ဖားအောက်တောရ ဆရာတော်ဘုရားကြီးနှင့် ထူးခြားအံ့ဖွယ်ခေတ်သစ် ကျောင်းအမကြီးဝိသာခါ

News

ထိုင်းနိုင်ငံ အန်ထောင် ဖားအောက်ရိပ်သာ၏ တစ်ဦးတည်းသော မတည်အလှူရှင် ကျောင်းအမကြီး Mrs Kingkarn Arakputanan မှာ

အဘိဓမ္မာ ၃ ဆင့်လုံး စာမေးပွဲအောင်မြင်ပြီး ဝိသုဒ္ဓိမဂ် ကိုလည်း ကျွမ်းကျင် သူဖြစ်သည့် အတွက်

၎င်း၏ သဒ္ဓါတရားကို ကြက်သီးထလောက် အောင်ပင် ကိုယ်တိုင်မြင်တွေ့ ခဲ့ရပါသည်။

ဧက ၂၀၀ လယ်ကွင်းပြင်ကျယ်ကြီးပေါ်၌ သိမ်၊ ဓမ္မာရုံ၊ ဆရာတော်စံကျောင်း၊ ဆွမ်းချက်ဆောင်၊ ဆွမ်းစား ဆောင်၊ သံဃာဆောင်၊

အမျိုးသမီးဆောင်၊ အမျိုးသား ဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း တို့ကို စနစ်တကျ ဆောက်လုပ်လှူဒါန်းသည့် အပြင်

နိုင်ငံရပ်ခြားမှ လာရောက် တရား အားထုတ်မည့် သံဃာတော်များအတွက် လေယာဉ်ခများ ကို ကျခံပေး ခြင်း၊

ထိုရဟန်းများ၏ မိဘများ လိုက်လာလိုက လေယာဉ်စရိတ် အပြင် နေထိုင်ရန် ရိပ်သာပြင်ပ ကပ်လျက် အိမ်ယာများ ဆောက်လုပ်ပေးမည့်

အစီအစဉ် စသည့် ပြောမကုန်သော အထူးအစီအစဉ် များပြားစွာ ဆောင်ရွက်ထားသည် ကိုတွေ့ခဲ့ရပါသည်။

လက်ရှိ ရဟန်း ယောဂီ ၁၀၀ ကျော်အမြဲရှိပြီး နေ့စဉ် ဆွမ်းကိစ္စ အဝဝ တာဝန်ယူထားသူ ဖြစ်ပါသည်။

အစားအစာအတွက် စိတ်မချရသော ယခုခေတ်ကြီးမှာ ရဟန်း ယောဂီများအတွက် ဘေးကင်းသော ဆွမ်းဟင်း များဖြစ်စေရန်

ကျောင်းအမကြီးက သူ့ဝန်ထမ်းများနှင့် organic သီးနှံ ဟင်းသီးဟင်းရွက်စိုက်ကွက်များ၊

စိုက်ပျိုးရေးလုပ်ငန်းများ ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ထားပါသည်။
သူမသည် ပြင်ဦးလွင် ဖားအောက်တောရ ၌ အမျိုးသမီးများ

တရားထိုင်ရန် ၂ထပ်ဓမ္မာရုံကြီးကို သိန်း ၃၀၀၀ ကျော် အကုန်အကျခံ၍ တစ်ဦးတည်း ဆောက်လုပ်လှူဒါန်းခဲ့သည့် အပြင်

ပြင်ဦးလွင်ဖားအောက် သိမ်တော်ကြီးအတွက် US $ တစ်သိန်း ကိုလည်း သဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့သည်။

ထိုမျှသာမက ပြင်ဦးလွင် ဖားအောက်တောရ နှင့် မော်လမြိုင်ဖားအောက် တောရ(ပင်မ) တို့တွင် ကျောင်းအလှူများ အပြင်

ဆွမ်းအလှူများကို ရက်, လ သတ်မှတ်၍ အာစိဏ္ဏကံ ကုသိုလ်ယူကာ လှူဒါန်းထားကြောင်း သိရှိရပါသည်။

အံ့ဖွယ် ထိုင်းကျောင်းအမကြီး၏ ကောင်းမှု အစုစုကို ဖတ်ရှုသူ အပေါင်း ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ခြင်းငှာ မျှဝေလိုက်ရပါသည်။

Credit : U Than Lwin, DrHtun Htunoo

unicode

Leave a Reply

Your email address will not be published.