လက်တုန့်ပြန်မယ်ဆိုတဲ့ စကားတွေကို ဒီအချိန်မှာမပြောစေချင်ဘူးလို့ တောင်းဆိုလိုက်တဲ့ ရန်ရန်ချမ်း

News

လက်တုန့်ပြန်မယ်ဆိုတဲ့ စကားတွေကို ဒီအချိန်မှာမပြောစေချင်ဘူးလို့ တောင်းဆိုလိုက်တဲ့ ရန်ရန်ချမ်း

ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော်ရန်ရန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ ဘေးကင်းတဲ့တစ်နေရာမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေတာကို တွေ့ရပါတယ်။

ရန်ရန်ချမ်း ဟာ ကြိုးပေးခံရတော့မယ့်သူတွေအတွက် အရေးတကြီးတောင်းဆိုလိုက်ပါတယ်။ ” ကျွန်တော် မောင်ကျော့်သူငယ်ချင်းတစ်ယောက်အနေနဲ့တော်လှန်ရေးအင်အားစုများကိုတစ်ခုတောင်းဆိုချင်ပါတယ် ခုသေဒဏ်အမိန့်ချမဲ့သူတွေအတွက် လက်တုန့်ပြန်မယ်တို့ဘာတို့ကိုဒီအချိန်မှာမပြောစေချင်ပါဘူး (အဲ့လိုရပ်တည်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်) ဒါပေမဲ့ဒီစကားတွေဟာ တစ်ဘက်ကိုမလုပ်လုပ်ဖြစ်အောင်စွပေးနေသလိုဖြစ်နေပါတယ် ။

ခုသေဒဏ်ပေးခံရမဲ့လူတွေမှာသက်ကြီးရွယ်အိုမိဘတွေကိုထားခဲ့ရမဲ့လူနဲ့အရွယ် မ ‌ေရာက်‌ေသးတဲ့ကလေးငယ်တွေကိုထားခဲ့ရမဲ့လူတွေဖြစ်ပါတယ် မလုပ်ခဲ့သည်ရှိသော်သူတို့မိသားစုအတွက်ဘယ်လောက်ကောင်းမလည်း “လို့ စိတ်မကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုတော် ရန်ရန်ချမ်း ကတော့ ကြိုးပေးခံရတော့မယ့် သူငယ်ချင်းဖြစ်သူအတွက် အရမ်းကိုစိတ်မကောင်းဖြစ်နေပါတယ်နော်။

Crd

Unicode

လက္တုန႔္ျပန္မယ္ဆိုတဲ့ စကားေတြကို ဒီအခ်ိန္မွာမေျပာေစခ်င္ဘူးလို႔ ေတာင္းဆိုလိုက္တဲ့ ရန္ရန္ခ်မ္း

ပရိသတ္ႀကီးေရ The Voice Myanmar မွာဒိုင္အျဖစ္ပါဝင္ခဲ့ၿပီးေတာ့ ဟစ္ေဟာ့ပ္ေလာကမွာ နာမည္ႀကီးလူသိမ်ားတဲ့ အဆိုေတာ္ရန္ရန္ခ်မ္းကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူပူးေပါင္းပါဝင္ခဲ့တဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။

ဒါေၾကာင့္ ရန္ရန္ခ်မ္း ကိုေတာ့ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ရန္ရန္ခ်မ္း ကေတာ့ ေဘးကင္းတဲ့တစ္ေနရာမွာ ေရာက္ရွိေနၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။

ရန္ရန္ခ်မ္း ဟာ ႀကိဳးေပးခံရေတာ့မယ့္သူေတြအတြက္ အေရးတႀကီးေတာင္းဆိုလိုက္ပါတယ္။ ” ကြၽန္ေတာ္ ေမာင္ေက်ာ့္သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ေတာ္လွန္ေရးအင္အားစုမ်ားကိုတစ္ခုေတာင္းဆိုခ်င္ပါတယ္ ခုေသဒဏ္အမိန႔္ခ်မဲ့သူေတြအတြက္ လက္တုန႔္ျပန္မယ္တို႔ဘာတို႔ကိုဒီအခ်ိန္မွာမေျပာေစခ်င္ပါဘူး (အဲ့လိုရပ္တည္ေပးၾကတဲ့အတြက္လည္းေက်းဇူးအထူးတင္ပါတယ္) ဒါေပမဲ့ဒီစကားေတြဟာ တစ္ဘက္ကိုမလုပ္လုပ္ျဖစ္ေအာင္စြေပးေနသလိုျဖစ္ေနပါတယ္ ။

ခုေသဒဏ္ေပးခံရမဲ့လူေတြမွာသက္ႀကီး႐ြယ္အိုမိဘေတြကိုထားခဲ့ရမဲ့လူနဲ႔အ႐ြယ္ မ ‌ေရာက္‌ေသးတဲ့ကေလးငယ္ေတြကိုထားခဲ့ရမဲ့လူေတြျဖစ္ပါတယ္ မလုပ္ခဲ့သည္ရွိေသာ္သူတို႔မိသားစုအတြက္ဘယ္ေလာက္ေကာင္းမလည္း “လို႔ စိတ္မေကာင္းစြာ ေရးသားထားတာကို ေတြ႕ရပါတယ္။

အဆိုေတာ္ ရန္ရန္ခ်မ္း ကေတာ့ ႀကိဳးေပးခံရေတာ့မယ့္ သူငယ္ခ်င္းျဖစ္သူအတြက္ အရမ္းကိုစိတ္မေကာင္းျဖစ္ေနပါတယ္ေနာ္။

Crd

Leave a Reply

Your email address will not be published.