စစ္တပ္က်င္းပတဲ့ ေ႐ြးေကာက္ပြဲလို႔မသုံးဖို႔ သူရိယေနဝန္းသတင္းေထာက္ သဇင္ဦးက သတင္းစာရွင္းလင္းပြဲမွာေျပာ
လာမယ့္ ၂၀၂၃ ခုႏွစ္မွာက်င္းပမယ္လို႔ေျပာထားတဲ့ေ႐ြးေကာက္ပြဲကို စစ္တပ္ကက်င္းပတဲ့ ေ႐ြးေကာက္ပြဲလို႔မသုံးဖို႔ သူရိယေနဝန္းသတင္းေထာက္ သဇင္ဦးက ေျပာၾကားလိုက္ပါတယ္။




ဒီေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ နစက သတင္းစာရွင္းလင္းပြဲမွာ စစ္တပ္ကက်င္းပတဲ့ေ႐ြးေကာက္ပြဲဆိုၿပီး သုံးႏႈန္းသြားတဲ့ သတင္းေထာက္ရဲ႕ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး သဇင္ဦးက အခုလို ထည့္သြင္းေျပာၾကားသြားခဲ့တာပါ။
စစ္တပ္ကက်င္းပတဲ့ေ႐ြးေကာက္ပြဲလို႔မသုံးဘဲ အိမ္ေစာင့္အစိုးရက က်င္းပတဲ့ေ႐ြးေကာက္ပြဲ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲက်င္းပေရးေကာ္မရွင္က က်င္းပတဲ့ ေ႐ြးေကာက္ပြဲလို႔ သုံးႏႈန္းဖို႔ သဇင္ဦးက ေျပာပါတယ္။




ႏိုင္ငံေတာ္အဆင့္သတင္းစာရွင္းလင္းပြဲမွာ စစ္တပ္ဆိုၿပီး မသုံးဘဲ တပ္မေတာ္ဆိုၿပီး သုံးႏႈန္းဖို႔လည္း သူမက ေျပာပါေသးတယ္။
သူရိယေနဝန္းသတင္းဌာနဟာ နစက အာေဘာ္ေတြကိုေဖာ္ျပေနတာျဖစ္ၿပီး သူရိယေနဝန္းအယ္ဒီတာခ်ဳပ္ ဦးမိုးဟိန္းကလည္း သူ႔ရဲ႕အျမင္ေတြကို နစက အာေဘာ္႐ုပ္သံကေန ထုတ္လႊင့္ေနတာျဖစ္ပါတယ္။




ဒီေန႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာလည္း အၾကမ္းဖက္လုပ္ေနတဲ့ PDF ေတြကို ျပည္သူ႔ဘဝဝင္ေရာက္ေရး ဖိတ္ေခၚတဲ့ နစက ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔အဖြဲ႕ဝင္ေတြအားလုံးကို သူရိယေနဝန္းမီဒီယာကေန ေက်းဇူးတင္တယ္လို႔ သဇင္ဦးက ေျပာၾကားသြားပါေသးတယ္။
Credit
Unicode
စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲလို့မသုံးဖို့ သူရိယနေဝန်းသတင်းထောက် သဇင်ဦးက သတင်းစာရှင်းလင်းပွဲမှာပြော
လာမယ့် ၂၀၂၃ ခုနှစ်မှာကျင်းပမယ်လို့ပြောထားတဲ့ရွေးကောက်ပွဲကို စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲလို့မသုံးဖို့ သူရိယနေဝန်းသတင်းထောက် သဇင်ဦးက ပြောကြားလိုက်ပါတယ်။




ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ နစက သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲဆိုပြီး သုံးနှုန်းသွားတဲ့ သတင်းထောက်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သဇင်ဦးက အခုလို ထည့်သွင်းပြောကြားသွားခဲ့တာပါ။
စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲလို့မသုံးဘဲ အိမ်စောင့်အစိုးရက ကျင်းပတဲ့ရွေးကောက်ပွဲ၊ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲလို့ သုံးနှုန်းဖို့ သဇင်ဦးက ပြောပါတယ်။




နိုင်ငံတော်အဆင့်သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ဆိုပြီး မသုံးဘဲ တပ်မတော်ဆိုပြီး သုံးနှုန်းဖို့လည်း သူမက ပြောပါသေးတယ်။
သူရိယနေဝန်းသတင်းဌာနဟာ နစက အာဘော်တွေကိုဖော်ပြနေတာဖြစ်ပြီး သူရိယနေဝန်းအယ်ဒီတာချုပ် ဦးမိုးဟိန်းကလည်း သူ့ရဲ့အမြင်တွေကို နစက အာဘော်ရုပ်သံကနေ ထုတ်လွှင့်နေတာဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်း အကြမ်းဖက်လုပ်နေတဲ့ PDF တွေကို ပြည်သူ့ဘဝဝင်ရောက်ရေး ဖိတ်ခေါ်တဲ့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဝင်တွေအားလုံးကို သူရိယနေဝန်းမီဒီယာကနေ ကျေးဇူးတင်တယ်လို့ သဇင်ဦးက ပြောကြားသွားပါသေးတယ်။
Credit