စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်မှု NUG ဘာပြောလဲ
ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိလာတဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ၂၀၂၁-၂၀၂၂ စာမေးပွဲအောင်စာရင်းဟာ တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေး ဝန်ကြီးဌာနက ဒီနေ့မှာပဲထုတ်ပြန်လာပါတယ်။ စစ်ကောင်စီက ပညာရေးကို အသုံးချပြီး အတန်းတင်ပေးတာတွေ၊ သင်ယူပြီးမြောက်ကြောင်းလက်မှတ်ထုတ်ပေးတာတွေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြောင်းထုတ်ပြန်တာတွေဟာ တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါထုတ်ပြန်ခဲ့ပြီးပြီဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

NUG အနေနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ဖက်ဒရယ်ယူနစ်စနစ်ကိုယ်စားပြုတဲ့ လူမျိုးဒေသအခြေပြုအဖွဲ့အစည်းတွေကောင်စီတွေရဲ့ပညာရေးအဖွဲ့အစည်းတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီတွေရဲ့ အသိအမှတ်ပြုမှုကိုသာ တရားဝင်အသိအမှတ်ပြုတယ်လို့ NUG က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကကျင်းပတဲ့ အခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဝင်ရောက်မဖြေဆိုတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေကို အလေးအမြတ် ဂုဏ်ပြုတယ်လို့ NUG က ထုတ်ပြန်ပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာတော့ အောင်ချက်ရာခိုင်နှုန်းဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ၄၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းလောက်ရှိပေမဲ့ ဒီနှစ်မှာတော့ သုံးသိန်းနီးပါးသာရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောထားပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှာပါဝင်ဖို့၊ နောက် စစ်ကောင်စီနဲ့ မပူးပေါင်းတာကို ပြသဖို့ ပြည်တွင်းမှာ အခြေခံပညာရော၊ အဆင့်မြင့်ပညာကဏ္ဍမှာပါ ကျောင်းမတက်သပိတ် လှုပ်ရှားမှု ပေါ် ပေါက်ခဲ့တာကြောင့် စစ်ကောင်စီဖွင့်တဲ့အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်သူဦးရေ နည်းပါးခဲ့တာဖြစ်ပါတယ်။

Crd