မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် NUG အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်း

News

မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် NUG အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်း

အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်နှိမ်နင်းဖို့နဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် ကွန်မန်ဒိုအထူးတပ်ဖွဲ့တဖွဲ့ ဖွဲ့စည်းနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ က ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က “ရွာတွေကို မီးရှို့၊ လုယက်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျနော်တို့ တပ်ရင်းက ကွန်မန်ဒို အထူးတပ်ဖွဲ့တခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ စစ်စခန်းတွေ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ အထူးစစ်ဆင်ရေးတွေကို အဓိက ဖော်ဆောင်သွားဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ တပ်ရင်းအနေနဲ့ ပြန်ကြားရေးဌာနကတဆင့် မကြာခင်မှာပဲ အစီအစဉ်တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၂ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၂ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Crd

Unicode

မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် NUG အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်း

အၾကမ္းဖက္စစ္ေကာင္စီတပ္ကို အျမစ္ျဖတ္ႏွိမ္နင္းဖို႔နဲ႔ ၿမိဳ႕သိမ္းတိုက္ပြဲေတြ ဆင္ႏႊဲဖို႔အတြက္ ကြန္မန္ဒိုအထူးတပ္ဖြဲ႕တဖြဲ႕ ဖြဲ႕စည္းေနၿပီျဖစ္တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကာကြယ္ေရးဝန္ႀကီးဌာန၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ထုတ္ျပန္ထားပါတယ္။

NUG ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ တပ္မဟာ ၇၊ တပ္ရင္း ၇၀၃ က ဒု-တပ္ရင္းမႉး ဗိုလ္မႉးသန႔္ဇင္ေအာင္က “ရြာေတြကို မီးရွို႔၊ လုယက္ၿပီး အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္ေနတဲ့ စစ္ေကာင္စီကို အျမစ္ျပတ္ႏွိမ္နင္းဖို႔ က်ေနာ္တို႔ တပ္ရင္းက ကြန္မန္ဒို အထူးတပ္ဖြဲ႕တခု ဖြဲ႕စည္းသြားမွာပါ။ ဒီတပ္ဖြဲ႕က စစ္ေကာင္စီတပ္ရဲ့ စစ္စခန္းေတြ၊ ၿမိဳ႕သိမ္းတိုက္ပြဲေတြနဲ႔ အထူးစစ္ဆင္ေရးေတြကို အဓိက ေဖာ္ေဆာင္သြားဖို႔ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

လတ္တေလာမွာေတာ့ တပ္ရင္းအေနနဲ႔ ျပန္ၾကားေရးဌာနကတဆင့္ မၾကာခင္မွာပဲ အစီအစဥ္ေတြကို မိတ္ဆက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အာဏာသိမ္းစစ္အုပ္စုရဲ့ ျပည္သူလူထုအေပၚ အၾကမ္းဖက္ ဖိႏွိပ္ဖမ္းဆီး တိုက္ခိုက္သတ္ျဖတ္ေနမႈေတြကို ျပည္သူလူထုတရပ္လုံးက အသက္ရွင္သန္ေရးအတြက္ ခုခံကာကြယ္ပိုင္ခြင့္အရ ျပည္သူ႔ခုခံစစ္ကို ဆင္ႏႊဲေနၾကတာျဖစ္ၿပီး နိုင္ငံတဝန္းမွာေတာ့ ျမန္မာျပည္သူေတြဟာ စစ္အာဏာရွင္စနစ္ ျမန္မာ့ေျမေပၚမွ အၿပီးတိုင္ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ လူထုသပိတ္တိုက္ပြဲေတြ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြ အႏွံ့အျပား ျဖစ္ပြားေနပါတယ္။

လူထုသပိတ္တိုက္ပြဲေတြအေနနဲ႔ မေန႔က တရက္တည္းမွာ ကခ်င္ျပည္နယ္၊ မႏၲေလးတိုင္းနဲ႔ မေကြးတိုင္းတို႔မွာ ၁ ႀကိမ္စီ၊ တနသၤာရီတိုင္းမွာ ၂ ႀကိမ္၊ ရန္ကုန္တိုင္းမွာ ၃ ႀကိမ္၊ စစ္ကိုင္းတိုင္းမွာ ၁၂ ႀကိမ္နဲ႔ အမ်ားဆုံး ျဖစ္ပြားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြအႏွံ့ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြလည္း ျပင္းထန္ေနတာပါ။

NUG အစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ျပည္သူ႔ခုခံတြန္းလွန္စစ္ ၁ ႏွစ္တာ ကာလအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၁၅,၀၀၀ နီးပါး ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ အေယာက္ ၄,၈၀၀ ေက်ာ္ထိ ရွိခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ဇြန္ ၁ ရက္ကေန အခုႏွစ္ ေမ ၁၇ ရက္အထိ စုေဆာင္းရရွိထားတဲ့ အခ်က္အလက္ေတြအရ ေဖာ္ျပထားခဲ့တာျဖစ္ၿပီး ျမန္မာျပည္အႏွံ့ တိုက္ပြဲေတြမွာ တပ္ဖြဲ႕ဝင္ေတြ ေသဆုံးဒဏ္ရာရမႈ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာ မရွိပါဘူး။

Crd

Leave a Reply

Your email address will not be published.