စစ်ကောင်စီသတင်းပေးကိုပစ်ခတ် ရှင်းလင်းတဲ့ အခါမှာ အခြားပြစ်မဲ့ ပြည်သူတစ်ဦးကို မတော်တဆ ထိခိုက်မှု ဖြစ်သွားတာ အနူးညွတ် တောင်းပန်ပါတယ်”

News

ရေးမြို့ ကျုံလောင်းရွာဟောင်းကျေးရွာနေ စစ်ကောင်စီသတင်းပေးကို ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး

ကိုရွှေမြိတ်

မွန်၊ဇွန်လ(၁၇)

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျုံလောင်းရွာဟောင်း ကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသူ အရှည်ကြီးကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အရှည်ကြီး ဆိုသူသည် စစ်ကောင်စီဖွဲ့ကို သတင်းပေးခြင်း၊ PDF ထောက်ပို့များကို လိုက်လံဖမ်းဆီးခြင်းနှင့် ရွာသားများကို အနိုင်ကျင့် စော်ကားပြုမူခြင်းတို့ကြောင့် ပစ်ခတ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူက“အရှည်ကြီးကို ကျွန်တော်တို့ အဖွဲ့က ပစ်ခတ် ရှင်းလင်းတဲ့ အခါမှာ အခြားပြစ်မဲ့ ပြည်သူတစ်ဦးကို မတော်တဆ ထိခိုက်မှု ဖြစ်သွားတာ အနူးညွတ် တောင်းပန်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ရေးဘီလူးအဖွဲ့ အနေနှင့် ပြည်သူများကို အထူးမေတ္တာရပ်ခံသည့် အနေဖြင့် နောက် Mission များ ပြုလုပ်သည့်အခါ စစ်ကောင်စီနှင့် နီးစပ်သူများ၊ သတင်းပေး ဒလန်များနှင့် ခရိုနီ လုပ်ငန်းရှင်များအနီးတွင် နီးနီး ကပ်ကပ် သွားလာနေထိုင်ခြင်း မပြုလုပ်ရန် အသိပေးပန်ကြားကြောင်း ရေးဘီလူးအဖွဲ့၏ တာဝန်ရှိသူက ပြောဆိုထားသည်။

Crd

Unicode

ေရးၿမိဳ႕ က်ဳံေလာင္းရြာေဟာင္းေက်းရြာေန စစ္ေကာင္စီသတင္းေပးကို ေရးဘီလူးအဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္၍ ေသဆုံး

ကိုေရႊၿမိတ္

မြန္၊ဇြန္လ(၁၇)

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ရွိ က်ဳံေလာင္းရြာေဟာင္း ေက်းရြာတြင္ ေနထိုင္သည့္ စစ္ေကာင္စီ သတင္းေပးဟု နာမည္ထြက္ေနသူ အရွည္ႀကီးကို ယေန႔ ဇြန္လ ၁၇ ရက္ေန႔ နံနက္ ၈ နာရီ ၁၀ မိနစ္ အခ်ိန္တြင္ ေရးဘီလူးအဖြဲ႕က ေသနတ္ျဖင့္ သြားေရာက္ ပစ္ခတ္ ရွင္းလင္းခဲ့ေၾကာင္း ယင္းအဖြဲ႕ထံမွ သိရ သည္။

အဆိုပါ ေသနတ္ျဖင့္ ပစ္ခတ္ခံရသည့္ အရွည္ႀကီး ဆိုသူသည္ စစ္ေကာင္စီဖြဲ႕ကို သတင္းေပးျခင္း၊ PDF ေထာက္ပို႔မ်ားကို လိုက္လံဖမ္းဆီးျခင္းႏွင့္ ရြာသားမ်ားကို အနိုင္က်င့္ ေစာ္ကားျပဳမူျခင္းတို႔ေၾကာင့္ ပစ္ခတ္ခဲ့သည္ဟု ေရးဘီလူးအဖြဲ႕က တာဝန္ရွိသူက ေျပာသည္။

ေရးဘီလူးအဖြဲ႕မွ တာဝန္ရွိသူက“အရွည္ႀကီးကို ကၽြန္ေတာ္တို႔ အဖြဲ႕က ပစ္ခတ္ ရွင္းလင္းတဲ့ အခါမွာ အျခားျပစ္မဲ့ ျပည္သူတစ္ဦးကို မေတာ္တဆ ထိခိုက္မႈ ျဖစ္သြားတာ အႏူးညြတ္ ေတာင္းပန္ပါတယ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ ေရးဘီလူးအဖြဲ႕ အေနႏွင့္ ျပည္သူမ်ားကို အထူးေမတၱာရပ္ခံသည့္ အေနျဖင့္ ေနာက္ Mission မ်ား ျပဳလုပ္သည့္အခါ စစ္ေကာင္စီႏွင့္ နီးစပ္သူမ်ား၊ သတင္းေပး ဒလန္မ်ားႏွင့္ ခရိုနီ လုပ္ငန္းရွင္မ်ားအနီးတြင္ နီးနီး ကပ္ကပ္ သြားလာေနထိုင္ျခင္း မျပဳလုပ္ရန္ အသိေပးပန္ၾကားေၾကာင္း ေရးဘီလူးအဖြဲ႕၏ တာဝန္ရွိသူက ေျပာဆိုထားသည္။

Crd

Leave a Reply

Your email address will not be published.