ဒုတိယနဲ့ တတိယကို ရန်ကုန်ကရရှိ
ဒီနေ့ထုတ်ပြန်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ မြန်မာတစ်နိုင်ငံလုံး ပထမကို မန္တလေးတိုင်းက ရသွားခဲ့ပြီးတော့ ရန်ကုန်တိုင်းကတော့ ဒုတိယနဲ့ တတိယ အမှတ်အများအဆုံး ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။




၂၀၂၂ တက္ကသိုလ်ဝင်တန်းမှာ မြန်မာတစ်နိုင်ငံလုံး ပထမကို မန္တလေးမြို့ အထက (၁၆) မှ ဘာသာစုံဂုဏ်ထူးရှင် မအိမ့်မှူးခင်က စုစုပေါင်းရမှတ် (၅၅၈) မှတ်နဲ့ ရရှိသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး ဒုတိယဆုကိုတော့ ရန်ကုန်တိုင်း အထက (လေ့ကျင့်ရေး) ကမာရွတ် ကျောင်းက မောင်ဘုန်းမြတ်သူက ရမှတ် (၅၅၆) မှတ်နဲ့ ရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။




တတိယဆုကိုလည်း ရန်ကုန်တိုင်းကပဲ ရရှိခဲ့ပြီးတော့ ကပရ(နောင်ရိုး) တောင်ဥက္ကလာပမြို့နယ် ကျောင်းမှ မောင်တင်အောင်လင်းက စုစုပေါင်းရမှတ် ၅၅၆ ရမှတ်နဲ့ ရရှိသွားတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး ရမှတ်အများဆုံး ၁၂ ယောက်စာရင်းမှာ ရန်ကုန်တိုင်းက ငါးယောက်ထိ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၂၀၂၂ ပညာသင်နှစ်မှာ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၂ သိန်း ၈ သောင်းကျော် ရှိတဲ့အနက် အောင်မြင်သူ ၁ သိန်း ၃ သောင်းကျော်ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၄၆.၈၈ ရာခိုင်နှုန်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။




အဲ့ဒီ ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတက်ချိန်နဲ့ စာမေးပွဲအတွက် ပြင်ဆင်ချိန်မလုံလောက်ဘဲ ဖြေဆိုခဲ့တဲ့ စာမေးပွဲဖြစ်တယ်လို့ နစက ပညာရေးဝန်ကြီးဌာနကို ဝေဖန်မှုတွေလည်းရှိနေပါတယ်။
Crd